မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ ကရင်နီပြည်၊ ဒီမောဆို တိုက်ပွဲတွင် PDF ၁၀၀ နီးပါးကျဆုံး” ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စက်တင်ဘာ၇ရက်နေ့က တစ်ကောင်ဘွား စနေသား၊ မှိုင်းဝေ၊ Han Nyein Oo၊ Saw Ba Maung၊ တပ်ကြပ်ကြီးဖိုးစီ၊ မှိုင်းဝေ စတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ကရင်နီပြည်မှာ တိုက်ပွဲများပြင်းထန်နေတာ မှန်ကန်သော်လည်း ဒီမောဆိုတိုက် ပွဲမှာ PDF ၁၀၀ကျဆုံးတယ်ဆိုတာ ဝါဒဖြန့်သတင်းမှားတစ်ခုသာ ဖြစ်တာကို စိစစ်တွေ့ရှိပါတယ်။

ဖြစ်စဉ်အမှန်မှာတော့ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်ဘက်မှ အထိနာပြီး ကျဆုံးခဲ့တာဖြစ်ပြီး ကရင်နီပြည်တွင် ဩဂုတ်လအတွင်း တိုက်ပွဲအကြိမ်ရေ(၅၀)ကျော် ဖြစ်ပွါးခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား (၁၀၀)ကျော် သေဆုံးခဲ့တာကို စိစစ်တွေ့ရှိရပါတယ်။

စက်တင်ဘာလ၂ရက်နေ့ကလည်း ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သေးဆူလဲကျေးရွာနဲ့ ပူဖားကျေးရွာတို့တွင် ခြေကုပ်ယူတပ်စွဲထားသော စစ်ကောင်စီ၏ တပ်စခန်းများကိုကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုက ဝင်ရောက်စီးနင်းပြီး စစ်ကောင်စီ၏ စကခ(၂) လက်အောက်ခံ၊ ခလရ (၉)မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် (၃၀) ကျော်ကို ချေမှုန်းသုတ်သင်ခဲ့တယ်လို့ (PKPF)က သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

စက်တင်ဘာ၂ရက်နေ့တစ်ရက်တည်းမှာ စစ်ကောင်စီတပ်သားတွေ ဒဏ်ရာရရှိသူများပြားပြီး ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစု‌တွေနဲ့ ထိပ်တိုက်တိုက်ပွဲအတွင်း ဦးတည်ရာမဲ့ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေလည်း ရှိနေတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာတွင် အင်အား၂၀ ကျော်ဖြင့် တပ်စွဲထားသော ကုန်းသာကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာ ၂ ရက်က ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ( KRU)၊ ဒီးမော့ဆို PDF တပ်ရင်း ၄ နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် (KNDF) တပ်ရင်း ၁ တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ စိစစ်တွေ့ရှိရပါတယ်။

Karenni Nationalities Defense Force-KNDF ကထုတ်ပြန်ထားတဲ့ တိုက်ပွဲသတင်းထုတ်ပြန်ချက် လင့်

https://shorturl.at/eiwT4

တိုးတက်သော ကရင်နီပြည်သူ့အင်အားစုPKPFရဲ့ သတင်းထုတ်ပြန်ချက် လင့်

https://shorturl.at/ezBI0

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) က ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/lLT67

ကန္တာရဝတီတိုင်းမ် သတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/mrsQ8

TOWARDS ကဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/jIPW1

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ကရင်နီပြည်၊ ဒီမောဆို တိုက်ပွဲတွင် PDF ၁၀၀ နီးပါးကျဆုံးတယ် ” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.