ဘန်ကောက်၊ အောက်တိုဘာ(၄) 

အရှေ့တောင်အာရှမှာ ဒုတိယအကြီးဆုံးစီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ ထိုင်းနိုင်ငံဟာ တရုတ် ခရီးသွားတွေအတွက် ဗီဇာကင်းလွတ်ခွင့် သတ်မှတ်ပေးလိုက်ပြီးတဲ့နောက်မှာ Thai Airways နိုင်ငံတကာလေကြောင်းလိုင်း အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော် ဘိုကင်ပြည့် လျှက်ရှိတယ်လို့ သိရပါတယ်။ 

Thai Airway လေကြောင်းလိုင်းရဲ့ အရာရှိချုပ်ဖြစ်တဲ့ ကိုရာကွတ် ချာတာဆင်ဂါက “တရုတ်ကို ပြေးဆွဲတဲ့ လမ်းကြောင်းတွေ များလာနေတာကို ကျွန်တော်တို့ သိသိသာသာ တွေ့နေရပါတယ်” လို့ Bloomberg သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

ထိုင်းနိုင်ငံဟာ မူဝါဒအပြောင်းအလဲနဲ့အတူ တရုတ်ဧည်သည့်တွေထံမှ ဝင်ငွေရရှိဖို့ မျှော်မှန်းထား သလို ခရီးသွားကဏ္ဍ မြှင့်တင်ဖို့ အပြည်ပြည်ဆိုင်ရာလေဆိပ် အခြေခံအဆောက်အအုံတွေ တိုးမြှင့်တည်ဆောက်သွားဖို့ စီစဉ်ထားတာပါ။ 

လက်ရှိမှာလည်း ခရီးသွားဧည့်သည်တွေနဲ့ စည်ကားတဲ့ ဘန်ကောက်လေဆိပ်မှာ Terminal အသစ်ကို ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။ 

ကိုဗစ်ပြီးနောက်ပိုင်းမှာ Thai Airway လေကြောင်းလိုင်းဟာ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး တရုတ်နိုင်ငံရှိ မြို့ ၅ မြို့ကို တစ်ပတ်လျှင် ၄၉ ကြိမ်မှ ၅၆ ကြိမ်အထိပျံသန်းပြေးဆွဲဖို့ အစီအစဉ် ရေးဆွဲလျှက်ရှိပါတယ်။ 

တရုတ်နိုင်ငံသားဧည့်သည်တွေဟာ စက်တင်ဘာ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီ ၂၉ ရက်နေ့အထိ ထိုင်းနိုင်ငံ အတွင်း ဗီဇာကင်းလွတ်ခွင့်နဲ့ ဝင်ရောက်နိုင်မှာဖြစ်တာကြောင့် ခရီးသွားကဏ္ဍပြန် လည်မြင့်တက်လာတာလည်းဖြစ်ပါတယ်။ 

Thai Airway စီးပွားရေးအရာရှိချုပ်ရဲ့ ပြောကြားချက်အရ ကပ်ဘေးမတိုင်ခင် ထိုင်းနိုင်ငံကို လာရောက်တဲ့ တရုတ်ဧည့်သည် အရေအတွက်ဟာ ၅၀ ရာခိုင်နှုန်းသာရှိတယ်လို့ သိရပါတယ်။ 

မစ္စတာ ကိုရာကွတ်က ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားခရီးသည်အများအပြား ရေရှည်ဝင်ရောက်လာမှာကို ယုံကြည်မှုရှိပေမယ့် Thai Airway ရဲ့ တရုတ်ပြည်သို့ ပျံသန်းပြေးဆွဲမှုကို Covid-19 မတိုင်ခင် အဆင့်သို့ ထပ်မံတိုးမြှင့်ခြင်းရှိမရှိကို ချိန်ဆနေတယ်လို့ လည်း ပြောကြားထားပါတယ်။ 

“တရုတ်ခရီးသွားအရေအတွက်တွေ ဒီထက် များလားမယ်ဆိုရင် ၂၀၁၉ မှာ ပြေးဆွဲခဲ့တဲ့ အခြေအနေအတိုင်း ပြန်သွားနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်” လို့ Thai Airway လေကြောင်းလိုင်းရဲ့ အရာရှိချုပ် ဖြစ်တဲ့ ကိုရာကွတ် ချာတာဆင်ဂါက ပြောကြားခဲ့ပါတယ်။ 

Ref:BLOOMBERG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.