ကွာလာလမ်ပူ၊ စက်တင်ဘာ(၁)
တောင်တရုတ်ပင်လယ်ရှိ မလေးရှားကမ်းရိုးတန်းမှ ရေပိုင်နက်ကို ပိုင်ဆိုင်ကြောင်း တရုတ်မြေပုံစံနှုန်းအသစ် သတ်မှတ်ချက်ကို မလေးရှားအစိုးရမှ ပယ်ချလိုက်ပါတယ်။
အဲဒီလိုပယ်ချလိုက်ပြီးတဲ့နောက်မှာ ရေနယ်နိမိတ်ပိုင်ဆိုင်ရေးကို အခိုင်အမာပြောဆိုနေတဲ့ ဘေဂျင်းအစိုးရရဲ့ နောက်ဆုံးပေါ်စကားလုံးတွေလည်းပေါ်ထွက်လာခဲ့ပါတယ်။
တရုတ်ဟာ တောင်တရုတ်ပင်လယ်တစ်ခုလုံးကို သူတို့ပိုင်ဆိုင်ကြောင်း ကြွေးကြော်ထားပြီး အဲဒီရေလမ်း ကြောင်းကနေ နှစ်စဉ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ထရီလီယမ်ချီပြီး ရှာဖွေနိုင် တာလည်းဖြစ်ပါတယ်။
မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ဘရူနိုင်းတို့ဟာ ပင်လယ်ရဲ့နေရာအစိတ်အပိုင်းအတော်များ များကို တောင်းဆိုထားပြီး နိုင်ငံတကာရေပိုင်နက်အတွင်း ရေကြောင်းလွတ်လပ်ခွင့်ခိုင်မာစေဖို့ အမေရိကန်ပြည်ထောင်စုကလည်း သင်္ဘောတွေကို လွှတ်ထားတာပါ။
မလေးရှားရဲ့ သီးသန့်စီးပွားရေးဇုန် ဘော်နီယိုကျွန်းရှိ Sabah နဲ့ Sarawak ပြည်နယ်တွေရဲ့ ကမ်းလွန်ပင်လယ်ပြင်အထိ တစ်ဖက်သတ်တောင်းဆိုမှုတွေပါဝင်သော“စံမြေပုံ” ကို တရုတ်အစိုးရက အခုသီတင်းပတ်မှာ ထုတ်ပြန်ခဲ့တာပါ။
မလေးရှားရဲ့ ရေကြောင်းဧရိယာကို လွှမ်းခြုံထားတဲ့ တရုတ်ရဲ့၂၀၂၃ စံမြေပုံပါအတိုင်း တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်ရဲ့တောင်းဆိုမှုတွေကို အသိအမှတ်ပြုမှာမဟုတ် ကြောင်းလည်း မလေးနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီကိစ္စဟာရှုပ်ထွေးပြီး ထိရှလွယ်တာကြောင့် နိုင်ငံတကာဥပဒေကို အခြေခံ၍ ဆွေးနွေးမှုများ မှတဆင့် ငြိမ်းချမ်းအချိုးကျစွာ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း ကွာလာလမ်ပူအစိုးရက ပြော ကြားခဲ့တာဖြစ်ပါတယ်။
မကြာသေးမီအတွင်းက ဆွေးနွေးထားတဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ရေကြောင်းပြဿ နာတွေကို လွှမ်းခြုံဖြေရှင်းပေးနိုင်မယ့် Code of Conduct ဖန်တီးရေးကို သဘောတူကြောင်း မလေးရှားမှ ထောက်ခံခဲ့ပါတယ်။
တရုတ်ရေယာဉ်တွေဟာ မလေးရှားရဲ့အထူးစီးပွားရေးဇုံအတွင်း ဝင်ရောက်ခဲ့တဲ့အတွက် ကြောင့်လည်း ဘေဂျင်းရဲ့ သံတမန်ကို ကွာလာလမ်ပူအစိုးရမှ ဆင့်ခေါ်ခဲ့ဖူးပါတယ်။
မလေးရှားဟာ ဘော်နီအိုကျွန်းရဲ့မြောက်ဘက်တောင်တရုတ်ပင်လယ်နေရာကို တောင်းဆိုထားပြီး မကြာသေးမီကာလများအတွင်း တရုတ်အစိုးရက ကျွန်းတုတွေကို တည်ဆောက်ခဲ့ကစစ်သုံးအဆောက်အအုံတွေနဲ့ လေယာဉ်ပြေးလမ်းတွေကို ချထားခဲ့တာပါ။
ဒါ့အပြင်အရှေ့တောင်အာရှ နိုင်ငံတွေကလည်း တရုတ်ရဲ့ ငါးဖမ်းလှေတွေဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ရေပိုင် နက်သို့ ခိုးဝင်လျှက်ရှိကြောင်း ပြောကြားထားပါတယ်။
Ref: AFP