ဘေဂျင်း၊ စက်တင်ဘာ(၂၉) 

တရုတ်သမ္မတ ရှီကျင့်ဖျင် ၂၀၁၃ ခုနှစ်ကတည်းက အကြံပြုခဲ့တဲ့ ကောင်းမွန်တဲ့ကမ္ဘာဖြစ်ဖို့ အသေးစိတ်အစီအစဉ်တစ်ရပ်ကို တရုတ်အစိုးရအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ အနာဂတ်မျှဝေရေး အစီအစဉ် စက္ကူဖြူစာတမ်းအဖြစ် အင်္ဂါနေ့မှာ အတည်ပြုလိုက်ပါတယ်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက တရုတ်ဟာ ကမ္ဘာအတွက် ကောင်းမွန်တဲ့လမ်းကြောင်း တစ်ခု ပြသထားပြီးဖြစ်သလို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် အားကောင်းတဲ့ သဘောတူညီချက်ကို ချမှတ်ထား ပြီဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။ 

လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုမှာ သမ္မတရှီဟာ နိုင်ငံတကာဖြစ်စဉ်တွေအကြောင်းအပေါ် အခြေခံတဲ့ အဲဒီမျှော်မှန်းချက်ကို စနစ်တကျပြောကြားခဲ့ဖူးတယ်လို့လည်း ဝမ်ယိက စက္ကူဖြူစာတမ်းနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ 

တရုတ်ရဲ့ နိုင်ငံတော်ကောင်စီ သတင်းအချက်အလက်ရုံးက ထုတ်ပြန်လိုက်တဲ့ စက္ကူဖြူစာတမ်း ဟာ အုပ်စုဖွဲ့ နိုင်ငံရေးဆိုတဲ့ သီးသန့်သတ်မှတ်ချက်တွေထက် အနာဂတ်ကိုမျှဝေခံစားမယ့် ကမ္ဘာ့ အသိုင်းအဝိုင်း တည်ဆောက်ဖို့ မျှော်မှန်းထားတာလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် လက်တစ်ဆုပ်စာသော အနောက်နိုင်ငံတွေက သတ်မှတ်ထားတဲ့ “မှန်တယ်လို့ ထင်ရတဲ့ အရာတွေ” နဲ့“စကြာဝဠာလုံးဆိုင်ရာ တန်ဖိုးတွေ” ကိုပါ အသိအမှတ်ပြုထားတာဖြစ်တယ်လို့ မူရင်းသတင်းမှာ ဖော်ပြထား ပါတယ်။ 

တရုတ်အစိုးရက အတည်ပြုလိုက်တဲ့ စက္ကူဖြူစာတမ်းဟာ ပိုမိုတရားမျှတပြီး ညီမျှတဲ့ကမ္ဘာ့နိုင်ငံ ရေး ဖြစ်စဉ်ကိုလည်း ပံ့ပိုးပေးနိုင်တယ်လို့ဆိုပါတယ်။ 

တရုတ်ရဲ့ စက္ကူဖြူစာတမ်း အယူအဆကို ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ခြောက်နှစ်ဆက် တိုက် ရေး သားပေးပို့ထားသလို ကုလရဲ့ဘက်ပေါင်းစုံ လုပ်ငန်းယန္တရား ဆုံးဖြတ်ချက်တွေနဲ့ ကြေငြာချက်တွေထဲမှာ ထည့်သွင်းထားတာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ပြောကြားထားပါတယ်။ 

ပိုမိုကောင်းမွန်တဲ့ လူသားဆန်မှုကို ဖန်တီးနိုင်ဖို့ စက္ကူဖြူစာတမ်းရဲ့ အရေးပါမှုကို လက်တွေ့ လက်ခံလာတဲ့ နိုင်ငံတွေနဲ့ အဲဒီနိုင်ငံပြည်သူတွေရဲ့ အရေအတွက်ဟာလည်း မြင့်တက်လာ တာဖြစ်တယ်လို့လည်း ဝမ်ယိက ဖြည့်စွက်ပြောကြားထားပါတယ်။ 

အလုပ်အကိုင်ပေါင်း ၁၁၀,၀၀၀ ကို ဖန်တီးထားပေးနိုင်တဲ့ တရုတ်-လာအို မီးရထားလမ်းလိုမျိုး Belt and Road Initiative (BRI) ခါးပတ်တစ်ကွင်း လမ်းတစ်ဆင်းဟာ အနာဂတ်ကမ္ဘာ့အသိုက် အဝန်းကို တည်ဆောက်ခြင်းကို ကွက်ကွက်ကွင်းကွင်း ဥပမာတစ်ခုဖြစ်ကြောင်းကိုလည်း စက္ကူဖြူစာတမ်းကြေငြာရာမှာ ပြောခဲ့ပါတယ်။ 

အခုအချိန်အထိ တရုတ်နိုင်ငံဟာ နိုင်ငံပေါင်းများစွာနဲ့ ဒေသများစွာက မျှဝေခံစားနိုင်တဲ့ အနာဂတ်အသိုက်အဝန်းတွေကို တည်ဆောက်ထားသလို ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး နဲ့လုံခြုံရေးဆိုင်ရာ ရှေ့ပြေးဆောင်ရွက်မှုတွေကို နိုင်ငံပေါင်း ၁၀၀ ကျော်ထံမှ ထောက်ခံချက်ရရှိ ထားတယ်လို့ ဆိုပါတယ်။ 

တရုတ်နိုင်ငံဟာ ကျန်းမာရေး၊ ရာသီဥတုပြောင်းလဲမှုနဲ့ ဆိုက်ဘာလုံခြုံရေးစတဲ့ နယ်ပယ်တွေနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေအတွက် ဖြေရှင်းနည်းတွေကိုလည်း တရုတ်နိုင်ငံမှ အဆိုပြုခဲ့ကြောင်း မစ္စတာ ဝမ်ယိက ပြောကြားခဲ့ပါတယ်။ 

Ref-Xinhua

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.