“တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့်မို့လို မိုးတွင်းမို့လို့ ၊ ဆောင်းတွင်းမို့လို့ နားလို့မရဘူး။ ဒရုန်းမစ်ရှင်အဖွဲ့ တွေနဲ့ ပေါင်းပြီး မိုးတွင်းလည်း ကျွန်တော်တို့ စစ်ဆင်ရေးမနားပါဘူး။ ပွဲကတော့ သိပ်မကြာဘူး အမြဲကနေတာပဲ”

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊တောင်ပိုင်းတိုင်းစစ်ဒေသရဲ့ နဂါးနီစစ်ကြောင်းဟာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အဓိက စစ်ရေးလှုပ်ရှားတာ ဖြစ်ပါတယ်။ နဂါးနီစစ်ကြောင်းဟာ အာဏာသိမ်းကာလအတွင်း ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်တိုက်ထုတ်နေတဲ့ စစ်ကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒါကြောင့် လတ်တလော နဂါးနီစစ်ကြောင်းရဲ့ စစ်ရေးဖော်ဆောင်မှု၊ နှစ်ဖက်စစ်ရေး အခြေအနေ၊ စစ်ကြောင်း လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး နဂါးနီးစစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူးလည်းဖြစ်တဲ့ CDM ဒုဗိုလ်ဟိန်းထက် ဇော်(ခ)ကိုဟိန်းနဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံး နဂါးနီစစ်ကြောင်းရဲ့ လက်ရှိစစ်ရေးဖော်ဆောင်မှု အခြေအနေနဲ့ ပတ်သက်ပြီးပြောပြပေးပါဦး။

ကျွန်တော်တို့တောင်ပိုင်းမှာ စစ်ကြောင်းတွေစဖွဲ့ချိန်တည်းက ကျွန်တော်တို့ နဂါးနီစစ်ကြောင်းက အဲဒီကတည်း က စတင်ဖွဲ့စည်းခဲ့တယ်။ စတင်လှုပ်ရှားခဲ့တဲ့ စစ်ဆင်ရေးနယ်မြေတွေက ကြာအင်းဆိပ်ကြီးမြို့နယ်တခွင်မှာ စစ်ဆင်ရေးလှုပ်ရှားမှုတွေ အခုထိကျွန်တော်တို့ ဆက်တိုက်လုပ်ဆောင်တယ်။ နယ်မြေခံတွေနဲ့ ပူးပေါင်းလုပ် ဆောင်တာများတယ်။ ကျွန်တော်တို့ စစ်ကြောင်းအချင်းချင်းပူးပေါင်းဆောင်ရွက်တာက ရှိတာတော့ရှိတယ်၊ နည်းပါတယ်။ အခုလက်ရှိက ကြာအင်းဆိပ်ကြီးမြို့နယ ်KNU ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်ဘက်ခြမ်းမှာ စစ်ဆင်ရေးလှုပ်ရှားမှုတွေ ရှိတယ်။

၂။ မိုးတွင်ကာလဖြစ်တယ်ဆိုတော့ နှစ်ဖက်စစ်ရေးအခြေအနေ ဘယ်လိုရှိနေပါသလဲ။

လက်ရှိကတော့ စစ်ဆင်ရေးနားတယ်ဆိုတာ မရှိဘူး။ မိုးတွင်းဖြစ်တဲ့အတွက်ကြောင့်မို့လို ရန်သူ့ရဲအခြေအနေနဲ့ ကိုယ့်အခြေအနေလည်း ပြန်ကြည့်ရတယ်။ နောက်ရာသီဥတုအခြေအနေ မိုးတွင်းဖြစ်လို့ ဒါပေမယ့် ကျွန်တော် တို့ တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့်မို့လို မိုးတွင်းမို့လို့ ၊ ဆောင်းတွင်းမို့လို့ နားလို့မရဘူး။ ကျွန်တော်တို့ ပင်ပန်းလည်း နားလိုက်၊ ပြန်လုပ်လိုက်နဲ့ မကြာသေးခင်က စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ကျွန်တော်တို့ နယ် မြေခံတပ်ရင်းနဲ့ စစ်ဆင်ရေးဖော်ဆောင်တာရှိတယ်။  အဲဒီမတိုင်ခင်မှာလည်း ပြောက်ကျားဖြစ်တဲ့ တိုက်ပွဲတွေ ဒရုန်းမစ်ရှင်အဖွဲ့တွေနဲ့ ပေါင်းပြီး မိုးတွင်းလည်း ကျွန်တော်တို့ စစ်ဆင်ရေးမနားပါဘူး။ ပွဲကတော့ သိပ်မကြာဘူး အမြဲကနေတာပဲ။

