August 2023

ရွှေ၊ ဒေါ်လာနဲ့ဘတ်ဈေး တရှိန်ထိုးတက်လာပြီး အရောင်းအဝယ် အားလုံးနီးပါးရပ်ဆိုင်း

မော်လမြိုင်၊ သြဂုတ်(၁၇) ပြည်တွင်း ရွှေ၊ ဒေါ်လာနဲ့ ဘတ်ငွေဈေးနှုန်းဟာ သြဂုတ် ၁၆ ရက်နေ့မှာ တရှိန်ထိုးတက်လာပြီးနောက် ဈေးကွက်အတွင်း အရောင်းအဝယ် အားလုံးနီးပါး ရပ်ဆိုင်းသွားပြီလို့ ငွေလဲလုပ်ကိုင်သူတွေနဲ့ ရွှေလုပ် ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သြဂုတ်လဆန်းပိုင်းက အမေရိကန်တစ်ဒေါ်လာ ကျပ် ၃၁၀၀ ဝန်းကျင်သာရှိခဲ့တဲ့ ဒေါ်လာဈေးနှုန်းဟာ ကျပ် ၃၇၀၀ ကျော်အထိ ဈေးနှုန်းထိုးတက်လာပြီး ဘတ်ဈေးကလည်း…

နိုင်ငံတကာအကူအညီ ရရှိမှုနည်းပါးခဲ့တယ်လို့ စစ်ခေါင်းဆောင်ငြီးတွား

နေပြည်တော်၊ သြဂုတ်(၁၇) မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါဖြစ်ပွားချိန်နဲ့ မိုခါမုန်တိုင်းဖြစ်ပွားချိန်အတွင်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီပေးမှုတွေ နည်းပါးခဲ့တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။ ဩဂုတ် ၁၅ ရက်နေ့က ကုလသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အကြီးအကဲဖြစ်သူ မာတင်ဂရစ်ဖစ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာ တွေ့ဆုံစဉ်ပြောဆိုခဲ့တာပါ။ ဒီတွေ့ဆုံမှုမှာ လူသားချင်းစာနာထောက်ထားမှု…

မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ် ထပ်မံတိုက်ခိုက်ခံရ

ကျိုက်ထို၊ သြဂုတ်(၁၇) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို သြဂုတ် ၁၆ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ စစ်ကောင်စီတပ်အပြင် ရဲတပ်ဖွဲ့ဝင်အင်အား ၄၀ ကျော် တပ်စွဲနေထိုင်တဲ့ အဲဒီစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး ၄၀…

ကျောက်ကြီးမြို့နယ်ကို မြန်မာစစ်တပ် လေကြောင်းတိုက်ခိုက်မှု အဆိုးဝါးဆုံးကျူးလွန်

ကျောက်ကြီး၊ သြဂုတ်(၁၇) စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ထဲကို ရက်ပေါင်း ၁၀၀ အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၃၃ ကြိမ်နဲ့ လက်နက်ကြီးပစ်ခတ်မှု အကြိမ် ၄၀၀ ကျော် ပြုလုပ်ခဲ့တယ်လို့ ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်ပါတယ်။ KNU ကျောက်ကြီးမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ ၁ ရက်နေ့ကနေ သြဂုတ် ၁၅…

မုံရွာအကျဉ်းထောင်ကထွက်လာတဲ့အချုပ်ကား တိုက်ခိုက်ခံရ နှစ်ဦးသေဆုံး

မုံရွာ – ဩဂုတ်(၁၆) စစ်ကိုင်းတိုင်း၊မုံရွာအကျဉ်းထောင်ကနေ မန္တလေးအကျဉ်းထောင်ကို သွားတဲ့ အချုပ်ကား မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတဲ့အတွက် နိုင်ငံရေးအကျဉ်းသားနှစ်ဦး သေဆုံးသွားတယ်လို့ မိသားစုဝင်တွေကို စစ်ကောင်စီတပ်က အကြောင်းကြားလာပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၁၅) ရက်နေ့က မုံရွာသပိတ်ဦးဆောင်ကော်မတီဝင် ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်ကို မုံရွာကနေ မန္တလေးနဲ့ မြင်းခြံထောင်တွေကို ပြောင်းရွှေ့ချိန် မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် အကျဉ်းသားနှစ်ဦးသေဆုံးခဲ့ရတာပါ။ ” မနေ့က မိသားစုကို…

