September 2023

ကန်ပက်လက်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့အလံ စတင်လွှင့်ထူ

ကန်ပက်လက် – စက်တင်ဘာ(၂၈) စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်တော့တဲ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အဝင်မှာ တော်လှန်ရေးတပ်ဖွဲ့အလံနဲ့ ချင်းပြည်နယ်အလံ လွှင့်ထူလိုက်ပြီလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Kanpetlet က ထုတ်ပြန်ပါတယ်။ ဒီနေ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ ကန်ပက်လက်မြို့အဝင် ”လောက်နူးမြေကန်ပက်လက်မြို့မှ လှိုက်လှဲစွာကြိုဆိုပါ၏”ဆိုင်းဘုတ်နေရာမှာ ချင်းပြည်နယ်အလံနဲ့ CDF-Kanpetlet အလံကို လွှင့်ထူခဲ့တာ ဖြစ်ပါတယ်။ CDF-Kanpetlet တပ်ဖွဲ့ဝင်ဟာ အလံမလွှင့်ထူမီ…

သမ္မတရှီကျင့်ဖျင် အဆိုပြုထားတဲ့ ကမ္ဘာလုံးဆိုင်ရာ စက္ကူဖြူစာတမ်း တရုတ် ထုတ်ပြန်

ဘေဂျင်း၊ စက်တင်ဘာ(၂၉) တရုတ်သမ္မတ ရှီကျင့်ဖျင် ၂၀၁၃ ခုနှစ်ကတည်းက အကြံပြုခဲ့တဲ့ ကောင်းမွန်တဲ့ကမ္ဘာဖြစ်ဖို့ အသေးစိတ်အစီအစဉ်တစ်ရပ်ကို တရုတ်အစိုးရအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ အနာဂတ်မျှဝေရေး အစီအစဉ် စက္ကူဖြူစာတမ်းအဖြစ် အင်္ဂါနေ့မှာ အတည်ပြုလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက တရုတ်ဟာ ကမ္ဘာအတွက် ကောင်းမွန်တဲ့လမ်းကြောင်း တစ်ခု ပြသထားပြီးဖြစ်သလို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် အားကောင်းတဲ့ သဘောတူညီချက်ကို ချမှတ်ထား ပြီဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုမှာ…

ထိုင်ဝမ်ရဲ့ ပထမဆုံးပြည်တွင်းဖြစ် ရေငုပ်သင်္ဘောကို ထုတ်ဖော်ပြသ

ထိုင်ဝမ်၊ စက်တင်ဘာ (၂၉) ထိုင်ဝမ်ဟာ ကျွန်းကာကွယ်ရေးနဲ့ ဟန့်တားနှောင့်ယှက်မှုတွေကို ခုခံနိုင်မှုအားကောင်းစေမယ့် အဓိကခြေ လှမ်းတစ်ရပ်အဖြစ် ပထမဆုံးပြည်တွင်းမှာထုတ်လုပ်တဲ့ ရေငုပ်သင်္ဘောကို စက်တင်ဘာလ (၂၈) ရက်နေ့မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ တရုတ်က သူရဲ့ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာဆိုထားတဲ့ ထိုင်ဝမ်ကို အချုပ်အခြာအာဏာ ပြန်လည် အခိုင်အမာရရှိရေးအတွက် နေ့စဉ်နီးပါး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့တာပါ။ ဒီလိုအခြေအနေမှာ ထိုင်ဝမ်ကလည်း သူ့ရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကို ခေတ်မီတိုးတက်စေဖို့နဲ့ ရည်မှန်း…

အိန္ဒိယ မဏိပူရ်ပြည်နယ်မှာ အင်တာနက်အသုံးပြုခွင့် ပြန်ပိတ်

ဂူအာဟာတီ၊ စက်တင်ဘာလ (၂၉) လပေါင်းများစွာကြာမြင့်တဲ့ ပဋိပက္ခအတွင်းမှာ ကျောင်းသားနှစ်ဦး သတ်ဖြတ်ခံရတဲ့ ဓါတ်ပုံတွေ အင်တာနက် ပေါ်ပျံ့နှံ့လာပြီးနောက် ပြင်းထန်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် အိန္ဒိယအစိုး ရက မဏိပူရ်ပြည်နယ်မှာ အင်တာ သုံးစွဲခွင့် ပြန်လည် ကန့်သတ်လိုက်ပါတယ်။ ဟိန္ဒိမေဒီ လူအများစုနဲ့ ခရစ်ယာန်ကူကီလူမျိုးစုအကြား မေလကတည်းက ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ စတင်ချိန်ကတည်း အိန္ဒိယနိုင်ငံအရှေ့မြောက် ပြည်နယ်အတွင်း…

