ဂူအာဟာတီ၊ စက်တင်ဘာလ (၂၉) 

လပေါင်းများစွာကြာမြင့်တဲ့ ပဋိပက္ခအတွင်းမှာ ကျောင်းသားနှစ်ဦး သတ်ဖြတ်ခံရတဲ့ ဓါတ်ပုံတွေ အင်တာနက် ပေါ်ပျံ့နှံ့လာပြီးနောက် ပြင်းထန်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် အိန္ဒိယအစိုး ရက မဏိပူရ်ပြည်နယ်မှာ အင်တာ သုံးစွဲခွင့် ပြန်လည် ကန့်သတ်လိုက်ပါတယ်။ 

ဟိန္ဒိမေဒီ လူအများစုနဲ့ ခရစ်ယာန်ကူကီလူမျိုးစုအကြား မေလကတည်းက ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ စတင်ချိန်ကတည်း အိန္ဒိယနိုင်ငံအရှေ့မြောက် ပြည်နယ်အတွင်း လူပေါင်း ၁၅၀ ကျော် သတ်ဖြတ်ခံခဲ့ရတာပါ။ 

ဝေးလံခေါင်ဖျားတဲ့ ပြည်နယ်အတွင်းမှာ လူမျိုးစုအကြား အငြင်းပွားမှုတွေလည်း ဖြစ်ပေါ်နေသလို ပြိုင်ဘက် ပြည် သူ့စစ်အဖွဲ့တွေကလည်း ပိတ်ဆို့တားဆီးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ 

၅ လနီးပါး အင်တာနက်အသုံးပြုမှုပိတ်ပင်ချက်ကို လွန်ခဲ့တဲ့ ရက်သီတင်းအပတ်အတွင်းက ပြန်လည်ဖယ်ရှားပေးခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ပြည်နယ်မြို့တော်အတွင်းမှာ အကြမ်းဖက်ဆန္ဒပြမှုတွေဖြစ်ပေါ်လာပြီး လူ ဒါဇင်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် အင်တာနက်ပိတ်ဆို့မှုကို စက်တင်ဘာ ၂၇ ရက်နေ့မှာ ပြန်လည် သတ်မှတ်ခဲ့ပါတယ်။ 

လူနှစ်ဦး သေဆုံးခဲ့တဲ့ ဓါတ်ပုံတွေ အင်တာနက်ပေါ်ပျံ့နှံ့လာပြီး နောက်ဆက်တွဲအနေနဲ့ ကျောင်း သားထု ချီတက်ဆန္ဒပြမှုတွေဖြစ်ပေါ်လာပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခဲ့တာပါ။ 

ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ သေဆုံးသူနှစ်ဦးဟာ ဇူလိုင်လကတည်းက ပျောက်ဆုံးနေခဲ့တဲ့ မေဒီမျိူးနွယ်စုမှ အသက် ၁၇ နှစ် အရွယ် အမျိုးသမီးငယ်တစ်ဦးနဲ့ အသက် ၂၀အရွယ် အမျိုးသားတစ်ဦး ဖြစ်ကြတယ်လို့ သိရပါတယ်။ 

အစိုးရထုတ်ပြန်ထားတဲ့စာထဲမှာတော့ သတင်းအချက်အလက်အမှားတွေ၊ မှားယွင်းတဲ့ ကောလာဟလတွေ၊ လူမှုကွန် ရက်ကနေလာတဲ့ အကြမ်းဖက်လှုပ်ရှားမှု ပုံစံမျိုးစုံကို မပျံ့နှံ့စေဖို့ အင်တာနက် ဖြတ်တောက်မှုကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပါရှိပါတယ်။ 

မဏိပူရ်ပြည်နယ်အကြီးအကဲ မစ္စတာဘီးရန်ဆင်းက သေဆုံးသူ၂ဦးရဲ့ ကိစ္စရပ်နဲ့ပတ်သက်ပြီး အရာရှိတွေ စုံစမ်းစစ်ဆေးနေပြီလို့ ပြောကြားခဲ့ပါတယ်။ 

ဝန်ကြီးချုပ် မိုဒီကတော့ သူ့ရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ ဘာရာတီရာ ဂျနတာပါတီ ဦးဆောင်တဲ့ မဏိပူရ်ပြည်နယ် အစိုးရကို ပြည်နယ်အတွင်း အကြမ်းဖက်မှုအဆုံးသတ်အောင် စီမံမှုနိုင်ခြင်းမရှိတာကြောင့် ဝေဖန်ခဲ့တယ်လို့ သိရပါတယ်။ 

မဏိပူရ်အာဏာပိုင်တွေဟာ ကွဲပြားတဲ့ မူဝါဒတွေနဲ့ ဟိန္ဒူအာဏာ ရှင်စနစ်ကို ရှေ့တန်းတင်ကာ ပဋိပက္ခကိုလည်း အဲဒီနည်းလမ်းအတိုင်း ကိုင်တွယ်ဆောင်ရွက်နေတယ်လို့ Human Rights Watch အဖွဲ့ကပြောဆို ထားပါတယ်။ 

အာဏာရပါတီဟာ မဏိပူရ်ကို စစ်မြေပြင်အဖြစ်သို့ ပြောင်းလဲစေခဲ့တာလို့ အတိုက်အခံကွန် ဂရက်ပါတီရဲ့ ခေါင်းဆောင် မစ္စတာမာလီကာဂျွန်ခါချ့်က လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ X မှာ ရေးသားဖော်ပြခဲ့ပါတယ်။ 

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.