TLT Tv||- သံလွင်တိုင်းမ်ရဲ့ International Weekly Review အစီအစဉ်
https://youtu.be/4RyHe2zXFoM
https://youtu.be/4RyHe2zXFoM
မြဝတီ၊ အောက်တိုဘာ(၁) ထိုင်းနိုင်ငံမှာ အခုနှစ်ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လအတွင်း အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ထိုင်းအလုပ်သမားဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ အခုနှစ်စက်တင်ဘာ ၂၅ ရက်အထိ ထိုင်းနိုင်ငံထဲက လုပ်ငန်းခွင်ပေါင်း ၅၃,၀၀၀ ကျော် ကျပန်းစနစ်နဲ့ ဝင်ရောက်စစ်ဆေးခဲ့တာပါ။ အဲဒီလို…
“လောလောဆယ်ကတော့ NCA အကောင်အထည်ဖော်မှုတွေကတော့ ကျွန်တော်တို့မလုပ်နိုင်ဘူး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းဆိုရင် ကျွန်တော်တို့ NCA လမ်းကြောင်းမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေလည်း ရပ်တန့်သွားတယ်” နိုင်ငံအနှံ့နီးပါး စစ်မျက်နှာဖွင့်ပြီး ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်မယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို အကြီးအကျယ်ကျင်းပဖို့ စီစဉ်နေပါတယ်။ အခမ်းအနားကျင်းပနိုင်ဖို့ စစ်ကောင်စီ ငြိမ်းချမ်း…
ရေး၊ အောက်တိုဘာ(၁) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် စစ်ကောင်စီ အမှတ်(၅၉၁) ခြေမြန်တပ်ရင်း ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ တောင်ပိုင်းတိုင်း၊ အမှတ် ၃ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူးရုံးက ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်က တပ်ပြင်ထွက်လာတဲ့ စစ်ကောင်စီဒုတပ်ရင်းမှူးနဲ့အတူ စစ်သား၂ ဦး…
မော်လမြိုင်၊ အောက်တိုဘာ(၁) မြန်မာနိုင်ငံဆန်းစပါးအသင်းချုပ်က ဆန်ဈေးနှုန်းကျဆင်းစေဖို့အတွက်ဆိုပြီး အရန်ဆန်တွေကို ထုတ်ရောင်းနေပေမယ့် ဆန်ဈေးကွက်အတွင်းမှာတော့ ဆန်ဈေးနှုန်းအမြင့်ဈေးပဲ ဆက်ရှိနေတယ်လို့ ဆန်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဆန်ဈေးနှုန်းကျဆင်းစေဖို့နဲ့ ဆန်ဈေးနှုန်းတည်ငြိမ်စေဖို့အတွက်ဆိုကာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့မှစပြီး ဆန်တွေကို သက်သာတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချပေးနေပေမယ့် ဆန်ဈေးနှုန်းတွေ ကျဆင်းလာခြင်း မရှိသေးပါဘူး။ ဆန်ဈေးနှုန်းဟာ ပြီးခဲ့တဲ့သြဂုတ်ပထမအပတ်က ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ် ၁၃၀,၀၀၀…
နေပြည်တော်၊ အောက်တိုဘာ(၁) အာဏသိမ်းစစ်ကောင်စီက အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်မယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ရဲ့ ၈ နှစ် မြောက် နှစ်ပတ်လည်အခမ်းအနားမှာ EAO အဖွဲ့တွေ တက်ရောက်ဖို့ ထုတ်ပြောလာပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဲဒီအခမ်းအနားကို နိုင်ငံရေးအနှစ်သာရှိစွာ လုပ်ဆောင်ဖို့ လိုအပ်တဲ့အပြင် တိုင်းရင်းသားခေါင်းဆောင်တွေကိုလည်း လက်လှမ်းမီသလောက် အကုန်ဖိတ်ကြားသွားမယ် လို့…
ပေါင်၊ အောက်တိုဘာ(၁) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေသခံအမျိုးသမီး ၃ ဦးဟာ ထောင်ဒဏ်တစ်သက်အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ အကြမ်းဖက်ပုဒ်မတွေနဲ့ ထပ်မံအမှုဖွင့်ခံလိုက်ရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲကိုကိုလွင် သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ ဥတ္တံတားကျေးရွာအတွင်း ဝင်ရောက်လာပြီး ဒေသခံ ၁၀ ဦးထက်မနည်း…