ဖနွမ်းပင်၊ စက်တင်ဘာ(၁၃) 

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနတ်ဟာ တရုတ်နိုင်ငံကို အခုသီတင်းပတ်အတွင်း သွားရောက်ဖို့ရှိနေပြီး သမ္မတရှီကျင်ဖျင်နဲ့ တွေ့ဆုံသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

အဆင့်မြင့်ပုဂ္ဂိုလ်လီကျီရန်ရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟာ စက်တင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ တရားဝင်အလည်အပတ်ခရီးဖြင့် လာရောက်မှာဖြစ်တယ်လို့ တရုတ်နိုင် ငံခြားရေးဝန်ကြီး ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။ 

မစ္စတာဟွန်မာနတ်ဟာ တရုတ်ခရီးစဉ်အတွင်း တရုတ်အဆင့်မြင့်ပုဂ္ဂိုလ် လီကျီရန်၊ အမြဲတမ်း ကော်မတီဝင် ဥက္ကဌ ဇိုလီဂျီတို့နဲ့လည်း တွေ့ဆုံသွားမယ်လို့ သိရပါတယ်။ 

ဖနွမ်ပင်အစိုးရဟာ ဝန်ကြီးချုပ်ဟွန်ဆန်လက်အောက်မှာ တရုတ်နဲ့ အားကောင်းဆုံးမဟာမိတ် တွေအနက် တစ်ဦးဖြစ်လာပြီး တရုတ်ထံမှ ရင်းနှီးမြှုပ်နှံမှုတွေကို အလုံးအရင်းဖြင့်ရရှိထားတာ ပါ။ 

အခုခရီးစဉ်ဟာ လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ဂျာကာတာရှိ အာဆီယံခေါင်းဆောင်တွေနဲ့ အစည်းအဝေး ပြီးနောက် မစ္စတာဟွန်မာနတ်ဝန်ကြီးချုပ်ဖြစ်အပြီး ပထမဆုံးအကြိမ်အဖြစ် သွားရောက်ရတဲ့ ပြည်ပခ ရီးစဉ်လည်းဖြစ်ပါတယ်။ 

ဘေဂျင်းအစိုးရအနေနဲ့ အခုခရီးစဉ်မှတဆင့် တရုတ်နဲ့ကမ္ဘောဒီးယားတို့အကြား မဟာဗျူဟာ မြောက် ပူးပေါင်း ဆောင်ရွက်မှုအတွက် အစီအမံတွေချမှတ်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က ပြောကြားခဲ့ပါတယ်။ 

သြဂုတ်လအတွင်း မစ္စတာဟွန်မာနတ်မှ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရီနဲ့တွေ့ဆုံပြီးနောက် သူဦးဆောင်မယ့် အစိုးရအနေဖြင့် ထိုင်ဝမ်အရေးနဲ့ပတ်သက်လျှင် တရုတ်အမျိုးသားရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရေးအ တွက် ကတိပြုထားတဲ့အတိုင်း ရပ်တည်ချက်မပြောင်း လဲပါလို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသား ထားခဲ့တာပါ။ 

မစ္စတာဝမ်ရီရဲ့ ကမ္ဘောဒီးယားမိတ်ဖက်နဲ့ တွေ့ဆုံခဲ့တဲ့ခရီးစဉ်မှာ နိုင်ငံရဲ့အချုပ်အခြာအာဏာကို လေးစား လိုက်နာဖို့ ဘေဂျင်းရဲ့ “မယိမ်းယိုင်သော ကတိကဝတ်” ကို ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

 ဒါ့အပြင် ကမ္ဘောဒီးယားဘုရင့်နိုင်ငံတော်အတွက် တရုတ်နိုင်ငံရဲ့ ထောက်ခံမှုကို ပြသခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 Ref,AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.