September 12, 2023

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနတ် သမ္မတရှီနဲ့တွေ့ဆုံဖို့ အခုသီတင်းပတ်အတွင်း တရုတ်ကိုသွားမယ်

ဖနွမ်းပင်၊ စက်တင်ဘာ(၁၃) ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနတ်ဟာ တရုတ်နိုင်ငံကို အခုသီတင်းပတ်အတွင်း သွားရောက်ဖို့ရှိနေပြီး သမ္မတရှီကျင်ဖျင်နဲ့ တွေ့ဆုံသွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ အဆင့်မြင့်ပုဂ္ဂိုလ်လီကျီရန်ရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟာ စက်တင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ တရားဝင်အလည်အပတ်ခရီးဖြင့် လာရောက်မှာဖြစ်တယ်လို့ တရုတ်နိုင် ငံခြားရေးဝန်ကြီး ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။ မစ္စတာဟွန်မာနတ်ဟာ တရုတ်ခရီးစဉ်အတွင်း တရုတ်အဆင့်မြင့်ပုဂ္ဂိုလ်…

အမေရိကန်ရဲ့ သတိပေးမှုတွေရှိနေပေမယ့် မြောက်ကိုရီးယားခေါင်းဆောင် ရုရှားကိုသွားရောက်

ပြုံယမ်း – စက်တင်ဘာ(၁၃) မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ဝါရှင်တန်က လက်နက်ရောင်းဝယ်မှုမပြုလုပ်ဖို့ သတိပေးနေတဲ့ကြားက ရုရှားနိုင်ငံကို ရောက်ရှိနေတယ်လို့ ခိုင်မာတဲ့ သတင်းရင်းမြစ်တစ်ခုက ရိုက်တာကို အတည်ပြုခဲ့ပါတယ်။ ကင်ဂျုံအန်းဟာ ရုရှားနိုင်ငံကို သူ့ရဲ့ ကိုယ်ပိုင်မီးရထားနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထွက်ခွာခဲ့တာ ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက စက်တင်ဘာလ(၁၂) ရက်နေ့မှာ ဖော်ပြထား ပြီး ထိပ်တန်း လက်နက်လုပ်ငန်းတာဝန်ရှိသူတွေအပြင်…

ဆန်စျေးနှုန်းမြင့်တက်နေတာကြောင့် နိုင်ငံအတွင်း ဆန်အလုံအလောက် ဖြည့်ဆည်းဖို့ အင်ဒို သမ္မတပြော

ဂျာကာတာ – စက်တင်ဘာ(၁၃) စပါးအထွက်နည်းပါးလာတာကြောင့် ဆန်စျေးနှုန်းမြင့်တက်လာတာနဲ့အတူ မဟာမိတ်နိုင်ငံတွေ က ဆန်ဖြည့်တင်းမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်လာချိန် ပြည်တွင်းမှာ ဆန်အလုံ အလောက်ရှိတယ်လို့ သမ္မတ ဂျိုကို ဝီဒိုဒိုက ပြောပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းနေပေမယ့် ဆန်စျေးနှုန်းတွေဟာ ရာစုနှစ်တစ်ခုအတွင်း ဩဂုတ်လအတွင်း ဆန်တစ်ကီလိုဂရမ်ဟာ (၁.၆) ရာခိုင်နှုန်း​(၁၄၀၀၀) ရူပီယာအထိ မြင့် တက်လာတပါ။ အင်ဒိုဗဟိုဘဏ်အချက်အလက်တွေအရ…

ဆောမြို့ကို ကုန်ပစ္စည်းအဝင်ပိတ်အောင် စစ်တပ်လုပ်ဆောင်နေ

ဆော – စက်တင်ဘာ(၁၂) မကွေးတိုင်း၊ဆောမြို့နယ်ကိုလာမယ့် ကားတွေကို လမ်းပိတ်ပြီး ပြန်လွှတ်နေတာကြောင့် ကုန်ပစ္စည်း အဝင်ရပ်တန့်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၁) ရက်နေ့ကစပြီး အတက်ကား(ဆိပ်ဖြူ-ဆော) ကားတွေကို ပြန်လွှတ်နေတာကြောင့် မြို့ပေါ်မှာ ကုန်စျေးနှုန်းတွေမြင့်တက်နေတာပါ။ “ဆော၊ကန်ပက်လက်ဘက်၊ကျောက်ထုကိုတက်တဲ့ အတက်ကားတွေကို ကန်စွန်းမဂိတ်ကနေ ပြန် လွှတ်နေတာပါ။အဆင်းကားတွေကိုတော့ လက်ခံတယ်။ လမ်းပိတ်တဲ့အကြောင်းရင်းကိုတော့ မသိရသေးဘူး။မြို့ပေါ်မှာရှိတဲ့ ဆိုင်အချို့က ကုန်ပစ္စည်းတွေစျေးတင်ရောင်းနေကြပြီ။” လို့…

