September 18, 2023

လူကြိုက်များတဲ့ မူဝါဒတွေ တိုးမြှင့်ချမှတ်ဖို့ ထိုင်းဝန်ကြီးချုပ်သစ် စီစဉ်

ဘန်ကောက်၊ စက်တင်ဘာ (၁၉) ထိုင်းနိုင်ငံဝန်ကြီးချုပ်အသစ် ဆရီထာသာဗီဇင်က သူရဲ့အစိုးရအနေနဲ့ လျှပ်စစ်မီတာခ ဖြည်း ဖြည်းချင်း လျှော့ချမှုနဲ့ နေ့စဉ်လုပ်အားခ မြှင့်တင်မှုပါဝင်တဲ့ လူနေမှုစရိတ်တွေလျှော့ချမယ့် မူဝါဒတွေကို အခုနှစ်ကုန်မှာ ပိုမိုချမှတ်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့မှာ ပြောကြားခဲ့ ပါတယ်။ ထိုင်းပို့ကုန်တွေ ဝယ်လိုအားနည်းနေမှုနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုနည်းပါးလာမှုကို တုံ့ပြန်ဖို့အတွက် ဝန်ကြီးချုပ်နဲ့ သူ့ရဲ့ ၁၁ ပါတီအစိုးရတို့ဟာ…

သမ္မတနှစ်ဦးတွေ့ဆုံဖို့ ကန်အမျိုးသားလုံခြုံရေးအကြံပေးနဲ့ တရုတ်ဝန်ကြီးတို့ ဆွေးနွေး

ဝါရှင်တန်၊ စက်တင်ဘာ (၁၉) သမ္မတနှစ်ဦး တွေ့ဆုံရေးအတွက် အမေရိကန်အစိုးရရဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိက်ဆော်လီဗန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ရီတို့ဟာ ပြီးခဲ့တဲ့သီးတင်းပတ်ကုန် ပိုင်းက မော်လ်တာကျွန်းစုမှာ တွေ့ဆုံခဲ့ကြပါတယ်။ စီးပွားရေးအရ အင်အားကြီးတဲ့ တရုတ်နဲ့အမေရိကန်နှစ်နိုင်ငံဟာ စိန်ခေါ်မှုတွေရှိနေတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို တည်ငြိမ်အောင်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရနှစ်ဖက်လုံးက စက်တင်ဘာ ၁၇ ရက်နေ့မှာ အတည်ပြုပြောကြားထားတာပါ။ အိမ်ဖြူတော်နဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ရဲ့ သီးခြားထုတ်ပြန်ချက်တွေအရ…

အဖျက်သဘောဆောင်တဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ ထိုင်ဝမ်က တရုတ်ကိုတိုက်တွန်း

တိုင်ပေ၊ စက်တင်ဘာ(၁၉) ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေသိသိသာသာ မြင့်တက်လာတာ ကြောင့် အပျက် သဘောဆောင်နေတဲ့ ဒီလိုတစ်ဖက်သတ်လုပ်ဆောင်မှုကိုရပ်တန့်ဖို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက တရုတ် ကို စက်တင်ဘာလ (၁၈) ရက်နေ့မှာ တိုက်တွန်းခဲ့ပါတယ်။ ဒီမိုကရေစီနည်းကျအုပ်ချုပ်နေတဲ့ ကျွန်းနိုင်ငံကို သူ့ရဲ့ပိုင်နက်နယ်မြေအဖြစ်ရှုမြင်နေတဲ့ တရုတ် နိုင်ငံကသူ့ရဲ့ အချုပ်အခြာအာဏာကို အခိုင်အမာတောင်းဆိုဖို့နဲ့ တိုင်ပေကို ဖိအား တွေပေးဖို့ ကြိုးပမ်းမှုတွေလည်း လုပ်ဆောင်နေတာပါ။…

ရေးမြို့ပေါ်မှာ သတင်းရဲတပ်ဖွဲ့ ရဲအုပ်တစ်ဦး ပစ်သတ်ခံရ

ရေး – စက်တင်ဘာ(၁၈) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့၊ အောင်သုခရပ်ကွက်မှာ စက်တင်ဘာ(၁၈) ရက်နေ့ မနက် (၁၀) နာရီအချိန်ခန့်က သတင်းရဲတပ်ဖွဲ့ ရဲအုပ်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေးမြို့နယ် သတင်းရဲတပ်ဖွဲ့ တာဝန်ခံ ရဲအုပ်မြင့်လွင်ဟာ အိမ်စီးကားနဲ့ တစ်ဦးတည်း ထွက်လာစဉ် အမည်မသိ သေနတ်သမားတွေက ဆိုင်ကယ်နဲ့လိုက်လာပြီး…