ညောင်လေးပင်၊ အောက်တိုဘာ(၃)

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာနေ ဒေသခံအရပ်သားပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပုဇွန်မြောင်းကျေးရွာအတွင်း တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီအမှတ်(၂၀) ခြေမြန်တပ်ရင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ ကျေးရွာဒေသခံတွေဖြစ်တဲ့ အသက် ၄၀ အရွယ်တွေ ဖြစ်တဲ့ ဦးမင်းမင်း၊ ဦးကြီးနဲ့ အသက် ၃၂ အရွယ်ကိုဖြိုးဝေဦးတို့ကို အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီနောက် စက်တင်ဘာ ၃၀ ရက်နေ့မှာ ဖမ်းဆီးခံထားရတဲ့ ဦးမင်းမင်းနဲ့ဦးကြီးတို့နှစ်ဦးကို စစ်ကောင် စီတပ်ကနေ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါပေမဲ့ ဖမ်းဆီးခံထားရတဲ့ ကိုဖြိုးဝေဦးဟာ စစ်ကောင်စီတပ်ရဲ့ လက်ထဲနေ ထွက်ပြေးလွတ်မြောက်လာတယ်လို့ KNU က ထုတ်ပြန်ပြောဆိုပါတယ်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN)ရဲ့ ထုတ်ပြန်ချက်အရ KNU ညောင်လေးပင်ခရိုင်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဒေ သခံပြည်သူနှစ်သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေက ပိုမိုထိရောက်တဲ့ နည်းလမ်းတွေနဲ့ တိုးချဲ့ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ပေးကြဖို့ KNU က တောင်းဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.