ကျိုက်မရောမှာ လက်နက်ကြီးကျလို့ အရပ်သား ၆ ဦး ဒဏ်ရာရ

ကျိုက်မရော၊ စက်တင်ဘာ(၂၈) မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကနာလိုကျေးရွာထဲမှာ တိုက်ပွဲမရှိဘဲလက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် ကလေးတစ်ဦးအပါအဝင် အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်လူမျိုးတွေ အများဆုံးနေထိုင်တဲ့ ကနာလိုကျေးရွာထဲကို စက်တင်ဘာ ၂၇ ရက်နေ့ ညနေ ၁၀ နာရီအချိန်ခန့်က လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။…

ကော့ကရိတ်လဝကရုံး မီးရှို့ဖျက်ဆီးခံရ

ကော့ကရိတ်၊ စက်တင်ဘာ(၂၈) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ်(၇) ရပ်ကွက်မှာရှိတဲ့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လဝက) ရုံးဟာ စက်တင်ဘာ ၂၇ ရက်နေ့ ညပိုင်းမှာ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဝန်ထမ်းတွေ မရှိတော့တဲ့အတွက် အဲဒီလဝကရုံးကို မနေ့ ည ၁၁ နာရီအချိန်ခန့်မှာ လူတစ်စုက ဓါတ်ဆီလောင်းပြီး မီးရှို့ဖျက်ဆီးသွားတာ ဖြစ်ပါတယ်။ မီးရှို့ဖျက်ဆီးခံရတာကြောင့် ရုံအဆောက်အဦးတစ်ခုလုံးနီးပါး…

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို စစ်တပ်လက်နက်ကြီးနဲ့ပစ်ခတ် ကလေး (၁၈) ဦးဒဏ်ရာရ

ဝန်းသို – စက်တင်ဘာ(၂၈) စစ်ကိုင်းတိုင်း၊ဝန်းသိုမြို့နယ် ဂျိုးထောင်ရွာ ဘူတာစုရပ်မှာရှိတဲ့ ခန္တီဝံသာရာမကျောင်းတိုက်ကို စစ်ကောင်စီ ခ.မ.ရ-၁၀၂ က ဟောင်ဝစ်ဇာ(Howitzer) လက်နက် ကြီးနဲ့ ပစ်ခတ်ခဲ့ပြီးသုံးလုံးကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် ကလေး(၁၈) ဦးဒဏ်ရာရရှိခဲ့ပြီး (၆) ဦးစိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ NUG ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၇) ရက်နေ့ နေ့လည်ပိုင်းက ပစ်ခတ်ခဲ့တာဖြစ်ပြီး…

နဂါးနီးစစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူးလည်းဖြစ်တဲ့ CDM ဒုဗိုလ်ဟိန်းထက်ဇော်(ခ)ကိုဟိန်း နဲ့ ဆက်သွယ်မေးမြန်းချက်

“တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့်မို့လို မိုးတွင်းမို့လို့ ၊ ဆောင်းတွင်းမို့လို့ နားလို့မရဘူး။ ဒရုန်းမစ်ရှင်အဖွဲ့ တွေနဲ့ ပေါင်းပြီး မိုးတွင်းလည်း ကျွန်တော်တို့ စစ်ဆင်ရေးမနားပါဘူး။ ပွဲကတော့ သိပ်မကြာဘူး အမြဲကနေတာပဲ” အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊တောင်ပိုင်းတိုင်းစစ်ဒေသရဲ့ နဂါးနီစစ်ကြောင်းဟာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အဓိက စစ်ရေးလှုပ်ရှားတာ ဖြစ်ပါတယ်။ နဂါးနီစစ်ကြောင်းဟာ အာဏာသိမ်းကာလအတွင်း ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA နဲ့…