September 2023

ရေဖြူ PDF စခန်းတစ်ခု စီးနင်းခံရ

ရေဖြူ၊ စက်တင်ဘာ(၂၈) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဝဇွမ်းတောကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF စခန်းတစ်ခု စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ စီးနင်းခံလိုက်ရတယ်လို့ PDF နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့မနက် ၁၀ နာရီအချိန်လောက်မှာ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဝဇွမ်းတောကျေးရွာအနီးရှိ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ရဲ့ ဇင်ယော်စခန်းကို ဝင်ရောက်စီးနင်းခဲ့တာပါ။…

မြန်မာ့အကျပ်အတည်း ဒေသန္တရပြဿနာအဆင့်သို့ မကူးဆက်နိုင်ရေး ကူညီပေးဖို့ NLD တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ(၂၈) မြန်မာ့အကျပ်အတည်းကနေ ဒေသန္တရပြဿနာအဆင့်သို့ မကူးဆက်နိုင်စေဖို့အတွက် မိတ်ဆွေနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အားဖြည့်ကူညီပေးကြဖို့ NLD ပါတီက တောင်းဆိုလိုက်ပါတယ်။ စက်တင်ဘာ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ၃၅ နှစ်ပြည့် NLD ပါတီတည်ထောင်ခြင်းနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ NLD ပါတီရဲ့ ထုတ်ပြန်ချက်မှာတော့ ဖမ်းဆီးခံပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး…

စစ်အာဏာသိမ်း (၉၆၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၂၄) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ(၂၈) AAPP ရဲ့ စက်တင်ဘာ(၂၇)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၆၉)ရက်အတွင်း ပြည်သူ (၄၁၂၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၄၈၅၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၅၇၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…

ပြည်တွင်းရွှေဈေး အကျဘက်ကို ဆက်လက်ဦးတည်နေ

မော်လမြိုင်၊ စက်တင်ဘာ(၂၈) တစ်ကျပ်သားကို ကျပ် ၃၈ သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်ခဲ့တဲ့ ပြည်တွင်း မီးလင်းအခေါက်ရွှေဈေးဟာ စက်တင်ဘာ နောက်ဆုံးအပတ်ကစပြီး တဖြည်းဖြည်း ပြန်လည်ကျဆင်းလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်တွင်းရွှေဈေးဟာ စစ်ကောင်စီရဲ့ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်ထုတ်ဝေမှု ဂယက်ကြောင့် တစ်ကျပ်သားကို ကျပ် ၃၈ သိန်းကျော်အထိ စံချိန်တင်ဈေးနှုန်းမြင့်တက်ခဲ့ရာကနေ လက်ရှိမှာတော့ ကျပ် ၃၃ သိန်းကျော်အထိ ဈေးနှုန်းပြန်လည်ကျဆင်းလာတာပါ။…

မှတ်ပုံမတင်တဲ့ Sim Card ရောင်းရင် ထောင်ချအရေးယူမယ်လို့ စစ်ကောင်စီသတိပေး

နေပြည်တော်၊ စက်တင်ဘာ(၂၈) မှတ်ပုံတင်ထားခြင်းမရှိတဲ့ Sim Card တွေကို ရောင်းချတာနဲ့ လွှဲပြောင်းရာမှာ ပြန်လည်မှတ်ပုံတင်တာမရှိရင် မိုဘိုင်းအော်ပရေတာတွေနဲ့ အရောင်းကိုယ်စားလှယ်တွေကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူသွားမယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာ အရောင်းဆိုင်တွေ၊အဲဒီအော်ပရေတာတွေနဲ့ တရားဝင်ချုပ်ဆိုထားတဲ့ အရောင်းကိုယ်စားလှယ်တွေနဲ့ အရောင်းဆိုင်တွေဟာ သုံးစွဲသူမှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ မှတ်ပုံတင်ပြီးမှ Sim Card…

စစ်ကောင်စီ စာသင်ကျောင်းရာချီ KNU အုပ်ချုပ်မှုအောက်ရောက်ရှိ

ကော့ကရိတ်၊ စက်တင်ဘာ(၂၈) စစ်တပ်အာဏာသိမ်းတဲ့နောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေရှိ စစ်ကောင်စီ စာသင်ကျောင်းပေါင်း ၃၇၀ ကျော်ဟာ KNU ပညာရေးဌာနရဲ့ အုပ်ချုပ်စီမံမှုအောက်မှာ ရောက်ရှိနေပြီလို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ KPSN က”အာဏာဟန်ချက် အပြောင်းအလဲ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် စစ်အုပ်စုထိန်းချုပ်မှု ကျဉ်းမြောင်းလာခြင်း” ဆိုတဲ့အစီရင်ခံစာကို စက်တင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။…