 ၃။ နဂါးနီစစ်ကြောင်းရဲ့ မူဝါဒနဲ့ အဓိကလုပ်ငန်းစဉ်တွေအကြောင်း ရှင်းပြပေးပါဦး။

ဆောင်ပုဒ်ကတော့ နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမည်ပေါ့။ အဲဒီလိုပုံစံအတိုင်းပဲ ကျွန်တော်တို့သွားတယ်။ နောက်ပြီးတော့ နဂါးနီရဲ့မူဝါဒနဲ့ပြောရမယ်ဆိုရင် ကျွန်တော်တို့ လက်ရှိမှာ ၂၀၂၁နှစ်ကုန် ဒီဇင်ဘာမှာ စဖွဲ့ပြီး တော့ စကတည်းက စစ်ဆင်ရေးတွေ တောက်လျှောက်လုပ်လာတယ်။ မြေပြင်မှာ ရင်ဘတ်ချင်းတူတဲ့ အဖွဲ့ တွေနဲ့ ပူးပေါင်းပြီးလုပ်ဆောင်တယ်။ တော်လှန်ရေးမှာ တစ်စုတစ်ဖွဲ့ကောင်းလို့ အဆင်မပြေဘူး။ ကျွန်တော် တို့အဖွဲ့တိုင်း ရင်ဘတ်ချင်းနီးပြီးတော့မှ အားလုံးစည်းလုံးညီညွတ်တော့မှ စစ်တပ်ကိုပြန်ပြီး အနိုင်ယူနိုင်မှာ ။ တစ်ဖွဲ့ချင်းကနေ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း လုပ်ရင်တော့ တပ်ထောင်တယ်။ စစ်ဦးစီးချုပ်တွေ ဘာတွေပေါ့။ ကျွန်တော်တို့ အဖွဲ့က ကြိုက်တဲ့အဖွဲ့နဲ့ပူးပေါင်းပြီး ဆောင်ရွက်မယ်။ အဓိက က တော်လှန်ရေး သန္ဓေ မှန်တယ်ဆိုရင် ကျွန်တော်တို့ ပူးပေါင်းပြီးဆောင်ရွက်တယ်။ အဲဒါပါပဲ။

၄။ နဂါးနီစစ်ကြောင်းအနေနဲ့ အမျိုးသားညီညွတ်အစိုးရနဲ့ ဘယ်လိုချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေ လဲ။

ကျွန်တော်တို့ နဂါးနီစစ်ကြောင်းက NUG အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက် အောက်မှာ ရှိတဲ့တောင်ပိုင်းစစ်ကြောင်းတွေထဲက စစ်ကြောင်းတစ်ကြောင်းပေါ့။ ဒါကြောင့် MOD လက် အောက်ကနေ ကွပ်ကဲမှုနဲ့သွားနေတဲ့စစ်ကြောင်း၊ တပ်စကားအရပြောရမယ်ဆိုရင် MOD က အထက်ဌာနပေါ့။ သူတို့ရဲ့ကွပ်ကဲမှုနဲ့ပဲ မြေပြင်မှာကျွန်တော်တို့သွားနေတယ်။ ကွပ်ကဲမှုက COC နဲ့သွားတယ်။ မြေပြင်မှာကျတော့ မြေပြင်က EAOအဖွဲ့စည်းတွေနဲ့ ကျွန်တော်တို့က ချိတ်ဆက် COC နဲ့ပူးပေါင်းပြီးသွားတယ်။ ဘယ်လိုပူးပေါင်း ဆောင်ရွက်လဲဆိုတော့ NUG ၊ MOD လက်အောက်က စစ်ကြောင်းတွေစစ်တယ်။ သူတို့ရဲ့ကွပ်ကဲမှုနဲ့ COC အရသွားတယ်။

၅။နဂါးနီစစ်ကြောင်းမှာ လက်ရှိ တွေ့ကြုံနေရတဲ့ အခက်ခဲတွေ ရှိပါသလား။ ရှိရင် ဘယ်လိုအခက်အခဲတွေ ဆို တာ ပြောပြပေးပါဦး။

