အင်းလေး – စက်တင်ဘာ(၁၂)

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ရှမ်းပြည်နယ်တောင်ပိုင်း၊ အလယ်ပိုင်း တိုင်းစစ်ဒေသ(၃)၊ အင်းလေးပြည်သူ့ကာကွယ်ရေး (၁၀၀၉) တပ်ရင်းရဲ့ (၁) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့တယ်လို့ Inle People Defense Force – IPDFက သတင်းထုတ်ပြန်ထားပါတယ်။

Inle People Defense Force – IPDFရဲ့ နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားနဲ့အတူ စစ်သင်တန်းအပတ်စဉ် ၅/၂၀၂၃ သင်တန်းဆင်းပွဲကိုလည်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁၀၀၉) တပ်ရင်းနဲ့ နှစ်ပတ်လည်အခမ်းအနားကို တပ်ရင်း နောက်တန်းမှာရှိတဲ့ ရဲဘော်တွေ၊ ရဲမေတွေ၊ သင်တန်းသားတွေ၊ ညီနောင်မဟာမိတ်တပ်ရင်းတွေနဲ့အတူ တာဝန်ရှိသူတွေက အကျဉ်းချုံးကျင်းပခဲ့ကြတာပါ။အခမ်းအနားမှာ NUG အစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနကပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားတာ၊ အင်းလေး(၁၀၀၉) တပ်ရင်း ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်းကို ပြောဆိုတာ၊ တိုက်ပွဲ အတွေ့ အကြုံတွေကို ဝေမျှတာနဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ကို အားပြုရှေ့ဆက်ဖို့ အားပေးစကားပြောတာတွေ လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

(၁) နှစ်တာအတွင်း တပ်ရင်း(၁၀၀၉)မှ ရဲဘော်တွေရဲ့ စည်းကမ်းကောင်းမွန်ဆု၊ရဲဝံံ့ စွန့်စားဆု၊ အမိန့်နာခံမှုဆုနဲ့အတူ သင်တန်းသားအသစ်ရဲဘော်တွေရဲ့ သင်တန်းကာလတလျှောက် ကြိုးစား အားထုတ်လုပ်ဆောင်မှုတွေကို အမှတ်ပေးစည်းမျဉ်းအလိုက် ဆုချီမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရင်းမှာ ရောက်ရှိနေတဲ့ လေတပ် CDM ရဲဘော်ကို MOD ကပေးပို့တဲ့ (၂) နှစ်ပြည့် ခုခံတွန်းလှန်စစ် ဂုဏ်ပြု သူရဲကောင်းမှတ်တမ်းကို ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – IPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.