နေပြည်တော် – စက်တင်ဘာ(၂၃)

စစ်ကောင်စီခံတပ်နယ်မြေဖြစ်တဲ့ နေပြည်တော်ကို တိုက်ပွဲဖော် ဆောင်ပြီး စခန်းသိမ်းတိုက်ပွဲတွေ စတင်ဆင်နွှဲနေပြီလို့ ကျားသံလုံးစစ်ကြောင်း Iron Tiger Battalionက စက်တင်ဘာလ(၂၂) ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ကျားသံလုံးစစ်ကြောင်းဟာ စစ်ဆင်ရေးအတွေ့အကြုံရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်ပြုလုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

မဟာမိတ်စစ်ကြောင်းတွေနဲ့အတူ စစ်ကောင်စီရဲ့ နေပြည်တော်နယ်မြေမှာ ဝေဟင်၊မြေပြင် စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း အဲဒီစစ်ကြောင်းတွေဟာ စစ်ကောင်စီရဲ့ ဧလာလေတပ်စခန်းက သိုလှောင်ရုံ တွေကို ဒရုန်းနဲ့ ဗုံးကြဲချတာ၊ စစ်ကောင်စီအခြေစိုက် စစ်ခန်းတွေကို သိမ်းပိုက်တာတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ကျားသံလုံးစစ်ကြောင်းရဲ့ အဓိက ရည်ရွယ်ချက်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ နယ်မြေဖြစ်တဲ့ နေပြည်တော်နယ်မြေမှာ တိုက်ပွဲဖော်ဆောင်နိုင်ဖို့ လျှို့ဝှက်စွာ မဟာမိတ်ပြုလုပ်ဖွဲ့စည်းတည်ဆောက်ထားတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Iron Tiger Battalion

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.