တိုင်ပေ၊ စက်တင်ဘာ(၁၉) 

ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေသိသိသာသာ မြင့်တက်လာတာ ကြောင့် အပျက် သဘောဆောင်နေတဲ့ ဒီလိုတစ်ဖက်သတ်လုပ်ဆောင်မှုကိုရပ်တန့်ဖို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက တရုတ် ကို စက်တင်ဘာလ (၁၈) ရက်နေ့မှာ တိုက်တွန်းခဲ့ပါတယ်။

 ဒီမိုကရေစီနည်းကျအုပ်ချုပ်နေတဲ့ ကျွန်းနိုင်ငံကို သူ့ရဲ့ပိုင်နက်နယ်မြေအဖြစ်ရှုမြင်နေတဲ့ တရုတ် နိုင်ငံကသူ့ရဲ့ အချုပ်အခြာအာဏာကို အခိုင်အမာတောင်းဆိုဖို့နဲ့ တိုင်ပေကို ဖိအား တွေပေးဖို့ ကြိုးပမ်းမှုတွေလည်း လုပ်ဆောင်နေတာပါ။

ဒါ့အပြင် ထိုင်ဝမ်ကျွန်းအနီးတဝိုက်မှာစစ်ရေးလေ့ကျင့်မှုတွေကိုလည်း တိုးမြှင့်လုပ်ဆောင်လာ တာဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ စက်တင်ဘာ (၁၇)ရက်ကတည်းက တရုတ်စစ်လေယာဉ် (၁၀၃) စင်းကို ပင်လယ်ပြင်မှာ တွေ့ရှိခဲ့ရပြီး အဲဒီအရေအတွက်မှာ လတ်တလောအမြင့်ဆုံးဖြစ်နိုင်တယ်လို့ ထိုင်ဝမ်ကာကွယ် ရေးဝန်ကြီးဌာနက ပြောခဲ့ပါ တယ်။

 တိုက်လေယာဉ်တွေရဲ့ လွန်ခဲ့တဲ့(၂၄) နာရီအတွင်းက လှုပ်ရှားမှုပြမြေပုံမှာတော့ ထိုင်ဝမ်ရေလက် ကြား အလယ် မျဉ်းကို ဖြတ်ကျော်သွားတာကို ပြသခဲ့တာပါ။ 

အဲဒီမျဉ်းကို နှစ်ဖက်ကြားတရားမဝင်တဲ့အတားအဆီးအဖြစ် တ ရုတ်ဘက်က သတ်မှတ်ထားကာ လွန်ခဲ့တဲ့တစ်နှစ်ကတည်းက ပုံမှန်ဖြတ်ကျော်မှုတွေကို လုပ်ဆောင်နေခဲ့ တာဖြစ်ပါတယ်။

အခြားလေယာဉ်တစ်စင်းဟာလည်း ဖိလစ်ပိုင်မှခွဲထွက်နေတဲ့ကျွန်းဖြစ်တဲ့ ဘာရှီချန်နယ်ကိုဖြတ် ပြီး ထိုင်ဝမ် တောင်ဘက်သို့ ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။

 တရုတ်နိုင်ငံရဲ့ အခုခုရက်ပိုင်းအတွင်းလုပ်ဆောင်မှုတွေဟာ ထိုင်ဝမ်ရေလက်ကြားနဲ့ ဒေသတွင်း လုံခြုံရေးအ တွက် ပြင်းထန်တဲ့ စိန်ခေါ်မှုတွေကို ဖြစ်စေခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ ပူးတွဲထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

 ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ ဒေသတွင်းရှိ ပါဝင်ပတ်သက်သူတွေအားလုံးရဲ့ ဘုံတာဝန်ဖြစ်ကြောင်းလည်း အဲဒီထုတ်ပြန်ချက်ထဲမှာ ထပ်လောင်းဆိုထားပါတယ်။

“ကွန်မြူနစ်စစ်တပ်ရဲ့ အဆက်မပြတ်စစ်ရေးအရ နှောင့်ယှက်တာတွေက တင်းမာမှုတွေသိသိ သာသာ တိုးလာ ပြီး ဒေသတွင်းလုံခြုံရေးကို ပိုမိုဆိုးဝါးစေနိုင်တယ်။ ပေကျင်းအာဏာပိုင်တွေကို ဒီလုပ်ဆောင်မှုအတွက် တာဝန် ယူပြီး အခုလို အဖျက်သဘောဆောင်တဲ့ တစ်ဖက်သတ်လှုပ်ရှားမှု တွေကို ချက်ချင်းရပ်တန့်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” လို့ ဝန်ကြီးဌာနက ပြောကြားထား ပါတယ်။ 

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနက တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကို မှတ်ချက် ပေးဖို့ တောင်း ဆိုခဲ့ရာမှာတော့ တုန့်ပြန်ပြောဆိုခဲ့ခြင်း မရှိပါဘူး။ 

ပြီးခဲ့တဲ့သီတင်းပတ်က ထိုင်ဝမ်အနီး တရုတ်လေတပ်ရဲ့ကျုးကျော်ဝင်ရောက်မှုတွေအပြင် တောင်တရုတ်ပင် လယ်နဲ့ ထိုင်ဝမ်အရှေ့မြောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း စစ်ရေးလေ့ကျင့်ဖို့ တရုတ်ရေတပ်သင်္ဘော (၁၀၀) ကျော်ကိုစေလွှတ်ခဲ့တယ်လို့ ဒေသတွင်း လုံခြုံရေးအရာရှိတစ်ဦးက ရိုက်တာသို့ ပြောခဲ့ပါတယ်။

အမည်မဖော်လိုတဲ့အရာရှိက ဒီလှုပ်ရှားမှုဟာ ဒေသတွင်းရှိ လူတိုင်းကို ဖိအားဖြစ်စေပြီး ရေတပ် စစ်ရေးလေ့ကျင့် မှုပမာဏအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အကြီးမားဆုံးဖြစ်လာ တယ်လို့ ပြောကြားခဲ့ပါတယ်။

ကမ်းရိုးတန်းတစ်လျောက်မှာလည်း ပြီးခဲ့တဲ့ဇူလိုင်လကနေ စက်တင်ဘာလအထိကာလဟာ တရုတ်စစ်ရေးလေ့ ကျင့်မှုတွေအများဆုံးပြုလုပ်တဲ့ရာသီဖြစ်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက မှတ်ချက်ပြုခဲ့ပါတယ်။ 

တရုတ်ဟာသူ့ရဲ့တိုးချဲ့လေတပ်စခန်းတွေမှာ တိုက်လေယာဉ်တွေနဲ့ ဒရုန်းတွေကို ထိုင်ဝမ်ကိုရင်ဆိုင်ဖို့အတွက် အမြဲတမ်းတပ်ဖြန့်ချထားကာ လေကြောင်းစွမ်းအားကို အားကောင်းအောင် လုပ်ဆောင်နေကြောင်း ထိုင်ဝမ်ကာ ကွယ်ရေးဝန်ကြီးဌာနက နှစ်ပတ်လည်အစီရင်ခံစာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.