August 2023

အင်ဒိုနီးရှား ရဲဌာနကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ IS စစ်သွေးကြွတစ်ဦးဖမ်းဆီးခံရ

ဂျကာတာ – ဩဂုတ်(၁၆) ရဲတပ်ဖွဲ့လုံခြုံရေးဌာနချုပ်ကို တိုက်ခိုက်ဖို့ကြံစည်မှုနဲ့ သံသယရှိသူ (IS) သစ္စာခံတစ်ဦးကို အင်ဒို နီးရှားအကြမ်းဖက်မှု တန်ပြန်ရေးအဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဩဂုတ်လ(၁၅) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဒန်ဆက်စ်(Densus 88) အကြမ်းဖက်မှု တန်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အဲဒီအမျိုးသားကို မြို့တော်ဂျကာတာ အပြင်ဘက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဝင်ရောက်စီးနင်းခဲ့ ချိန်မှာ IS အလံ၊ခဲယမ်းမီးကျောက်တွေနဲ့…

ထိုင်းမှာ MPox ကူးစက်ခံရတဲ့ အမျိုးသားတစ်ဦး ပထမဆုံးသေဆုံး

ဘန်ကောက် – ဩဂုတ်(၁၆) HIV ရောဂါကူးစက်ခံထားရတဲ့ ထိုင်းနိုင်ငံသားတစ်ဦးဟာ Monkey Pox လို့လူသိများတဲ့ MPox ရောဂါ ကူးစက်ခံရပြီးနောက် ပထမဆုံးသေဆုံးခဲ့တယ်လို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဦးစီးဌာန က ဩဂုတ်လ(၁၄) ရက်နေ့မှာပြောခဲ့ပါတယ်။ သေဆုံးသူဟာ အသက်(၃၄) နှစ်အရွယ်ရှိတဲ့ ချွန်ဘူရီခရိုင်မှာ နေထိုင်သူဖြစ်ကာ သူဟာ အဖျား တက်တာ၊ခေါင်းကိုင်တာ၊အဖုတွေနဲ့ အရည်ကြည်ဖုတွေ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ဖြစ်ပွား ပြီးနောက်…

ရခိုင်အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်ညိုအေး အပါအဝင် (၅) ဦးဖမ်းခံရ

စစ်တွေ – ဩဂုတ်(၁၅) ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ရခိုင်အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါ်ညိုအေးဆိုသူ အပါအဝင် အရပ်သား(၅) ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွားတယ် လို့မိသားစုဝင်တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ နေ့လည်ပိုင်းက ဒေါ်ညိုအေးရဲ့ နေအိမ်ကို ရဲနဲ့အရပ်ဝတ်တွေရောက်ရှိလာပြီး မေးမြန်းစရာရှိတယ်လို့ဆိုကာ ခေါ်ဆောင်သွားပြီးနောက် ဖမ်းဆီးခဲ့တာပါ။ “ကျွန်မတို့အမေက အသက် ၆၇နှစ် ရှိပါပြီ သွေးတိုးရော ဆီးချိုရောရှိပါတယ်။ သူထမင်းမစားခင်…

“(စစ်ကောင်စီ)က ဟိုအဖွဲ့ကိုခေါ်တွေ့လိုက်၊ ဒီအဖွဲ့ကိုခေါ်တွေ့လိုက်နဲ့ ဟိုနားမက်လုံးပေး၊ ဒီနားမက်လုံးပေးနဲ့ မရိုးနိုင်တဲ့ မဲပြာပုဆိုးဟောင်းကိုပဲ ဝတ်ပြနေတာ။ ကျွန်တော်တို့က ဒီလိုငြိမ်းချမ်းရေးဖော်ဆောင်မှုမျိုးကို ဘယ်လိုမှ လက်ခံလို့မရဘူး”

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးပေါင်းပြီး နွေဦးတော်လှန်ရေး အတူတကွလက်တွဲ တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဘုံရပ်တည်ချက် သဘောထား ပူးတွဲထုတ်ပြန်ချက်ကို သြဂုတ် ၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ အဲဒီပူးတွဲကြေညာချက်ထဲမှာ နွေဦးတော်လှန်ရေးမှာ (Regime Change) အုပ်ချုပ်သူအပြောင်းအလဲမဟုတ်တဲ့ ခေတ်စနစ်အပြောင်းအလဲ (System Change) ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံးတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု…

ကင်မွန်းချောင်းရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရ၊ စစ်တပ်ရမ်းသမ်းပစ်ခတ်လို့ ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရ

ကျိုက်ထို၊ သြဂုတ်(၁၅) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေပါ တပ်စွဲနေထိုင်နေတဲ့ ကင်မွန်းချောင်းရဲစခန်းကို သြဂုတ် ၁၃ ရက်နေ့ နေ့လည်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့…

စစ်အာဏာသိမ်း (၉၂၅)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၉၂၇ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်(၁၅) AAPP ရဲ့ သြဂုတ်(၁၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၂၅)ရက်အတွင်း ပြည်သူ (၃၉၂၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၂၅၇ ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၅၀၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

မော်လမြိုင်လမ်းမီးတွေကို စစ်ကောင်စီ လိုက်လံဖြုတ်သိမ်းနေ

မော်လမြိုင်၊ သြဂုတ်(၁၅) ဝန်အားပျောက်ဆုံးမှု အကြောင်းပြချက်နဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်း ကိုယ်ထူကိုယ်ထ ထွန်းထားတဲ့ လမ်းမီးတွေကို စစ်ကောင်စီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းကနေ လိုက်လံ ဖြုတ်သိမ်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက ရပ်ကွက်ကျေးရွာတချို့ရှိ လမ်းကြိုလမ်းကြားတွေမှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကို အကြောင်းကြားထားခြင်းမရှိဘဲ တရားမဝင်လမ်းမီးတွေ တပ်ဆင်အသုံးပြုမှု စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။ တရားမဝင်လမ်းမီးတွေ အလွန်များပြားနေတာကြောင့် ယူနစ်ပျောက်ဆုံးမှု…

စနစ်ပြောင်းတော်လှန်းရေးအတွက် အမူအကျင့်ဟောင်းတွေပြင်ရမယ်လို့ KNU ပြော

ကော့ကရိတ်၊ သြဂုတ်(၁၅) နွေဦးတော်လှန်ရေးဟာ အုပ်ချုပ်သူအပြောင်းအလဲ မဟုတ်ဘဲ စနစ်ပြောင်းတော်လှန်ရေးဖြစ်တဲ့အတွက် အမူအကျင့်ဟောင်းတွေ ပြောင်းလဲပစ်ရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုစောတောနီးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကိုလိုနီနယ်ချဲ့ကနေ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ အုပ်ချုပ်သူပြောင်းလဲသွားသည့်တိုင် စစ်တပ်ကတော့ ၁၉၅၈ ခုနှစ်ကစပြီး နှစ်ပေါင်း ၇၀ ကျော် ဒီကနေ့ကာလအထိ တိုင်းပြည်အတွက် အကြီးမားဆုံး အတားအဆီးဖြစ်နေတာပါ။ မြန်မာစစ်တပ်ဟာ စစ်ရေးသာမက…