September 2023

မြန်မာစစ်တပ်ကို အိန္ဒိယရဲ့ လက်နက်ရောင်းချမှု မဆွေးနွေးခဲ့လို့ ဗြိတိန်ဝန်ကြီးချုပ် မေးခွန်းထုတ်ခံရ

လန်ဒန်၊ စက်တင်ဘာ (၃၀) ဗြိတိန်ဝန်ကြီးချုပ်ရီရှီဆွန်နက်ဟာ အခုလအစောပိုင်းက G20 ထိပ်သီးအစည်းအဝေးအတွင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ဆုံစဉ် မြန်မာစစ်တပ်ကို အိန္ဒိယရဲ့ လက်နက်ရောင်းချမှုနဲ့ပတ်သက် ပြီး ဆွေးနွေးခဲ့ခြင်းမရှိပါဘူးလို့ ဗြိတိန်ပါလီမန်က မေးခွန်းထုတ်မှုကို ပြန်လည်ဖြေကြားခဲ့ပါ တယ်။ အိန္ဒိယနိုင်ငံဟာ မြန်မာစစ်တပ်ကို လက်နက်နဲ့ဆက်စပ်ပစ္စည်းကိရိယာတွေ ရောင်းချပေးနေတဲ့ အရေးပါတဲ့ နိုင်ငံအ နည်းစုထဲမှ တစ်ခုဖြစ်ပြီး ရုရှား၊ တရုတ်နဲ့ စင်ကာပူတို့လည်း…

စစ်ကောင်စီ ဆေးဗိုလ်ကြီးတစ်ဦးကို PDF တပ်ဖွဲ့ဖမ်းဆီးရမိ

မုံရွာ – စက်တင်ဘာ(၂၉) စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာရှိတဲ့ နေအိမ်ကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်(န.မ.ခ) အမှတ်-၂ တပ်မတော်ဆေးရုံက ဗိုလ်ကြီး အောင်ဖြိုးသိန်း ပြန်ရောက်လာချိန်မှာ BlackFalcon Guerrilla Forcesတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ NUG ကသတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၄) ရက်နေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားတာပါ။ လက်ရှိအချိန်မှာတော့ သူ့ကို မုံရွာ(ပ.က.ဖ)…

မြဝတီထွေအုပ်ရုံးကိုဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ Federal Wingsကို NUG သိန်း(၁၀၀) ချီးမြှင့်

မော်လမြိုင် – စက်တင်ဘာ(၂၉) ကရင်ပြည်နယ်၊ မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒရုန်းလက်ရုံးတပ်(၁၈၀၁) Federal Wings ကို NUG က မြန်မာကျပ်ငွေသိန်း(၁၀၀) ချီးမြှင့်ခဲ့ တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။ စစ်ဆင်ရေး အောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဒရုန်းလက်ရုံးတပ်(၁၈၀၁)-Federal Wings ကို NUG ကဆုချီးမြှင့်ခဲ့တာပါ။ ဆုချီးမြှင့်ပွဲအခမ်းအနားကို…

ဆေးကုသသူတွေဆီက ဝင်ငွေခွန်မကောက်ဖို့ စစ်ကောင်စီသတိပေး

ရန်ကုန်၊ စက်တင်ဘာ(၂၉) ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေက ငွေထုတ်ပေးတဲ့ တာဝန်ရှိသူတွေအနေနဲ့ ဆေးကုသမှုခံယူနေသူတွေဆီက ဝင်ငွေခွန် ၂ ရာခိုင်နှုန်းမကောက်ဖို့ စစ်ကောင်စီ ပြည်တွင်းအခွန်းများ ဦးစီးဌာနက စက်တင်ဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ သတိပေးထုတ်ပြန်ပါတယ်။ တချို့သော ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတွေမှ ငွေထုတ်ပေးတဲ့ တာဝန်ရှိသူတွေဟာ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့သူတွေဆီက ဝင်ငွေခွန် ၂ ရာခိုင်နှုန်းနုတ်ရမယ့်အစား ဆေးကုသသူတွေဆီက ဝင်ငွေခွန် ၂…

စစ်အာဏာသိမ်း (၉၇၀) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၂၆) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ(၂၉) AAPP ရဲ့ စက်တင်ဘာ(၂၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၇၀)ရက်အတွင်း ပြည်သူ (၄၁၂၆)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၄၈၅၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၅၇၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…

တနင်္သာရီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး အရာခံဗိုလ်အပါအဝင် ၂ ဦးသေဆုံး

တနင်္သာရီ၊ စက်တင်ဘာ(၂၉) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီအရာခံဗိုလ်တစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း တပ်စွဲနေထိုင်နေတဲ့ အဲဒီစစ်ဆေးရေးဂိတ်ကို စက်တင်ဘာ ၂၈ ရက်နေ့ မနက် ည ၅ နာရီအချိန်လောက်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အနီးကပ် သွားရောက်တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ်…

နိုင်ငံအနှံ့နီးပါး စစ်ရေးရင်ဆိုင်နေရတဲ့ စစ်ကောင်စီက NCA နှစ်ပတ်လည် အခမ်းအနားကျင်းပဖို့ စီစဉ်နေ

နေပြည်တော်၊ စက်တင်ဘာ(၂၉) စစ်တပ်အာဏာသိမ်းမှုအလွန် တော်လှန်ရေးအင်အားစုတွေကို နိုင်ငံအနှံ့နီးပါး စစ်မျက်နှာဖွင့်ပြီး ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) နှစ်ပတ်လည် အခမ်းအနားကျင်းပဖို့ စီစဉ်နေပါတယ်။ လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်မယ့် ၈ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို လက်တွေ့ကျကျ၊ အဓိပ္ပာယ်ရှိရှိ အလေးအနက်ထား စီစဉ်ကျင်းပသွားမယ်လို့ စစ်ကောင်စီရဲ့ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီး…

မွန်ပြည်နယ်မှာ မျက်စိနာရောဂါအဖြစ်များနေ

မော်လမြိုင်၊ စက်တင်ဘာ(၂၉) မွန်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ရာသီဥတု အကူးအပြောင်းကြောင့် ကလေးငယ်တွေအပါအဝင် လူကြီးတွေမှာပါ မျက်စိနာရောဂါ အဖြစ်များနေတယ်လို့ ဆရာဝန်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မျက်စိနာရောဂါဟာ ဗိုင်းရပ်စ်အမျိုးအစား ရောဂါပိုးတစ်မျိုးကြောင့်ဖြစ်ပြီး လေမှတဆင့်ရောဂါကူးစက်မှုဖြစ်ပွားတာကြောင့် ကူးစက်မှုနှုန်းမြန်ကာ ဒေသတွင်းမှာ အဖြစ်များလာတာ ဖြစ်ပါတယ်။ ဆရာဝန်တစ်ဦးကတော့ မျက်စိနာရောဂါဟာ စိုးရိမ်စရာမရှိပေမယ့် ရောဂါဖြစ်ပွားစဉ်အတွင်း ဖုန်းကြည့်တာ၊ အလင်းစူးစူးထိတာနဲ့ လေအရမ်းထိတာတွေ ရှောင်သင့်တယ်လို့ အကြုံပြုပါတယ်။ “ဒီရက်ပိုင်းက…