ဘေဂျင်း၊ စက်တင်ဘာ (၁၇)
လူမြင်ကွင်းကနေ နှစ်ပတ်ကြာပျောက်ကွယ်နေတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီးလီရှန်ဖူကို တရုတ်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ယုံကြည်ရတဲ့ သတင်းရင်း မြစ် ၁၀ ဦးရဲ့ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
တရုတ်စစ်ရေးနဲ့ တိုက်ရိုက်ပတ်သက်မှုရှိတဲ့ ဒေသန္တရလုံခြုံရေး အာဏာပိုင်တွေရဲ့ပြောဆို ချက်တွေအရ မစ္စတာလီ စစ်ဆေးခံရတဲ့ ကိစ္စရပ်ဟာ စစ်လက်နက် ဝယ်ယူရေးနဲ့ဆက်စပ် နေတယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမဲ့ ဘယ်လိုစစ်လက်နက်ပစ္စည်း ဝယ်ယူမှုတွေနဲ့ ဆက်စပ်နေတာလဲဆိုတာကိုတော့ ရိုက်တာသတင်းဌာနအနေနဲ့ စုံစမ်းလို့ မရသေးဘူးလို့လည်း ဆိုပါတယ်။
၂၀၁၇ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ တရုတ်အကြီးတန်းအရာရှိ ၈ ဦးအထိပါဝင်တဲ့ စစ်လက်နယ်ဝယ်ယူရေးနဲ့ ပတ်သက်ပြီး မစ္စတာလီကို စုံစမ်းစစ်ဆေးနေပြီး သူတို့အထဲက ၂ ဦးဟာ စစ်တပ်နဲ့ တိုက်ရိုက်ပတ်သက်မှု ရှိတယ်လို့ သိရပါတယ်။
အဲဒီစစ်ဆေးမှုကို တရုတ်စစ်တပ်ရဲ့ စစ်စည်းကမ်းထိန်းချုပ်ရေး အကြီးစားကော်မရှင်က စုံစမ်းစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနတာဝန်ရှိသူကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သူ့အနေနဲ့ သိရှိထားခြင်းမရှိဘူးလို့ ရိုက်တာသတင်းဌာနကို ပြောကြားထားပါတယ်။
နိုင်ငံတော်ကောင်စီနဲ့ ကာကွယ်ရေးဝန်ကြီးကတော့ ရိုက်တာ သတင်းဌာနရဲ့ မေးမြန်းချက်နဲ့ ပတ်သက်လို့ တုံ့ပြန်ခဲ့ခြင်းမရှိသလို မစ္စတာလီထံကိုလည်း ဆက်သွယ်လို့ မရခဲ့ဘူးလို့ သိရပါတယ်။
The Financial Times ရဲ့ အမေရိကန်အာဏာပိုင်တွေကို ကိုးကားတင်ပြထားတဲ့ သတင်းပေး ပို့ချက်မှာတော့ လီကို စုံစမ်းစစ်ဆေးနေတယ်လို့ အမေရိကန်အစိုးရက ထင်မြင်ထားကြောင်း သိရပါတယ်။
ဘေဂျင်းမှာဆုံးဖြတ်ချက်မှတ်နိုင်တဲ့ အဆင့်ရှိတဲ့လူတစ်ဦးက မစ္စတာလီကို စစ်ဆေးမေးမြန်းဖို့အတွက် ပြီးခဲ့တဲ့ သတင်းအပတ်က ခေါ်ဆောင်သွားခဲ့တာလို့ ဒီဖြစ်ရပ်နဲ့ နီးစပ်သူတစ်ဦးက The Wall Street Journal ကို ပြောကြားထားတာပါ။
ဒီဖြစ်စဉ်ဟာ တရုတ်နိုင်ငံရဲ့တင်းကျပ်တဲ့ ကိုဗစ်မူဝါဒတွေ ပြန်လည်ဖြေလျော့ဖို့ ကြိုးစားရုန်းကန်နေရချိန်မှာ ပေါ်ပေါက်လာတာဖြစ်ပြီး လက်ရှိမှာတော့ တရုတ်နိုင်ငံရဲ့ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေအပေါ် လေ့လာသူတွေနဲ့ သံတမန်အချို့ထံကနေ မေးခွန်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။
Ref – Reuters