မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြဖို့ နိုင်ဟံသာတိုက်တွန်း
ရေး၊ သြဂုတ်(၃၀) မွန်ပြည်သစ်ပါတီ လက်အောက်ခံ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မွန်တစ်မျိုးသားလုံး ဝိုင်းဝန်းကြိုးပမ်း ထိန်းသိမ်းဆောင်ရွက်သွားကြဖို့ ပါတီဥက္ကဌ နိုင်ဟံသာက တိုက်တွန်းလိုက်ပါတယ်။ ဩဂုတ် ၂၉ ရက်နေ့မှာ ကျရောက်တဲ့ မွန်တိုင်းရင်းသားတွေရဲ့ ဝါရင့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ဖွဲ့စည်းတည်ထောင်ခြင်း ၅၂ နှစ်ပြည့်အတွက် နိုင်ဟံသာပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။ နိုင်ဟံသာက ‘နိုင်ငံရေးအာဏာဟာ သေနတ်ပြောင်းဝက…