ဟောင်ကောင်၊ စက်တင်ဘာ(၃) 

တိုင်ဖွန်းမုန်တိုင်းဆောင်လာဟာ (စက်တင်ဘာ ၂ ရက်) အစောပိုင်းမှာ တရုတ်နိုင်ငံတောင်ပိုင်း ကမ်းခြေကို တိုက်ခတ်ပြီး အရှိန်လျော့သွားပေမယ့်လည်း အန္တရာယ်ရှိနေဆဲဖြစ်ပြီး ဆယ်စုနှစ် များစွာအတွင်း အပြင်းထန်ဆုံး မုန်တိုင်းတစ်ခုဖြစ်ခဲ့တယ်လို့ တရုတ်နိုင်ငံမိုးလေဝသဌာနက ပြောကြားခဲ့ပါတယ်။

 ဒီမုန်တိုင်းဟာ ခြိမ်းခြောက်မှုတစ်ရပ်အနေနဲ့ လူသန်းပေါင်းများစွာအပေါ်ရိုက်ခတ်နိုင်မယ်လို့ လည်း ကြိုတင် ခန့်မှန်းချက်ထုတ်ထားခဲ့တာပါ။ 

ဟောင်ကောင်၊ ရှန်ဇန်နဲ့ အခြားသော တရုတ်မြို့တော်တွေက လူဦးရေသန်းနဲ့ချီဟာ စူပါတိုင်ဖွန်းလို့ သတ်မှတ်ခံရတဲ့ တိုင်ဖုန်းဆောင်လာရဲ့ အန္တရာယ်အတွက် ကြိုတင်တွန်းလှန်နိုင်ခဲ့ပါတယ်။ 

တရုတ်နိုင်ငံရဲ့မိုးလေဝသဇလဗေဒဌာန ပြောကြားချက်အရ မုန်တိုင်းဆောင်လာဟာ စနေနေ့အထိ ဂူရန်ဒေါင် ခရိုင်ဒေသန္တရ ဇူဟိုင်းမြို့တော်ရဲ့ တောင်ဘက်သို့ စနေနေ့ ညနေ ၃ နာရီတွင်ဝင်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။ 

တရုတ်ခရိုင်ဒေသန္တရနှစ်ခုမှ လူပေါင်း ၈၈၀,၀၀၀ ကျော် ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင် နိုင်ခဲ့ပြီး တိုင်ဖွန်းမုန်တိုင်းဆောင်လာကုန်းတွင်းပိုင်းသို့ ဝင်ရောက်မှုကြောင့် ဒေသအတွင်းရှိ လေကြောင်းလိုင်း ရာနှင့်ချီ ဖျက်သိမ်းခဲ့ရပါတယ်။

 ဟောင်ကောင်မြို့ရှိ လမ်းမပေါ်က သစ်ပင်တွေအမြစ်ကျွတ်ထွက်မတတ်ဖြစ်ပေါ်ခဲ့ရတာပါ။ 

မိုးဇလပညာရှင်တွေရဲ့ ပြောကြားချက်အရ အမြင့်ဆုံးဒီရေ သမိုင်းဝင်မှတ်တမ်းရောက်ရှိနိုင်ပြီး ရေလွှမ်းမိုးမှု တွေပြင်းထန်စွာ ဖြစ်ပေါ်လျှက်ရှိတယ်လို့လည်း သိရပါတယ်။

 ၂၀၁၈ ခုနှစ်အတွင်း ဟောင်ကောင်မြို့အတွင်း တိုင်ဖွန်းမုန်တိုင်း Mangkut ဝင်ရောက်တိုက်ခိုက်ချိန်မှာတော့ အမြင့်ဆုံး သတိပေးချက်ထုတ်ပြန်ခဲ့ရပြီး သစ်ပင်တွေ ပြိုလဲခြင်း၊ ရေကြီးရေလျှံခြင်းနဲ့ လူပေါင်း ၃၀၀ ကျော်ကို ထိခိုက်ဒဏ်ရာတွေ ဖြစ်ပေါ်စေခဲ့တာပါ။ 

အဲဒီအချိန်က တရုတ်ပြည်မကြီးမှာ မုန်တိုင်း Mangkut ကြောင့် လူ ၆ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၃ သန်း ကျော်လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ 

Ref,CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.