ခင်ဦး – စက်တက်ဘာ(၁)

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီနေ့ စက်တင်ဘာလ(၁) ရက်နေ့ မနက်ပိုင်းက လက်ပံလှအနောက်ဘက် ရွာသန်းရွာ အရှေ့မြောက်ဘက်ကိုတက်လာချိန်မှာ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊တိုက်နယ် (ပ.က.ဖ) ခေါင်းဆောင်နဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတာ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

ထိတွေ့တိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဘက်က အများအပြား ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့ပြီး အထမ်းတွေနဲ့ ပေါက်တုံရွာဘက်ကို ထမ်းသွားတာကို ရဲဘော်တွေ မျက်မြင်တွေ့ရှိခဲ့ရတယ်လို့ ဆိုထားပါတယ်။

တိုက်ပွဲမှာ သေဆုံးခဲ့တဲ့စစ်ကောင်စီတပ်သားနှစ်ဦးရဲ့ အလောင်းတွေကို လောင်းရှည်ရွာ မြောက်ဘက်အဝင်မှာရှိတဲ့ နေအိမ်တစ်လုံးထဲထည့်ပြီး အိမ်နဲ့အတူ မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ခင်ဦးကို စစ်ကြောင်းဆက်ထိုးနေသေးတဲ့အတွက် လောင်းရှည်၊လက်ပံလှ၊ ရွာသန်း၊ပေါက်တုံ၊ကျီးကန်နဲ့ ရေအေးကုန်းကျေးရွာတွေက ဒေသခံ(၆၀၀၀) ကျော်ထွက်ပြေးနေရပြီး အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ခင်ဦးသတင်းမှန်ပြန်ကြားရေး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.