ထိုင်ဝမ်ရဲ့ပဋိပက္ခဖြစ်နိုင်ခြေကို အဓိကစိုးရိမ်စရာအဖြစ် ဖိလစ်ပိုင်ရှူမြင်

မနီလာ၊ သြဂုတ်(၁၇) ဖိလစ်ပိုင်နိုင်ငံဟာ ဩဂုတ်လ (၁၅) ရက်နေ့မှာ ထုတ်ပြန်တဲ့ခြောက်နှစ်ကြာ အမျိုးသားလုံခြုံရေး မူဝါဒအရ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို လိုက်နာကာ မဟာမိတ်တွေနဲ့ဆက်ဆံရေးကို ခိုင်မာစေဖို့လိုအပ်နေတယ် လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံအနေနဲ့လည်း ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မြှင့်တင်ဖို့ ကြိုးပမ်းနေတာပါ။ သမ္မ တဖာဒီနန်မားကို့စ်ဂျူနီယာက မကြာသေးမီက အတည်ပြုခဲ့တဲ့စာမျက်နှာ (၄၈) မျက်နှာပါ အမျိုးသားလုံခြုံရေး မူဝါဒ…

Pheu Thai ပါတီရဲ့ ပြည်သူတွေကို ဘတ်တစ်သောင်းပေးမယ့် မူဝါဒ ပြန်သုံးသပ်ဖို့ တောင်းဆို နေ

ဘန်ကောက် – ဩဂုတ်(၁၇) Pheu Thai ပါတီအဆိုပြုထားတဲ့ ပြည်သူတွေကို ဘတ်တစ်သောင်း ပေးမယ့်မူဝါဒ အကောင် အထည်မဖော်ခင် စီးပွားရေးဆိုင်ရာ အကဲဖြတ်ဆန်းစစ်သင့်တယ်လို့ ထိုင်းနိုင်ငံကုန်သည်ကြီး များအသင်းက ပါတီအစိုးရသစ်ကို တောင်းဆိုလိုက်ပါတယ်။ ထိုင်းကုန်သည်ကြီးများအသင်းက များပြားလှတဲ့ အသုံးစရိတ်လိုအပ်တဲ့ အဲဒီမူဝါဒဟာ စီးပွားရေးအရ အောင်မြင်မှုအတွက် အထူးဂရုပြုပြီး ဆန်းစစ်သင့်တယ်လို့ ဆိုခဲ့တာပါ။ အဲဲဒီမူဝါဒဟာ အလားလာရှိပေမယ့် ပေးအပ်မယ့် ရန်ပုံငွေ…

သီရီလင်္ကာမှာ ထရပ်ကားအပါအဝင် အကြီးစားယာဉ်တင်သွင်းခွင့်ပိတ်ပင်ထားတာကို ရုပ်သိမ်း

ကိုလံဘို – ဩဂုတ်(၁၇) သီရိလင်္ကာနိုင်ငံမှာ ထရပ်ကားနဲ့ အကြီးစားယာဉ်တင်သွင်းတာတွေကိုပြီးခဲ့တဲ့ ဩဂုတ်လ(၁၅) ရက်နေ့မှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်တယ်လို့ ဂေဇက်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒေါ်လာငွေရှားပါးလာတာနဲ့အတူ နိုင်ငံရဲ့စီးပွားရေး ဆိုးရွားစွာပြတ်တောက်သွားတဲ့ ဘဏ္ဍာရေး အကျပ်အတည်ကြောင့် ချမှတ်ထားတဲ့ သွင်းကုန်ကန့်သတ်ချက်တွေကို တဖြည်းဖြည်း ဖြေလျှော့ ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ ဒီဖြေလျှော့မှုဟာ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လက ချမှတ်ထားတဲ့ မော်တော်ယာဉ်များဆိုင်ရာ ကန့်သတ်ချက်တချို့ကို…