မော်လမြိုင် – စက်တင်ဘာ(၂၉)

ကရင်ပြည်နယ်၊ မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒရုန်းလက်ရုံးတပ်(၁၈၀၁) Federal Wings ကို NUG က မြန်မာကျပ်ငွေသိန်း(၁၀၀) ချီးမြှင့်ခဲ့ တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။

စစ်ဆင်ရေး အောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဒရုန်းလက်ရုံးတပ်(၁၈၀၁)-Federal Wings ကို NUG ကဆုချီးမြှင့်ခဲ့တာပါ။

ဆုချီးမြှင့်ပွဲအခမ်းအနားကို NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွတ်၊ တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး(၂) ရဲဘော်စောရှားနဲ့ ဒရုန်းလက်ရုံးတပ်(၁၈၀၁)Federal Wings တာဝန်ရှိသူတွေတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၃) ရက်နေ့ ညပိုင်းက မြဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ လုံခြုံရေး အစည်းအဝေးပြုလုပ်နေချိန် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် (၇) ဦးသေဆုံးပြီး (၁၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ယာဉ်ထိန်းရဲတပ်ဖွဲ့ဒုရဲမှူး နေလင်းစိုး တို့သေဆုံးခဲ့ကြတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Federal Wings

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.