တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကျောက်ရှပ်ရွာအနီးရှိ ဒေသကာကွယ် ရေးတပ်ဖွဲ့တစ်ခုရဲ့ ယာယီစခန်း စီးနင်းတိုက်ခိုက်ခံလိုက်ရတယ်လို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ နေ့လည်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ နွေဦးဓမ္မတပ်ဖွဲ့ ဝင်ရောက်နားခိုးနေတဲ့ ယာယီစခန်းတစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။

စီးနင်းတိုက်ခိုက်ခံရတာကြောင့် နွေဦးဓမ္မတပ်ဖွဲ့ဘက်က ဗိုလ်လင်းယုန်နဲ့ ရဲဘော်မီးပွားတို့ ၂ ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီစီးနင်းမှုအတွင်း PDF တပ်ဖွဲ့ဝင်တွေရဲ့ သေနတ် ၃ လက်၊ ကျည်ဆံတွေအပါအဝင် ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းခံလိုက်ရတယ်လို့ သိရပါတယ်။ဒီဖြစ်စဉ်ဟာ ဒလန်သတင်းပေးမှုကြောင့် စီးနင်းခံလိုက်ရပေမယ့် PDF ရဲဘော် ၅ ဦးအနက် ၃ ဦး ပြန် လည်လွတ်မြောက်လာတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နွေဦးဓမ္မ Spring Dhamma PDF တပ်ဖွဲ့ တာဝန်ရှိသူတွေထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးပါဘူး။ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း ရေဖြူမြို့နယ် ဝဇွမ်းတောကျေးရွာအနီးရှိ ရေဖြူ ပကဖ စခန်းငယ်တစ်ခု စီးနင်းခံရပြီး လက်နက်ခဲယမ်း၊ ရိက္ခာတွေနဲ့အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းခံလိုက်ရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.