နေပြည်တော် – စက်တင်ဘာ(၁၄) 

အရှေ့တောင်အာရှမှ လေတပ်အကြီးအကဲအများစုဟာ မြန်မာစစ်ကောင်စီဦးဆောင်ပြုလုပ်မယ့် အစည်းအဝေးကို မတက်ရောက်ဖို့ စီစဉ်ထားတယ်လို့ သတင်းရင်းမြစ်တွေက ဆိုထားပြီး ထိုင်း နိုင်ငံကတော့ တက်ရောက်ဖို့ရှိနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြထားပါတယ်။ 

နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ အာဆီယံလေတပ်ဦးစီးချုပ်များညီလာခံဟာ ကာကွယ်ရေး၊ အစွန်း ရောက်ဝါဒတိုက်ဖျက်ရေးနဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးတွေမှာ ပူးပေါင်းဆောင်ရွက် ရေးတို့ကို ဆွေးနွေးဖို့ နိုင်ငံ(၁၀) နိုင်ငံက ထိပ်တန်းလေတပ်ခေါင်းဆောင်တွေဟာ စုစည်းလေ့ ရှိကြတာပါ။ 

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံဟာ ဥက္ကဋ္ဌ တာဝန်ယူထားပြီး အစည်းအဝေးကို လက်ခံကျင်းပ ဖို့စီစဉ်ထားပေမယ့် အာဆီယံ(၃) နိုင်ငံလောက်ဟာ သူတို့ရ့ ထိပ်တန်းအရာရှိတွေကို စေလွှတ်မှာ မဟုတ်ဘူးလို့ AFP သတင်းဌာနကို ပြောခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အဖွဲ့တွေကို တိုက်ခိုက်နေတဲ့ မြေပြင် တပ်တွေကို စစ်ရေးပံ့ပိုးမှုအဖြစ် တရုတ်နဲ့ ရုရှားနိုင်ငံထုတ် ဂျက်လေယာဉ်တွေနဲ့ ပြုလုပ်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စစ်ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံနေရတာဖြစ်ပါတယ်။

ညီလာခံမှာ ဥက္ကဋ္ဌအဖြစ်တာဝန်ယူမယ့် လေတပ်ဦးစီးချုပ် ထွန်းအောင်ဆိုသူဟာလည်း အမေရိ ကန်နဲ့ ဗြိတိန်တို့က ပိတ်ဆို့အရေးယူထားသူဖြစ်ကာ ဒီလကုန်မှာ အနားယူတော့မယ့် ထိုင်းတော် ဝင်လေတပ် အကြီးအကဲကတော့ အိမ်နီးချင်း မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ တာဝန် ရှိသူတစ်ဦးက AFP ကိုပြောခဲ့ပါတယ်။

အာဆီယံဟာ မြန်မာစစ်ဗိုလ်ချုပ်တွေကို အဆင့်မြင့်အစည်းအဝေးတက်ရောက်ခွင့် တားမြစ်ထား ပေမယ့် ထိုင်းနိုင်ငံကတော့ စစ်အုပ်စုနဲ့ အပြန်အလှန်ဆွေးနွေးမှုတွေ ပြုလုပ်နေသလို မြန်မာနဲ့ ပတ်သက်တဲ့ အိန္ဒိယ၊တရုတ်တို့နဲ့ပါ ဆွေးနွေးမှုတွေလုပ်ဆောင်နေတာပါ။

လက်ရှိအာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှား၊မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံက လေတပ်အကြီးအကဲတွေက တော့ အစည်းအဝေးကို တက်ရောက်မှာ မဟုတ်ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖိလစ်ပိုင်လေတပ်ဦးစီးချုပ်က လူကိုယ်တိုင်သွားမယ့်အစား ရုပ်သံမှတ်တမ်းပို့ပေးဖို့ စီစဉ်နေချိန် မလေးရှားလေတပ်ဦးစီးချုပ်ကတော့ တက်ရောက်မှာမဟုတ်ဘူးလို့ ဆိုထားကြပါတယ်။ 

ဒါ့အပြင် အင်ဒိုနီးရှားလေတပ်ဦးစီးချုပ်ကလည်း တက်ရောက်မှာမဟုတ်သလို သူ့ကို ကိုယ်စား ပြုဖို့ ဘယ်သူ့ကိုမှ စေလွှတ်မှာ မဟုတ်ဘူးလို့ လေတပ်ပြောရေးဆိုခွင့်ရှိသူက AFP ကိုတုံ့ပြန် ထားပါတယ်။ 

တခြားအာဆီယံအဖွဲ့ဝင်တွေဖြစ်တဲ့ ကမ္ဘောဒီးယားလေတပ်မှူးက မြန်မာအစည်းအဝေးကို တက်ရောက်မလားဆိုတဲ့အပေါ် မှတ်ချက်ပေးဖို့ ငြင်းဆိုထားသလို စင်္ကာပူ၊ဘရူနိုင်းနဲ့ ဗီယက်နမ် လေတပ်တွေကိုတော့ ဆက်သွယ်လို့မရခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ (၂) နှစ်ကျော်က မြန်မာအာဏာသိမ်းစစ်အုပ်စုနဲ့ဆွေးနွေးထားတဲ့ ဘုံသဘောတူညီချက် (၅) ချက်ပါအစီအစဉ်ဟာ သိသာတဲ့ တိုးတက်မှု မရှိခဲ့ဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ဆိုထားသလို စစ်အုပ်စုဟာ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို ငြင်းဆိုထားတဲ့ အတွက် အာဆီယံအဆင့်မြင့်အစည်းအဝေးတက်ရောက်ခွင့်ကို တားမြစ်ထားတယ်လို့ သိရပါ တယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.