မိုးတွင်းကာလလည်းဖြစ်တော့ စစ်ကြောင်းတစ်ကြောင်းလုံးက တပ်ဖွဲ့ဝင်တွေမှာ ယူနီဖောင်းက အကုန်ရှိပေ မယ့်  တစ်ယောက်တစ်စုံပေါ့။ ယူနီဖောင်း လိုအပ်ချက်ရှိတယ်ပေါ့။ ရှိရင်တော့ နောက်ထပ်အသစ် လူတိုင်း ဝတ်ချင်တာပေါ့။ ယူနီဖောင်းတွေက နောက်ထပ်ပေါင်တွေကွဲ သုံးလေးခါလောက် ပြန်ချုပ်ပြီး ပြန်ဝတ်နေရ တာ။ ကျွန်တော်တို့ တော်ရုံတန်ရုံ မတောင်းဘူးလေ။ ယူနီဖောင်းတွေပဲ လိုတယ်။ တခြားဟာကတော့ အဲဒီ လောက်အထိ မရှိပါဘူး။ ကျွန်တော်တို့ရှာကြံပြီး လုပ်တယ်။

၆။ နဂါးနီစစ်ကြောင်း ဆင်နွှဲခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကိုဘာတွေများ ပြန်ပြောပြချင်တာ ရှိမလဲ။

စစ်ကြောင်းစဖွဲ့တည်းက ကျွန်တော်တို့ အရမ်းကြီးတိုက်ပွဲကြီးကြီးကျယ်ကျယ်ပေါ့နော်။ တော်တော်လေးကို ကြမ်းတဲ့ပွဲဆိုရင် ခလရ ၂၈၄ မှာ တက်သိမ်းတဲ့ပွဲမှာ ကျွန်တော်တို့ TNLA ရယ်၊ ကော်ဘရာစစ်ကြောင်း ဗိုလ် ဒါဘောတို့နဲ့ အတူတူပူးပေါင်းပြီး သိမ်းတယ်။ အဲဒီတုန်းက ကျွန်တော်တို့က ကြမ်းတဲ့ပွဲဆို ခလရ၂၈၄မှာ တက်သိမ်းတဲ့ပွဲပေါ့။ အဲဒီမှာ KNLA ရယ်၊ ကော်ဘရာစစ်ကြောင်းက ဗိုလ်ကြီးဒါဘောတို့နဲ့အတူ ပူးပေါင်းပြီး တော့မှ ဆောင်ရွက်တယ်။ အဲဒီတုန်းက ကျွန်တော်တို့က ကော်ဘရာနဲ့ပူးပေါင်းပြီး လုပ်တာ။ နောက် အထူး စစ်ဆင်ရေးတပ်ဖွဲ့S.O.F အထူးစစ်ကြောင်းနဲ့ ကျွန်တော်တို့နဂါးနီစစ်ကြောင်းနဲ့ ပူးပေါင်းပြီးတော့မှ ဆောက် ရွက်ခဲ့တယ်။ နောက်လည်း မြေပြင်မှာပွဲသေးလေးတွေနဲ့ပေါင်းပြီး မစ်ရှင်တွေလည်း ရှိတယ်။

၇။ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားတွေကို နဂါးနီစစ်ကြောင်းက ဘယ်လို ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင် ပေးနေပါသလဲ။

စစ်ကြောင်းမှာ CDM ဝင်လာတဲ့ တပ်မတော်သားတွေရှိတယ်။ လက်နက်ပါတဲ့စစ်သားတွေဆိုရင် NUG၊ MOD နဲ့ ချိတ်ဆက်ပြီးတော့ လက်နက်ပါရင်ဘယ်လောက်ဆိုပြီးတော့ ကျွန်တော်တို့ပြန်ပြီးတော့ ပေးတာတွေရှိတယ်။ လက်နက်မပါရင်တော့ ဒီလိုမျိုးစစ်ကြောင်းရဲ့ အနေအထားနဲ့ နောက်ဒီ NUG ၊MOD ကနေ ပေးတာတွေ လည်းရှိတယ်။ နောက်NGO တွေ၊ အပြင်ကနေ သပ်သပ်ပေးတဲ့အဖွဲ့အစည်းတွေနဲ့ ခုနကပေးတာတွေ စုပေါင်း ပြီးတော့မှ CDM တွေ ဘဝရပ်တည်ရေး၊ ထောက်ပံ့ကြေးအနေနဲ့ ပေးတယ်။ စစ်ကြောင်းမှာလည်း တပ်ကနေ ပြီးတော့ CDMလုပ်ပြီးတော့မှ တာဝန်ပြန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေလည်း ရှိတယ်။