သထုံမြို့ပေါ်မှာ အုပ်စုဖွဲ့ ခိုးဆိုးလုယက်သူတွေများလာလို့ ဒေသခံတွေစိုးရိမ်နေရ

သထုံ၊ စက်တင်ဘာ(၂၈) မွန်ပြည်နယ် သထုံမြို့ပေါ်ရပ်ကွက်တွေနဲ့ အများပြည်သူသွားလာနေတဲ့ နေရာတွေမှာ အခုနောက်ပိုင်းကာလတွေအတွင်း အုပ်စုဖွဲ့ခိုးဆိုးလုယက်ပြီး အသက်အန္တရာယ်ပါ ရန်ရှာလာတာကြောင့် စိုးရိမ်မှုတွေ မြင့်တက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောဆိုပါတယ်။ အုပ်စုဖွဲ့လုယက်သူတွေဟာ ညဘက်လူခြေတိတ်ချိန်တွေသာမက မနက်ပိုင်းနဲ့နေ့လည်ပိုင်းတွေမှာပါ ပေါ်တင် လုယက်တာတွေရှိလာပြီး ပစ္စည်းပိုင်ရှင်တွေရဲ့ အသက်အန္တရာယ်ပါ ရန်ရှာလာတဲ့ ဖြစ်စဉ်တွေအထိ ရှိလာခဲ့တာဖြစ်ပါတယ်။ “အခုတလော တော်တော်ဆိုးလာတယ်၊ ပြီးခဲ့တဲ့ရက်ပိုင်းကဆို အသိတစ်ယောက်ဈေးမှာ ဈေးဝယ်နေတာ…

အီရတ်မှာ မင်္ဂလာဆောင်ပွဲအတွင်း မီးလောင်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံးပြီး ၁၅၀ ဒဏ်ရာရ

နီနာဗါ၊ စက်တင်ဘာ(၂၈) အီရတ်နိုင်ငံ နီနာဗါပြည်နယ်ရှိ ဟမ်ဒါနီယာခရိုင်မှာ မင်္ဂလာဆောင်ပါတီတစ်ခုအတွင်း မီးလောင် ကျွမ်းမှုဖြစ်ပွား ခဲ့သဖြင့် လူပေါင်း (၁၀၀)ကျော် သေဆုံးပြီး (၁၅၀)ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ (၂၇) ရက်နေ့ မနက်အစောပိုင်းမှာ အသက်ရှင်ကျန်ရစ်သူတွေကို အရပ်ဘက် ကာကွယ်ရေးမှ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြည်နယ်လက်ထောက်အုပ်ချုပ်ရေးမှူးက လူ ၁၁၃ ဦး သေဆုံးကြောင်း ရိုက်တာသတင်းဌာနသို့…

အမေရိကန်ထောက်လှမ်းရေးစနစ် အကောင်အထည်ဖော်ဖို့ တရုတ်ဟွာဝေးကုမ္ပဏီနဲ့ တာလီဘန်တို့ ဆွေးနွေး

ကာဘူးလ်၊ စက်တင်ဘာ (၂၈) တာလီဘန်တွေဟာ အာဖဂန်နစ္စတန်ရဲ့ မြို့အတော်များများမှာ အမေရိကန်တပ်တွေ ပြန်မဆုတ်မီ အသုံးပြုဖို့ စီမံရေးဆွဲထားတဲ့ အကြီးစားစောင့်ကြည့်ရေး ကင်မရာကွန်ရက်စနစ်ကို ဖန်တီးဖို့ ကြိုးစားလာပါတယ်။ ဒီဆောင်ရွက်မှုဟာ အမေရိကန်တပ်တွေ အာဖဂန်က ၂၀၂၁ တပ်ပြန်မရုတ်ခင်အထိ အမေရိကန်ဘက်မှ လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ ထောက်လှမ်းရေးအစီအစဉ်လည်း ဖြစ်ပါတယ်။ အာဏာပိုင်တွေအနေနဲ့ အခုချိန်မှာ မြို့တော်ကာဘူးလ်တဝိုက် ကင်မရာအလုံးရေ ထောင်နဲ့ချီတပ်ဆင်ဖို့ နည်းလမ်းရှာဖွေနေကြောင်းလည်း…