ဗိုလ်နဂါးဦးဆောင်တဲ့ BNRA ဖွဲ့စည်းမှု ဆွေးနွေးသဘောတူညီချက် လုံးဝမရှိခဲ့ဘူးလို့ NUG တုံ့ပြန်

မော်လမြိုင် – စက်တင်ဘာ(၁၂) ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) ဖွဲ့စည်းတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်း သဘောတူညီချက် လုံးဝမရှိခဲ့ဘူးလို့ NUG သမ္မတရုံးက စက်တင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်အရ မြေပြင်တော်လှန်ရေးခေါင်းဆောင် တွေကို အသိအမှတ်ပြုခြင်းနဲ့ တော်လှန်ရေးအတွက် စုစည်းညီညွတ်မှုကို အခြေတည်ပြီး ယာယီ သမ္မတ ဒူဝါလရှီးလနဲ့ကာကွယ်ရေးဝန်ကြီး…

အင်းလေးဒေသ PDF (၁) နှစ်ပြည့် အခမ်းအနား ကျင်းပ

အင်းလေး – စက်တင်ဘာ(၁၂) အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ရှမ်းပြည်နယ်တောင်ပိုင်း၊ အလယ်ပိုင်း တိုင်းစစ်ဒေသ(၃)၊ အင်းလေးပြည်သူ့ကာကွယ်ရေး (၁၀၀၉) တပ်ရင်းရဲ့ (၁) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့တယ်လို့ Inle People Defense Force – IPDFက သတင်းထုတ်ပြန်ထားပါတယ်။ Inle People Defense Force – IPDFရဲ့ နှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနားနဲ့အတူ စစ်သင်တန်းအပတ်စဉ် ၅/၂၀၂၃ သင်တန်းဆင်းပွဲကိုလည်း…

(MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါး နဲ့ ဆက်သွယ်မေးမြန်းချက်

“ရန်သူစစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေး၊ နယ်မြေစည်းလုံးရေးကို လုပ်နိုင်တဲ့အခြေအနေတော့ မရှိဘူး။ သူတို့ရဲ့တပ်နဲ့ မြို့တွေကာကွယ်ရေးကို ဆောင်ရွက်နေတာပဲရှိတယ်။ မြို့ပြအုပ်ချုပ်ရေး၊ ကာကွယ်ရေးဆိုတာ သူတို့ဘာမှလုပ်နိုင်မှု မရှိဘူးလို့ ကျွန်တော်ပြောချင်ပါတယ်” အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း မွန်ပြည်နယ်တောင်ပိုင်းဒေသကို တော်လှန်ရေးအင်အားစု ပူး ပေါင်းတပ်ဖွဲ့တွေဘက်က နယ်မြေထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းတာတွေ ရှိနေသလို စစ်ကောင်စီဘက်ကလည်း နယ်မြေလက်မလွှတ်ဖို့အတွက် စစ်ရေးပြင်ဆင်တာတွေ ဆက်တိုက်လုပ်နေတာပါတယ်။ ဒါကြောင့်လက်ရှိ နှစ်ဖက်စစ်ရေး အခြေအနေ၊ စစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်မှု၊…

KNLA တပ်မဟာမှူး ၃ ဦး ပြောင်းလဲခန့်အပ်

မော်လမြိုင်၊ စက်တင်ဘာ(၁၂) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၃)ခုရဲ့ တပ်မဟာမှူးတွေကို အသစ်ပြောင်းလဲခန့်အပ်လိုက်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KNLA တပ်မဟာ (၄)၊ တပ်မဟာ(၆)၊ တပ်မဟာ(၇) စုစုပေါင်း တပ်မဟာ(၃)ရဲ့ တပ်မဟာမှူးနဲ့ ဗျူဟာမှူးတွေကို အခုရက်ပိုင်းထဲ ပြောင်းလဲခန့်အပ်ခဲ့တာပါ။ တပ်မဟာ(၃) ခုရဲ့ တပ်မဟာမှူးတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…