Indonesia's President Joko Widodo speaks about the planned new capital Nusantara, at Ecosperity Week in Singapore June 7, 2023. REUTERS/Edgar Su

ဂျာကာတာ – စက်တင်ဘာ(၁၃) 

စပါးအထွက်နည်းပါးလာတာကြောင့် ဆန်စျေးနှုန်းမြင့်တက်လာတာနဲ့အတူ မဟာမိတ်နိုင်ငံတွေ က ဆန်ဖြည့်တင်းမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်လာချိန် ပြည်တွင်းမှာ ဆန်အလုံ အလောက်ရှိတယ်လို့ သမ္မတ ဂျိုကို ဝီဒိုဒိုက ပြောပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းနေပေမယ့် ဆန်စျေးနှုန်းတွေဟာ ရာစုနှစ်တစ်ခုအတွင်း ဩဂုတ်လအတွင်း ဆန်တစ်ကီလိုဂရမ်ဟာ (၁.၆) ရာခိုင်နှုန်း​(၁၄၀၀၀) ရူပီယာအထိ မြင့် တက်လာတပါ။

အင်ဒိုဗဟိုဘဏ်အချက်အလက်တွေအရ ၂၀၁၇ ခုနှစ် မတ်လအတွင်းမှာ ဆန်စျေးနှုန်းအမြင့်ဆုံး ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

သမ္မတက သိုလှောင်ရုံတွေရှိ အစိုးရပိုင်ဆန်မှာ တန်ပေါင်း(၁.၆) မီလျံအထိရှိသလို တန်(၄)သိန်း ကို တင်သွင်းနေတယ်လို့ ဆိုပါတယ်။ 

“သာမန်ဆို ကျွန်ုပ်တို့မှာ ဆန်တန်ချိန် ၁.၂ မီလီယမ်လောက်သာရှိပေမယ့် အခုဆို တန်ချိန် ၂ မီလီယမ်လောက်ထိ ရှိထားပါတယ်။ ဒါကြောင့် စိုးရိမ်စရာမရှိပါဘူး” လို့ သမ္မတဝီဒိုဒိုက မြို့တော် ဂျာကာတာအနီးရှိ နိုင်ငံပိုင် စားနပ်ရိက္ခာ Procurement ကုမ္ပဏီ Bulog ​သိုလှောင်ရုံကို ရောက်နေ ချိန်မှာ ပြောခဲ့ပါတယ်။

သမ္မတက သိုလှောင်ရုံက ဆန်တွေကို ဝင်ငွေနည်းပါတဲ့ အိမ်ခြေ(၂၁၃၅) မီလျံအတွက် ဆန်(၆၄၀၀၀၀) တန်ကို ဖြန့်ဝေသွားမယ်လို့ အသိပေးထားပြီး ဝင်ငွေနည်းမိသားစုတွေ အတွက်ဆန်စျေးနှုန်းတက်တာကို ကာကွယ်ပေးမှာဖြစ်တယ်လို့ ပြောပါသေးတယ်။

ဆန်ကုန်စည်ဟာ လူဦးရေသန်း(၂၇၀) နေထိုင်တဲ့ အင်ဒိုနီးရှားအတွက် အဓိက အစားအစာ ဖြစ်ပြီး ဖေဖော်ဝါရီလ ရွေးကောက်ပွဲမတိုင်ခင် ဆန်စျေးပြောင်းလဲနိုင်တာဟာ နိုင်ငံရေးအရ ထိခိုက်လွယ်တဲ့ အခြေအနေမှာရှိတယ်လို့ သိရပါတယ်။

နိုင်ငံရဲ့ ခြောက်သွေပိုင်းဒေသတွေမှာ အယ်နီညိုရာသီဥတု ပိုမိုဆိုးရွားလာနိုင်တဲ့အတွက် အစိုးရ ဟာ ဆန်တန်ချိန်(၂.၃) မီလျံ တင်သွင်းဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် Bulog ကုမ္ပဏီအာဏာပိုင်တွေရဲ့ ပြောဆိုချက်အရ ဆန်တန်ချိန် (၄၅၃,၀၀၀) ကို စာချုပ်မချုပ်ရသေးဘူးလို့ဆိုပါတယ်။

အဲဒီကိစ္စအတွက် သမ္မတ ဂျိုကိုဝီဟာ ကမ္ဘောဒီးယား၊တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေနဲ့အတူ အနာဂတ် သွင်းကုန်လိုအပ်ချက်တွေအတွက် အသင့်ရှိတဲ့ သဘောတူညီချက်တွေကို ချုပ်ဆိုလို တယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားရဲ့ နိုင်ငံပိုင် စားနပ်ရိက္ခာ Procurement ကုမ္ပဏီ Bulog ဟာ ဆန်စပါးကို အဓိက အနေနဲ့ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့က တင်သွင်းနေတာဖြစ်ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.