၈။ နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။

တော်လှန်ရေးကာလက နှစ်နှစ်ကျော်လာပြီးတော့ ၃နှစ်အနေအထားကိုရောက်လာပြီ။ ကျွန်တော်တို့ ဖြတ်သန်း လာတဲ့ကာလတစ်လျှောက်လုံးက လွယ်လွယ်ကူကူ ဖြတ်သန်းလာတာ မဟုတ်ဘူးဗျာ။ ကျွန်တော်တို့စပြီးတော့ မြို့ထဲမှာ ဆန္ဒပြပြီးတော့မှ နေလို့မရလို့တောထဲကိုရောက်လာပြီးတော့မှ ကျွန်တော်တို့ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ ရောက်လာတာလဲပေါ့။ အဲဒီတုန်းကခံယူချက်တွေက ဘယ်လိုလဲပေါ့။ အခုရောအဲဒီလိုခံယူချက်တွေက ပြောင်း လဲသွားပြီလားပေါ့။ သွေဖယ်နေပြီလားပေါ့။ ပြန်ပြီးဆန်းစစ် ဖို့လိုတယ်ပေါ့။ တော်လှန်ရေးသမားတွေ၊ တော် လှန်ရေး အသင်းအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေကို ပြောချင်တာက ကျွန်တော်တို့အားလုံး စည်းလုံးညီညွတ်မှ ဒီပွဲကနိုင်မှာ ဖြစ်တယ်။ စည်းလုံးညီညွတ်မှုဆိုတာက တစ်ဖွဲ့နဲ့တစ်ဖွဲ့ မဟာမိတ်အဆင့်မဟုတ်ပဲနဲ့ တစ်သွေး တည်း တစ်သားတည်းဖြစ်ဖို့လိုတယ်။ အခုဟာက အဖွဲ့တွေက များပြီးတော့မှ သူ့နယ်၊ ငါ့နယ်ပုံစံမျိုးတွေ ဖြစ် နေတယ်။ဘာလုပ်မှာလဲပေါ့နော်။ အဲဒါက အဆင်မပြေဘူး။

ကျွန်တော်တို့က အကုန်လုံးတစ်သွေးတည်းတစ်သားတည်း ဖြစ်ရမှာ။ ကျွန်တော်တို့စတောခိုတုန်းက အဲဒီလို စိတ်ဓာတ်လား။ အဲဒါကိုတော်လှန်ရေးသမားတွေ သိစေချင်တယ်။ ကျွန်တော်တို့စတောခိုတုန်းက အဲဒီ စိတ် ဓာတ်မဟုတ်ဘူး။ ကျွန်တော်တို့လက်နက်ရရင် ပြန်ချမယ်ဆိုတာပဲ။ အခုဟာက ရည်ရွယ်ချက်တွေ သွေဖည် နေတာတွေ ရှိတယ်။ တစ်ချို့အသင်းအဖွဲ့တွေပေါ့နော် အားလုံးမဟုတ်ဘူး။ ကျွန်တော် အဲဒီစကားပြောချင် တယ်။

အဲဒီအရာတွေက ဘယ်လိုဘဏ္ဍာရေးမျိုးနဲ့ လုပ်နေနိုင်တာလဲ ။ ကျွန်တော်တို့က တော်လှန်ရေးအဖွဲ့အစည်း ဖြစ်တယ်ဆိုတဲ့ကြောင့်မို့လို့ ကျွန်တော်တို့နောက်ကွယ်မှာက ပြည်သူလူထုပဲရှိတယ်။ ကျွန်တော်တို့ ဒီနေ့ဒီအချိန် အထိ နိုင်ငံရေးအဖွဲ့အစည်းတွေ ရပ်တည်နေနိုင်တယ်ဆိုတာက လူထုကနေ ယုံကြည်ပြီးထောက်ပံ့နေလို့ ကျွန် တော်တို့ ရပ်တည်နေတာဖြစ်တယ်။ ကျွန်တော်တို့တော်လှန်ရေးအောင်မြင်ဖို့အတွက် ထိရောက်ဖို့အတွက်ပဲ ကြိုးစားနေတာဖြစ်တယ်။ ထိရောက်အောင်မြင်ဖို့က အားလုံးစည်းလုံးမှရမယ်။ အခုဟာက လူထုထောက်ပံ့တဲ့ ငွေတွေက တချို့ကျတော့ အသင်းအဖွဲ့ထောင်တယ်။ အစုအဖွဲ့ထောင်တယ်။ အဲဒါတွေက အစုအဖွဲ့ထောင်လို့ ရတယ်။ ဒါပေမယ့်ကျွန်တော်တို့ သီးခြားနေလို့မရဘူး။ ကျွန်တော်တို့အားလုံးပေါင်းစည်းရမယ်။ စုပေါင်းရမယ်။ သံဓိဋ္ဌာန်တွေ ရောက်လာတုန်းက သံဓိဋ္ဌာန်၊အခု သံဓိဋ္ဌာန် ကွာသွားပြီလား။ အဲဒါကြောင့်ရဲဘော်အားလုံး  တော် လှန်ရေးခေါင်းဆောင်တွေအားလုံး အဲဒီစကားလေး ပြောချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.