မင်းတပ် – အောက်တိုဘာ(၃)

ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် CDF-Mindat ကို အဖွဲ့(၃) ဖွဲ့ပူးပေါင်းဝယ်ယူထားတဲ့ AK-47 သေနတ်အလက်(၄၀)၊ကျည်(၁၂၀၀၀)တောင့်နဲ့ ကျည်အိမ်(၁၂၀) တို့ကို ပေးအပ်ခဲ့တယ်လို့ International Mindat K’Cho Organization (IMCO)က သတင်းထုတ်ပြန်ထားပါတယ်။

International Mindat K’Cho Organization (IMCO)၊ Heal the worldနဲ့ CEA(Norway) အဖွဲ့ သုံးဖွဲ့က ပူးပေါင်းဝယ်ယူခဲ့ပြီးနောက် စက်တင်ဘာလ(၂၈) ရက်နေ့က လက်နက်တွေကို ပေးအပ်ခဲ့တာဖြစ်တယ်လို့ ဆိုထားတာပါ။

စစ်လက်နက်ပစ္စည်းတွေကို ဒေါက်တာအငြိမ်းဦးဆောင်တဲ့ Heal the world အဖွဲ့နဲ့ CEA(Norway) တို့က ဒေါ်လာ (၃၅၀၀) ပူးပါင်းအားဖြည့်ခဲ့ကြသလို ပရောဂျက်အတွက် လိုအပ်တဲ့ ရန်ပုံငွေအများစုကို IMCO အဖွဲ့ဝင်တွေဆီက ကောက်ခံထားတဲ့ လစဉ်ကြေးတွေနဲ့ ဖြည့်ဆည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

International Mindat K’Cho Organization (IMCO) အဖွဲ့ဟာ ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် အတွက် AK-47 သေနတ်အလက်(၅၀) ဝယ်ယူတပ်ဆင်ပေးမယ့် ပရောဂျက်ကို ၂၀၂၂ ခုနှစ် ဇွန်လမှာ စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ လက်နက်တွေတပ်ဆင်ပေးပြီးဖြစ်ပေမယ့် ထပ်မံ ကျန်ရှိနေသေးတဲ့ AK-47 သေနတ်(၁၀) လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို ထပ်မံပေးပို့နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်ဟာလည်း စစ်ကောင်စီတပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ ဒေသဖြစ်ပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေမကြာခဏ လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – IMCO

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.