October 3, 2023

ဗီဇာကင်းလွတ်ခွင့်ပေးလိုက်ပြီးနောက် တရုတ်-ထိုင်း လေကြောင်းလိုင်းအားလုံး ဘိုကင်ပြည့်

ဘန်ကောက်၊ အောက်တိုဘာ(၄) အရှေ့တောင်အာရှမှာ ဒုတိယအကြီးဆုံးစီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ ထိုင်းနိုင်ငံဟာ တရုတ် ခရီးသွားတွေအတွက် ဗီဇာကင်းလွတ်ခွင့် သတ်မှတ်ပေးလိုက်ပြီးတဲ့နောက်မှာ Thai Airways နိုင်ငံတကာလေကြောင်းလိုင်း အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော် ဘိုကင်ပြည့် လျှက်ရှိတယ်လို့ သိရပါတယ်။ Thai Airway လေကြောင်းလိုင်းရဲ့ အရာရှိချုပ်ဖြစ်တဲ့ ကိုရာကွတ် ချာတာဆင်ဂါက “တရုတ်ကို ပြေးဆွဲတဲ့ လမ်းကြောင်းတွေ များလာနေတာကို ကျွန်တော်တို့…

အမေရိကန် သန်းကြွယ်သူဌေး အီလွန်မက်စ်ကို ယူကရိန်းပါလီမန် ကဲ့ရဲ့ရှုတ်ချ

ကိဗ်ယက်၊ အောက်တိုဘာ (၄) အနောက်နိုင်ငံတွေထံကနေ စစ်ပွဲအတွင်း အကူအညီပေးဖို့ သမ္မတဇီလန်စကီးရဲ့ အသနားခံမှုကို လှောင်ပြောင်တဲ့ သရော်ပုံစံမင်းမ်စ် (meme)တစ်ခု သူရဲ့လူမှုမီဒီယာပလက်ဖောင်းပေါ်မှာ တင်ခဲ့တာကြောင့် ယူကရိန်းပါလီမန်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့က အမေရိကန်သန်းကြွယ်သူဌေး အီလွန်မက်စ်ကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ မက်စ်ဟာ ယူကရိန်းခုခံကာကွယ်ရေးအတွက် အရေးပါတဲ့ Starlink ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပံ့ပိုးပေးနေတဲ့ SpaceX ကို ပိုင်ဆိုင်ပေမယ့်လည်း သူ့ရဲ့ပြောဆိုချက်တွေဟာ ယူကရိန်ကို တစ်ခါတစ်ရံ…

ဘင်္ဂလားဒေ့ရှ်မှာ သွေးလွန်တုပ်ကွေးကြောင့် လူပေါင်း ၁၀၀၀ အထိ သေဆုံးထား

ဒါကာ၊ အောက်တိုဘာ(၄) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုဆိုးရွားဖြစ်ပွားနေပြီး သေဆုံးလူဦးရေ တစ်ထောင်အထိ မြင့်တက်လာတယ်လို့ အာဏာပိုင်တွေရဲ့ ထုတ်ပြန်တဲ့အချက်လက်တွေအရ သိရပါတယ်။ ရောဂါကူးစက်မှုကြောင့် လူဦးရေသိပ်သည်းတဲ့ နိုင်ငံအတွင်းရှိ ဆေးရုံဆေးခန်းတွေဟာ လူနာတွေအတွက် ကုတင်နေရာရရှိရေး ရုန်းကန်နေရတာပါ။ အခုနှစ်အတွင်း သွေးလွန်တုပ်ကွေးကူးစက်ခံရသူ ၂၀၉,၀၀၀ မှာ အနည်းဆုံး ၁,၀၁၇ ဦးသေဆုံး ထားပြီး ဒီသေဆုံးပမာဏဟာ ၂၀၀၀ ခုနှစ်က ပထမဆုံးစံချိန်တင်ကပ်ရောဂါဖြစ်ပွားပြီးနောက်…

CDF-Mindat ကို AK-47 သေနတ် အလက်(၄၀)နဲ့ ဆက်စပ်ပစ္စည်းတွေထောက်ပံ့

မင်းတပ် – အောက်တိုဘာ(၃) ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် CDF-Mindat ကို အဖွဲ့(၃) ဖွဲ့ပူးပေါင်းဝယ်ယူထားတဲ့ AK-47 သေနတ်အလက်(၄၀)၊ကျည်(၁၂၀၀၀)တောင့်နဲ့ ကျည်အိမ်(၁၂၀) တို့ကို ပေးအပ်ခဲ့တယ်လို့ International Mindat K’Cho Organization (IMCO)က သတင်းထုတ်ပြန်ထားပါတယ်။ International Mindat K’Cho Organization (IMCO)၊ Heal the worldနဲ့ CEA(Norway) အဖွဲ့ သုံးဖွဲ့က…

KNU နယ်မြေက အရပ်သား ၂ ဦးကို စစ်တပ်ဖမ်းဆီးသတ်ဖြတ်

ညောင်လေးပင်၊ အောက်တိုဘာ(၃) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာနေ ဒေသခံအရပ်သားပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပုဇွန်မြောင်းကျေးရွာအတွင်း တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီအမှတ်(၂၀) ခြေမြန်တပ်ရင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ ကျေးရွာဒေသခံတွေဖြစ်တဲ့ အသက် ၄၀ အရွယ်တွေ ဖြစ်တဲ့…

စစ်အာဏာသိမ်း (၉၇၄) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၃၇) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ(၃) AAPP ရဲ့ အောက်တိုဘာ(၂)နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၇၄)ရက်အတွင်း ပြည်သူ (၄၁၃၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၁၉၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၅၈၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…

ရေဖြူမြို့နယ်က PDF ယာယီစခန်းတစ်ခု စီးနင်းခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကျောက်ရှပ်ရွာအနီးရှိ ဒေသကာကွယ် ရေးတပ်ဖွဲ့တစ်ခုရဲ့ ယာယီစခန်း စီးနင်းတိုက်ခိုက်ခံလိုက်ရတယ်လို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ နေ့လည်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ နွေဦးဓမ္မတပ်ဖွဲ့ ဝင်ရောက်နားခိုးနေတဲ့ ယာယီစခန်းတစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။ စီးနင်းတိုက်ခိုက်ခံရတာကြောင့် နွေဦးဓမ္မတပ်ဖွဲ့ဘက်က ဗိုလ်လင်းယုန်နဲ့…

စစ်ကောင်စီလက်ထက် စားအုန်းဆီပြတ်လပ်မှု ပိုမိုဆိုးရွားလာ

နေပြည်တော်၊ အောက်တိုဘာ(၃) နိုင်ငံတဝန်းမှာ အာဏာသိမ်း နှစ်နှစ်ခွဲကျော်ကာလအတွင်း စားအုန်းဆီပြတ်လပ်မှုနဲ့ တန်းစီဝယ်ယူရမှု အခြေအနေ ပိုမိုဆိုးရွားလာတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP – Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ISP – Myanmar က ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ကောက်ယူထားတဲ့ စစ်တမ်းအရ မြို့နယ်ပေါင်း ၁၁၀ မှာ ၅၆ မြို့နယ်ဟာ…