တိုင်ပေ၊ အောက်တိုဘာ(၇) 

ထိုင်ဝမ်အစိုးရဟာ တရုတ်ရဲ့ Huawei ကုမ္ပဏီနဲ့ ဆက်စပ်မှုရှိတဲ့ ကုမ္ပဏီ ၄ ခုကို စတင်စစ်ဆေး မှုတွေ လုပ်ဆောင်နေပြီး နည်းပညာကဏ္ဍတွေမှာ ပိုမိုတင်းကျပ်တဲ့ ဥပဒေတွေကို ချမှတ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ 

ထိုင်ဝမ် စီးပွားရေးဝန်ကြီးဌာနဟာ တရုတ်နိုင်ငံရဲ့ ကုမ္ပဏီတွေဖြစ်တဲ့ အဲဒီလုပ်ငန်းစု ၄ ခုရဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေဟာ အစိုးရထံမှရရှိထားတဲ့ ကနဦးရင်းနှီးမြုပ်နှံမှုခွင့်ပြုချက်နဲ့ ကိုက်ညီမှုရှိမရှိ စစ်ဆေးနေတယ်လို့ ဝန်ကြီးဌာနတာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။ 

“တကယ်လို့ ခွင့်ပြုချက်နဲ့ ကိုက်ညီမှုမရှိဘူးဆိုရင် ထိုင်ဝမ်ငွေ ၂၅ မီလီယမ်ကို ဒဏ်ကြေးအဖြစ် ပေး ဆောင်ရမှာပါ”လို့ ထိုင်ဝမ်စီးပွားရေးဝန်ကြီးက ဆိုပါတယ်။ အဲဒီကုမ္ပဏီ ၄ ခုအနေနဲ့ ဘယ် စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့သလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ စီးပွားရေး ဝန်ကြီးက ပြောကြားခဲ့ခြင်းမရှိပါဘူး။ 

ဒီလုပ်ငန်းစု ၄ ခု ဟာ ချိပ်စ့်ထုတ်လုပ်ရေးအတွက် အခြေခံအဆောက်အအုံတွေလုပ်ဖို့ Huawei နဲ့ ချိတ်ဆက်နေတယ်လို့ Bloomberg သတင်းဌာနရဲ့ အစီရင်ခံမှုအရ သိရပါတယ်။ 

ထိုင်ဝမ်အစိုးရအနေနဲ့လည်း များမကြာခင် နိုင်ငံရဲ့နည်းပညာအပိုင်းတွေမှာ ပိုမိုတင်းကျပ်တဲ့ ဥပဒေတွေကို ချမှတ်သွားမှာဖြစ်သလို အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားထားခြင်းမရှိ ပါဘူး။ 

တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Hauwei ကလည်း ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်း အမေရိကန် ကုမ္ပဏီတွေထံမှ နည်းပညာတွေရယူခွင့်ကို ပိတ်ပင်ခံထားရပါတယ်။ 

စစ်ဆေးခံနေရတဲ့ ကုမ္ပဏီတွေကတော့ Topco Scientific၊ L&K Engineering၊ United Integrated Services နဲ့ Cica-Huntek Chemical Technology Taiwan ကုမ္ပဏီတွေဖြစ်ပြီး သူတို့ကတော့ ဘယ်လိုအမှားအယွင်းမှ လုပ်မထားဘူးလို့ ငြင်းဆိုထားတာပါ။ 

ချိပ်စ်ထုတ်လုပ်သူ TSMC အပါအဝင် ထိုင်ဝမ်နည်းပညာကုမ္ပဏီအများအပြားဟာ တရုတ်နိုင်ငံ မှာ လုပ်ငန်း လည်ပတ်လုပ်ကိုင်နေကြပြီး ထိုင်ဝမ်အစိုးရဟာ နိုင်ငံအတွင်းမှာ Chip ထုတ်လုပ် ခြင်း နည်းပညာကို ပိတ်ပင်ထားသလို ကုမ္ပဏီတွေရဲ့ နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအားလုံး ကို အနီးကပ် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ 

Ref – Reuters/rc

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.