September 2023

စစ်ကောင်စီ ဆိတ်ဖူးတောင်စခန်းစီးနင်းတိုက်ခိုက်ခံရ

တောင်ငူ – စက်တင်ဘာ(၁၁) ပဲခူးတိုင်း၊တောင်ငူမြို့နယ်မှာ စစ်ကောင်စီတပ် အထိုင်ချထားတဲ့ ဆိပ်ဖူးတောင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ အတွက် (၁၅) ဦးသေဆုံးခဲ့တယ်လို့ ပဲခူး- PDF က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၉) ရက်နေ့ မနက်အစောပိုင်းက တောင်ငူမြို့အမြန်လမ်း(၁၆၂)မိုင်မှာ စစ်ကောင်စီအင်အား(၂၀) နဲ့ အထိုင်ချတပ်စွဲထားတဲ့ ဆိိတ်ဖူးတောင်စခန်းကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့-PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲမှာ…

ပြည်သူ့ကာကွယ်ရေးအဖွဲ့တချို့ရဲ့လုပ်ဆောင်ချက်တွေဟာ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတယ်လို့ NUG ဝန်ကြီးပြော

မော်လမြိုင် – စက်တင်ဘာ(၁၁) ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ တချို့သော လုပ်ဆောင်ချက်တွေမှာ တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေတဲ့ အနေအထားတွေ ရှိနေတာကို တွေ့ရတယ်လို့ NUG တရားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၉) ရက်နေ့မနက်ပိုင်းက ကျင်းပခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနဲ့ မြို့နယ်တရားရုံးတွေက တရားသူကြီးများ တွေ့ဆုံဆွေးနွေးမှု အစည်း အဝေး(၁၂/၂၀၂၃) မှာ အခုလိုပြောခဲ့တာပါ။…

ပုလောမှာ လက်နက်ကြီးကျလို့ ဒေသခံ ၁ ဦး သေဆုံး၊ ၄ ဦးဒဏ်ရာရ

ပုလော၊ စက်တင်ဘာ(၁၀) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာထဲကို စစ်ကောင်စီ ရေတပ်ကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။ စက်တင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ပုလောချောင်းဝမှာ ရပ်နားထားတဲ့ စစ်ကောင်စီရေတပ်သင်္ဘောကနေ လက္ကူး၊ မြဒေါင်နဲ့ပြင်ဖြူကျေးရွာတွေထဲကို တိုက်ပွဲ မရှိဘဲ လက်နက်ကြီး…

ပညာရေးအပေါ် စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှု တိုးပွားလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ပြော

ညောင်လေးပင်၊ စက်တင်ဘာ(၁၀) မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတွေမှာ ပညာရေးအပေါ် စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာနေတာကို မြင်တွေ့နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ထုတ်ပြန်ပြောဆိုပါတယ်။ စက်တင်ဘာ ၉ ရက်နေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ ပညာရေးကို အကြမ်းဖက်တိုက်ခိုက်ခြင်းမှ ကာကွယ်ရေးနေ့”အပေါ် ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်ရေးနည်းဗျူဟာတစ်ခုအနေနဲ့ စာသင်ကျောင်းတွေအပေါ် ပစ်မှတ်ထားတိုက် ခိုက်တဲ့လုပ်ရပ်တွေကို…

လူဦးရေနှစ်သန်းနီးပါး မရေရာတဲ့အခြေအနေတွေနဲ့ နေရပ်စွန့်ခွာစစ်ရှောင်နေရ

စစ်ကိုင်း၊ စက်တင်ဘာ(၁၀) အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းရှိ လူဦးရေ ၁ ဒသမ ၉ သန်းကျော်ဟာ မရေရာတဲ့ အခြေအနေတွေနဲ့ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA က စက်တင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ UNOCHA ရဲ့ ထုတ်ပြန်ချက်အရ ဖြစ်ပွားဆဲပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် အိုးအိမ်စွန်ခွာထွက်ပြေးရသူ၊အရပ်သားသေဆုံးမှုနဲ့ အရပ်သားပိုင်ပစ္စည်းပျက်စီးဆုံးရှုံးမှုတွေဆက်တိုက်ဖြစ်ပေါ်နေပြီး နိုင်ငံရဲ့ရှိရင်းစွဲ…

နိုင်ငံတောင်ပိုင်းဒေသမှာ စစ်ရေးပိုမိုပြင်းထန်လာနိုင်

ထားဝယ်၊ စက်တင်ဘာ(၁၀) မကြာခင် ရောက်ရှိတော့မယ့် ပွင့်လင်းရာသီမှာ နိုင်ငံတောင်ပိုင်းဒေသအတွင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် စစ်ဆင်ရေးတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံမြေပုံရဲ့ တောင်ပိုင်းဖြစ်တဲ့ မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ဟာ စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကျော်ကာလအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ နယ်မြေတစ်ခု ဖြစ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးရာမှာ…

ဖာပွန်မှာ လေယာဉ်နဲ့ဗုံးကြဲခံရလို့ ကျောင်းသားတွေအပါအဝင် ၄ ဦး သေဆုံး၊ ၆ ဒဏ်ရာရ

ဖာပွန်၊ စက်တင်ဘာ(၁၀) ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နားကိုခီးကျေးရွာအုပ်စု၊ ထီးဂေါ်ထာရွာထဲကို စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသူ၊ ကျောင်းသားတွေအပါအဝင် ၄ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့က KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ လူသောမြို့နယ်ထဲမှာရှိတဲ့…

ဝေါမြို့နယ် စစ်ကောင်စီပျူစောထီးရုံး တိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံး

ဝေါ – စက်တင်ဘာ(၉) ပဲခူးတိုင်း၊ဝေါမြို့နယ်မှာရှိတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်ရုံးကို KNLA/PDF မဟာမိတ်တပ်ဖွဲ့ ဝင်တွေက ဒရုန်းနဲ့ ဗုံးသီးချပြီး မြေပြင်ကပါဝင်ရောက် ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က (၂)ဦးသေဆုံးပြီး (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MOD က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ စက်တင်ဘာလ(၉) ရက်နေ့ မနက်ပိုင်းက ဝေါမြို့နယ် လက်ပံကျေးရွာမှာရှိတဲ့ စစ်ကောင်စီ၊ ပျူစောထီး အခြေပြုနေထိုင်တဲ့ရုံးကို KNLA…

(KPSN) ပြောခွင့်ရ စောလေးကပေါ် နဲ့ ဆက်သွယ်မေးမြန်းချက်

“မြန်မာပြည်မှာက စစ်ရေးကပိုမိုကြီးထွားလာတဲ့အတွက်ကြောင့် စစ်ဘေးရှောင်တွေ အရေအတွက်ကလည်း နေ့စဉ်နဲ့အမျှ ကြီးထွားလာပါတယ်” ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူအပေါ် ပစ်မှတ် ထားပြီး ကျေးရွာနဲ့ လယ်ယာလုပ်ငန်းခွင်တွေထဲကို လက်နက်ကြီးပစ်ခတ်တာ၊ လေယာဉ်ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းပစ်ချ တိုက်ခိုက်တာတွေ နေ့စဉ်ဆိုသလို လုပ်ဆောင်နေလျက်ရှိပြီး လူ့အခွင့်အရေးချိုးဖောက်တွေ ဆက် တိုက်ကျူးလွန်နေတာပါ။ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ နှစ်ဖက်စစ်ရေး အခြေအနေ၊ စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့…