ပြုံယမ်း – စက်တင်ဘာ(၁၃) 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ဝါရှင်တန်က လက်နက်ရောင်းဝယ်မှုမပြုလုပ်ဖို့ သတိပေးနေတဲ့ကြားက ရုရှားနိုင်ငံကို ရောက်ရှိနေတယ်လို့ ခိုင်မာတဲ့ သတင်းရင်းမြစ်တစ်ခုက ရိုက်တာကို အတည်ပြုခဲ့ပါတယ်။

ကင်ဂျုံအန်းဟာ ရုရှားနိုင်ငံကို သူ့ရဲ့ ကိုယ်ပိုင်မီးရထားနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထွက်ခွာခဲ့တာ ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက စက်တင်ဘာလ(၁၂) ရက်နေ့မှာ ဖော်ပြထား ပြီး ထိပ်တန်း လက်နက်လုပ်ငန်းတာဝန်ရှိသူတွေအပြင် စစ်ဘက်အရာရှိတွေလည်းလိုက်ပါသွား ခဲ့တယ်လို့ ဆိုထားပါတယ်။ 

ခရီးစဉ်နဲ့ ပတ်သက်ပြီး ဆက်စပ်တဲ့ ရုရှားသတင်းရင်းမြစ်တစ်ခုက ကင်ဟာ စက်တင်ဘာလ(၁၂) ရက်နေ့ မနက်ပိငင်းက ရုရှားကိုရောက်ရှိလာတာဖြစ်ပြီး သူ့ရဲ့ ရထားဟာ ရုရှားနိုင်ငံအရှေ့ဖျားရှိ အဓိက ရထားလမ်းထွက်ပေါက်ဖြစ်တဲ့ ခါဆန်မှာ ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ထွက် ခွာသွားတယ်လို့ ရိုက်တာကို ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ကို တင်ဆောင်လာတဲ့ ရထားတစ်စင်းလို့ ယူဆရတဲ့ တံတားတစ်ခု ကိုဖြတ်ကူးနေတဲ့ သံလွင်စိမ်းဆေးမှုတ်ထားတဲ့ ရထားတစ်စင်းကို ပြသပြီး ရုရှားနိုင်ငံပိုင်ရုပ်မြင် သံကြား Rossiya 1ကလည်း ကင်ဂျုံအန်း ရောက်ရှိလာတာကိုဖော်ပြထားပါတယ်။ 

“ဒါဟာ အပြည့်အဝလည်ပတ်မယ့် ခရီးစဉ်ပါပဲ၊ ကိုယ်စားလှယ်အဖွဲ့နှစ်ဖွဲ့ကြား ညှိနှိုင်းမှုတွေလုပ် ပြီးတော့ လိုအပ်ရင် ခေါင်းဆောင်တွေက သူတို့ရဲ့ ဆက်သွယ်ရေးပုံစံနဲ့ ဆက်သွားမယ်” လို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောခဲ့ပါတယ်။

ဆွေးနွေးမှုတွေမှာ မြောက်ကိုရီးယားကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေလည်း ပါဝင်နိုင်တယ်လို့ ရုရှားတာဝန်ရှိသူတွေက ဆိုပါ တယ်။ 

ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား လက်နက်ဆိုင်ရာ ဆွေးနွေးပွဲတွေ အရှိန်အဟုန်နဲ့ တိုးလာနေပြီး ကင်နဲ့ ပူတင်တို့ဟာ ယူကရိန်းစစ်ပွဲအတွက် ရုရှားကို လက်နက်တွေ ပေးအပ်ဖို့ ဆွေးနွေးနိုင်တယ် လို့ အမေရိကန်ဘက်က ပြောတာတွေလည်းရှိနေပါတယ်။ 

ကင်ရဲ့ရထားဟာ အမ်မာဒေသ မြောက်ဘက်ကို ဦးတည်သွားတယ်လို့ ဂျပန်နိုင်ငံ ကျိုဒိုသတင်း မှာ အမည်မဖော်လိုတဲ့ ရုရှားအရာရှိတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြခဲ့သလို အဲဒီနေရာက ဗာစတိုချီနိ ကိုစမိုဒိုမှာ ပူတင်နဲ့ ဆွေးနွေးဖို့ ဖြစ်နိုင်ချေရှိတယ်လို့ ဆိုထားတာပါ။ 

စစ်ပွဲ(၁၈) လကျော်အတွင်းများပြားလှတဲ့ လက်နက်တွေ သိုလှောင်သုံးစွဲခဲ့တဲ့ ရုရှားကို မြောက်ကို ရီးယားဆီက လက်နက်တွေထောက်ပံ့ပေးမှာမဟုတ်ဘူးလို့ နှစ်ဘက်လုံးက ငြင်းဆိုထားပါတယ်။ 

အမေရိကန်နဲ့ မဟာမိတ်တွေကတော့ ရုရှားအပြင် နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားတို့က မကြာသေးခင်က ပိုမိုနီးကပ်တဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု လက္ခဏာ တွေနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်လို့ ဖော်ပြထားပါတယ်။

ရုရှားနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားဟာ နိုင်ငံရဲ့ မူဝါဒတွေကဘဲ အဆုံးအဖြတ်ပေးမှာ ဖြစ်တယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုခဲ့ပြီး ” အားလုံးသိကြတဲ့အတိုင်း မြောက်ကိုရီးယား အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ငါတို့ အကောင်အထည်ဖော်နေချိန်မှာ ငါတို့နှစ်နိုင်ငံရဲ့ အကျိုးစီးပွားတွေက ငါတို့အတွက် ပိုအရေးကြီးတယ်၊ ဝါရှင်တန်က သတိပေးမှုမဟုတ်ဘူး” လို့ ပက်စကော့ဖ်က ရုရှားမီဒီယာကို ပြောခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.