ရေး၊ စက်တင်ဘာ(၇)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်းကမော့နဲ့ရွာသစ်ကျေးရွာတို့ကနေ အကြောင်းပြချက်မရှိဘဲ စစ်ကောင်စီတပ် ဖမ်းဆီးသွားခဲ့တဲ့ အရပ်သားပြည်သူ ၁၀ ဦးကို ငွေတောင်းပြီး ပြန်လွှတ်ပေးလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေးမြို့နယ် သံကဒိုက်ကျေးရွာအနီး တိုက်ပွဲဖြစ်ပြီးနောက်ပြီး စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့စက်တင်ဘာ ၁ ရက်နေ့က ကနင်းကမော့နဲ့ရွာသစ်ကျေးရွာနေ ခြံလုပ်သားတွေနဲ့ ဒေသခံ ၁၀ ဦးကို ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ၃ ရက်ကြာ ထိန်းသိမ်းပြီးနောက် စက်တင်ဘာ ၄ ရက်နေ့မှာ တစ်ဦးလျှင် ငွေကျပ် ၅ သိန်းကနေ ၁၀ သိန်းအထိ တောင်းခံပြီး ပြန်လွှတ်ပေးခဲ့တာပါ။

ဖမ်းဆီးခံဒေသခံတချို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်နဲ့ ပြန်လွှတ်ပေးခဲ့ပေမယ့် အများစုကတော့ စစ်ကောင်စီတပ် တောင်းခံတဲ့ငွေကြေး ပေးဆောင်ခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့က သံကဒိုက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပါက စစ်ကောင်စီတပ်ဟာ ဒေသခံအရပ်သား ပြည်သူတွေကို ဖမ်းဆီးပြီး ခြိမ်းခြောက်ငွေကြေး တောင်းခံမှုတွေ ဆက်တိုက်ကျူးလွန်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.