ဘန်ကောက်၊ စက်တင်ဘာ(၁၇) 

မြန်မာနိုင်ငံကိုလာရောက်မယ့် နိုင်ငံခြားသားတွေကို ပြည်တွင်းဝင်ခွင့်အတွက် အမေရိကန်ဒေါ် လာငွေသားနဲ့ ကျန်းမာရေးအာမခံရှိမရှိစစ်ဆေးမယ်လို့ မြန်မာအစိုးရကကြေညာထားကြောင်း ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးက ပြောကြားလိုက်ပါတယ်။ 

မြန်မာနိုင်ငံထဲကို ရက်ပေါင်း(၁၄)ရက်ကြာ ဝင်ရောက်လည်ပတ်မယ့် နိုင်ငံခြားသားတွေအနေနဲ့ လေဆိပ်ကို ဆိုက်ရောက်လာတဲ့အခါမှာ အဲဒီစစ်ဆေးမှုကိုခံယူဖို့ပြင်ဆင်ထားသင့်ကြောင်း မြန်မာအာဏာပိုင်တွေက တိုက်တွန်းထားတယ်လို့ ထိုင်းသံရုံးက စက်တင်ဘာ(၁၄)ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင်မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူတွေအနေနဲ့ ကိုဗစ်၁၉ကုသမှုအတွက် ခြုံငုံမိစေမယ့် ကျန်းမာ ရေးအာမခံရှိထားရမယ်လို့လည်း သံရုံးကဆိုပါတယ်။

အဲဒီအာမခံက သူတို့ရဲ့မိခင်နိုင်ငံကအာမခံ ဒါမှမဟုတ် မြန်မာ့အာမခံလုပ်ငန်းကဲ့သို့သော နိုင်ငံတကာအာမခံလုပ်ငန်းကုမ္ပဏီမှ အာမခံဖြစ်ရမယ်လို့ ဆိုထားပါတယ်။

မြန်မာလူဝင်မှုကြီးကြပ်ရေးရုံးက လူဝင်မှုကြီးကြပ်ရေးကောင်တာများကို နိုင်ငံခြားသားများ ဖြတ်သန်းတဲ့အခါ ဒေါ်လာများကိုင်ဆောင်ထားကြရန်လည်း တိုက်တွန်းထားပါတယ်။ 

ကိုင်ဆောင်ထားရမယ့် ငွေသားပမာဏဟာ အာဏာပိုင်တွေရဲ့ စဉ်းစားဆုံးဖြတ်မှုအပေါ်မူတည် တယ်လို့လည်း ဆိုပါတယ်။ 

ကိုင်ဆောင်ထားရမယ့်ငွေသားပမာဏ လိုအပ်ချက်ကို အတည်ပြုနိုင်ဖို့အတွက် မြန်မာအာဏာ ပိုင်များနဲ့ ဆက် သွယ်ဆောင်ရွက်နေကြောင်း ထိုင်းသံရုံးကထပ်လောင်းပြောကြားထားပါတယ်။

 မြန်မာနိုင်ငံသို့ ခရီးထွက်ကြမယ့်သူများအနေနဲ့ သင့်လျော်တဲ့ငွေကြေးပမာဏတစ်ခုကို ပြင်ဆင်ထားကြဖို့လည်း ကနဦးတိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံကိုလာရောက်တဲ့အခါ နိုင်ငံခြားသားတွေအနေနဲ့ အမေရိကန်ဒေါ် လာတစ်ထောင်ကို ငွေသားအနေနဲ့ ကိုင်ဆောင်ထားသင့်တယ်လို့ မြန်မာအာဏာပိုင်တွေက အကြံပြုထား ကြောင်း သံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 နိုင်ငံခြားသားများအနေနဲ့ မြန်မာနိုင်ငံမှပြန် လည် ထွက်ခွာတဲ့အခါ ဒါမှမဟုတ် မြန်မာနိုင်ငံတွင်း ခရီးသွားလာတဲ့အခါ မြန်မာနိုင်ငံခရီးစဉ် တလျောက်နေထိုင်မယ့် နေရာတွေနဲ့ ဟိုတယ်ဘိုကင် အချက်အလက်တွေကို ကိုင်ဆောင်ထားရမယ်လို့လည်း သံရုံးကအကြံပြုထား ပါတယ်။

 ထိုင်းအင်တာနက်သုံးစွဲသူတွေက မြန်မာအစိုးရရဲ့ဆောင်ရွက်ချက်ကို ဆန့်ကျင်ကန့်ကွက် ကြောင်း ထိုင်းသံရုံးရဲ့ တရားဝင်လူမှုကွန်ယက်စာမျက်နှာရဲ့ ကောမန့်ရေးသားတဲ့နေရာတွေမှာ ရေးသားခဲ့ကြပါတယ်။ 

Baron’s မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ ခရီးသွားလုပ်ငန်းကိုတိုးမြှင့်ဖို့နဲ့ နိုင်ငံသားတွေကိုပိုမို ဆွဲဆောင်နိုင်ဖို့ တရုတ်နဲ့ အိန္ဒိယခရီးသွားတွေကို ဆိုက်ရောက်ဗီဇာထုတ်ပေးမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင်ရုရှားခရီးသွားတွေကိုလည်း ဆိုက်ရောက်ဗီဇာသက်တမ်းတိုးပေးဖို့ စီစဉ်နေကြောင်းလည်း ဖော်ပြထားပါတယ်။

 Ref,The Thaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.