Thailand's Prime Minister Srettha Thavisin speaks to the members of the media as he arrives to deliver the policy statements of the Council of Ministers to the parliament in Bangkok, Thailand, September 11, 2023. REUTERS/Athit Perawongmetha/File Photo

ဘန်ကောက်၊ စက်တင်ဘာ (၁၇)

အပန်းဖြေရေးအတွက် ဆေးခြောက်သုံးစွဲမှုကို လုံးဝဆန့်ကျင်ကြောင်းနဲ့ သူ့ရဲ့အုပ်ချုပ်ရေး အဖွဲ့ အနေနဲ့လည်း ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာအတွက်သာ သုံးစွဲဖို့ မူဝါဒတွေ ချမှတ်သွားမယ် လို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်အသစ် ဆရီထာသာဗီဇင်က ပြောကြားလိုက်ပါတယ်။ 

ထိုင်းနိုင်ငံဟာ ၂၀၂၂ ခုနှစ်အတွင်း ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ်မှ ကန့်သတ်ဖယ်ရှားလိုက်တဲ့ ပထမဆုံး အရှေ့တောင်အာရှနိုင်ငံဖြစ်လာခဲ့တာပါ။ 

“ဆေးခြောက်မူဝါဒကို ဆေးဘက်ဆိုင်ရာသုံးဖို့အတွက်ပဲ ဆက်လက်လုပ်ဆောင်မှာပါ။ အပန်းဖြေရေးအတွက် သုံးစွဲတဲ့ အခြေအနေကို ကျွန်တော်လုံး၀ သဘောမတူနိုင်ပါဘူး”လို့ မစ္စတာဆရီထာက ထိုင်းအခြေစိုက် The Standard သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

သြဂုတ်လအတွင်း Pheu Thai ပါတီဦးဆောင်တဲ့ ၁၁ ပါတီညွှန့်ပေါင်းအစိုးရအဖွဲ့ဟာ အာဏာ စယူခဲ့တာ ဖြစ်ပြီး သူ့ရဲ့အကြီးဆုံးမိတ်ဖက်ပါတီဖြစ်တဲ့ Bhumjaithai ပါတီ အရင်အစိုးရ လက်ထက်မှာ ဆေးခြောက်ကို ပြစ်မှုမြောက်ခြင်းအဖြစ်မှ ဖယ်ရှားခဲ့တာပါ။

 အဲဒီပါတီနှစ်ခုလုံးကတော့ ဆေးခြောက်ကို ဆေးဝါးအတွက်သာ သုံးစွဲဖို့ ထောက်ခံပါတယ်လို့ ပြောကြားချက်တွေလည်း ရှိထားပါတယ်။

ထိုင်းနိုင်ငံဟာ ဆေးခြောက်ထုတ်လုပ်၊ရောင်းဝယ်ရေး လုပ်ငန်းတွေကနေ နောက် ၅ နှစ်အကျော်မှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံတန်ဖိုးအထိ အခွန်ပံ့ပိုးပေးနိုင်ဖို့ စီမံဆောင်ရွက်ထားတာပါ။

 “ဆေးဝါကို အလွဲသုံးစားပြုမှုတွေဟာ ဒီနိုင်ငံအတွက် ပြဿနာကြီးကြီးတစ်ရပ်ဖြစ်သလို ဒီ ကိစ္စတွေကို ကိုင် တွယ်ဆောင်ရွက်နိုင်တဲ့ အခြေအနေဟာ အားနည်းပါတယ်။ ဆေးခြောက်ကို ဆေးဝါးအတွက် အသုံးပြုတာမျိုးပဲ ဖြစ်သင့်တာပါ”လို့ မစ္စတာ ဆရီထာက ထပ်မံပြောကြား ခဲ့ပါတယ်။

 အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံးစီးပွားရေးလုပ်ငန်းတွေကို ပိုင်ဆိုင်ထားတဲ့ ထိုင်းနိုင်ငံဟာ အစိုးရသစ်လက်ထက်မှာတော့ စားသုံးသူဝန်ဆောင်မှု နှုန်းထားတွေနဲ့ အသုံးစရိတ်ကို မြှင့်တင်ဖို့ ရည်ရွယ်တဲ့ စီးပွားရေးမူဝါဒတွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

အသက် ၁၆ နှစ်နဲ့အထက် ထိုင်းနိုင်ငံသားတွေကို ဒစ်ဂျစ်တယ်ငွေကြေးဖြင့် တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ ပေးမယ့် မူဝါဒကိုလည်း လက်မှတ်ထိုးထားပြီးဖြစ်သလို အဲဒီမူဝါဒဟာ ပြည်တွင်းအသုံးစရိတ်ကို ကျယ်ကျယ်ပြန့်ပြန့် မြှင့် တင်နိုင်လိမ့်မယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.