FILE PHOTO: Jose Ramos-Horta, President of Timor-Leste, speaks during the Sustainable Development Goals (SDG) Summit at United Nations headquarters in New York City, New York, U.S., September 18, 2023. REUTERS/Caitlin Ochs/File Photo

ဆစ်ဒနီ၊ စက်တင်ဘာ(၂၉) 

အရှေ့တီမောနိုင်ငံဟာ တရုတ်အစိုးရနဲ့ သံတမန်ရေးသဘောတူညီချက်တွေကိုတိုးမြှင့်မှုတွေ လုပ်ဆောင်ထား ပေမယ့် စစ်ရေးအရပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးမှာမဟုတ်ဘူးလို့ တီမောသမ္မတ ဂျို့စ်ရိုမက်စ်ဟော်တာ က ပြောကြားခဲ့ပါတယ်။ 

သူတို့အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေးကဏ္ဍတွေကို ပူပင်စရာတွေဖြစ်အောင် လုပ်မှာ မဟုတ်တာ ကြောင့် သြစတြေးလျနဲ့ အင်ဒိုနီးရှားတို့ဟာ စိတ်အေးလက်သာ နေလို့ရတယ်လို့ လည်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

စိုက်ပျိုးရေးကဏ္ဍနဲ့ အခြေခံအဆောက်အဦးကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မယ့် ပြီး ပြည့်စုံတဲ့ မူဘောင် တစ်ရပ်ကို အရှေ့တီမောဝန်ကြီးချုပ်နဲ့ တရုတ်သမ္မတတို့အကြားသဘော တူညီခဲ့ကြတယ်လို့ နိုဘယ်ဆုရှင်ဖြစ် တဲ့ အရှေ့တီမောသမ္မတက ရိုက်တာသတင်းဌာနနဲ့ ဖုန်းအင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ 

ဒီလိုသဘောတူညီချက်ထဲမှာ အစိုးရအတွက်ရော၊ စီးပွားရေးအတွက်ရော အကျုံးဝင်တဲ့ ချေးငွေရန်ပုံငွေကိစ္စ တွေ လည်း ပါဝင်မှာဖြစ်တတယ်လို့ သူက ပြောပါသေးတယ်။ 

“အခုတော့ ကျွန်တို့ဟာ တရုတ်အစိုးရဆီကနေ တစ်ဦးချင်း ချေးငွေယူဖို့ မရှိသေးပါဘူး။ အနာဂတ်မှာတော့ တရုတ်အစိုးရကို တောင်းဆိုကောင်းတောင်းဆိုမှာပါ။ အတိုး နှုန်းမြင့်မားပြီး ကျွန်တော်တို့ မစီမံနိုင်တဲ့ ရေရှည် မပေးတဲ့ချေးငွေ တစုံတရာကိုတော့ လက်ခံသွားဖို့ မရှိပါဘူး” လို့ အရှေ့တီမောသမ္မတဂျို့စ်ရိုမက်စ်ဟော် တာ ကပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် “စစ်ရေးအရပူးပေါင်းဆောင်ရွက်ဖို့ ဘယ်တော့မှ ဆွေးနွေးမှာ မဟုတ်သလို တရုတ် ဘက်ကလည်း ဒီကိစ္စကို ထုတ်ပြောတာမရှိပါဘူး” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။ 

တီမောလက်စတေလို့ခေါ်လို့ အရှေ့တီမောနိုင်ငံဟာ မြင့်တက်နေတဲ့ ဆင်းရဲမွဲတေမှုနှုန်းကို လျှော့ချဖို့ အရှေ့ တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ထဲကို ၂၀၂၅ ခုနှစ်မှာဝင်ရောက်ဖို့ ရည်မှန်းထားပါတယ်။ 

“ကျွန်တောတို့ဟာ အာဆီယံကြားနေရေး ဒါမှမဟုတ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးမူဝါဒကို အန္တရာယ်ဖြစ်စေတယ် လို့ တခြားအဖွဲ့ဝင်တွေက ရှုမြင်တဲ့ ပြည်ပရေးရာတွေကို တီမောလက်စ်တီထဲကို ဘယ်တော့မှ ယူဆောင်လာမှာ မဟုတ်ပါဘူး။ တီမောလက်စတေဟာ လုံခြုံရေးအရ အနှောက်အယှက်ဖြစ်စရာ၊ ခြိမ်းခြောက်စရာဖြစ်စေတဲ့ အရာတွေကို လုပ်ဆောင်သွားဖို့ မရှိတာကြောင့် အင်ဒိုနီးရှား၊ သြစတြေးလျ၊ မလေးရှားနဲ့စင်ကာပူစတဲ့ ကျွန်တော်တို့နဲ့ ထိစပ်နေတဲ့ နိုင်ငံတွေက စိတ်အေးလက်သာနေလို့ ရပါတယ်” လို့လည်း သမ္မတက ပြောကြား ခဲ့တာပါ။ 

အရှေ့တီမောဟာ သြစတြေးလျနိုင်ငံနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ထားပြီး ကန်ဘာရာ အစိုး ရဟာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ အကြံပေးပုဂ္ဂိုလ်တွေ၊ ကင်းလှည့်လှေတွေထောက် ပံ့ပေးထားပါတယ်။ 

ဒီလိုလုံခြုံရေးဆိုင်ရာကိစ္စတွေဟာ သြစတြေးလျနိုင်ငံနှင့်သာ သက်ဆိုင်တာပါလို့လည်း သမ္မတကထပ်လောင်း ပြောပါသေးတယ်။ 

ဒါ့အပြင်တရုတ်ထံမှ အစိုးရအဆောက်အဦးတွေ၊ စိုက်ပျိုးရေး ကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍ အတွက်သာ အဓိက အကူအညီရယူတာဖြစ်တယ်လို့ လည်းသိရပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.