ပေကျင်း – ဩဂုတ်(၃၁)
တရုတ်နိုင်ငံမှာ မိုးသက်မုန်တိုင်းကျရောက်မှုကြောင့် လူ(၄) ဦးသေဆုံးကာ ဒါဇင်နဲ့ချီ ပျောက်ဆုံး နေတယ်လို့ နိုင်ငံပိုင် မီဒီယာက ဩဂုတ်လ(၃၀) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ(၂၁) ရက်နေ့က တောင်တန်းထူထပ်တဲ့ ဂျင်ယန်မှာ ဆိုးရွားစွာ မိုးရွာခဲ့ပြီး နောက်ဆက်တွဲပျက်စီးဆုံးရှုံးမှုတွေကိုတော့ မသိရသေးပါဘူး။
မိုးရွာပြီး တစ်ပတ်ကျော်အကြာမှာတော့ နိုင်ငံပိုင်ရုပ်သံ CCTV က မုန်တိုင်းဟာ လူပေါင်း (၂၀၀) ကျော် အလုပ်လုပ်ကိုင်နေတဲ့ သံမဏိထုတ်လုပ်ရေး လုပ်ငန်းတစ်ခုလုံးကို ရေလွှမ်းမိုးမှုတွေ ဖြစ် ပေါ်စေခဲ့တာပါ။
“လက်ရှိတွင် ရေလွှမ်းမိုးမှုများကြောင့် လူ ၄ ဦးသေဆုံးထားပြီး ၄၈ ဦး ပျောက်ဆုံးနေကာ ကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်နေဆဲဖြစ်ပါတယ်”လို့ CCTV သတင်းဌာနက အစီရင်ခံထားပါတယ်။
ဒါ့အပြင် လုံခြုံရေး အဖြစ်အပျက်ကို သတင်းပို့ဖို့ ပျက်ကွက်တာဒါမှမဟုတ် မှားယွင်းစွာ သတင်းပို့တဲ့အတွက် လူ(၅) ဦးကို ဖမ်းဆီးထားတယ်လို့ ဖော်ပြထားပါတယ်။
ပျောက်ဆုံးနေတဲ့လူတွေကို ရှာဖွေရေး တက်စွမ်းသမျှအကုန်ဆောင်ရွက်ဖို့နဲ့ ထိခိုက်ခံရသူတွေရဲ့ မိသားစုတွေကို သက်တောင့်သက်သာ ဖြစ်စေရေး ဆောင်ရွက်ပေးဖို့ သမ္မတရှီက အာဏာပိုင်တွေ ကို အမိန့်ပေးထားပါတယ်။
အာဏာပိုင်တွေရဲ့ ပြောဆိုချက်အရ လွန်ခဲ့တဲ့လအတွင်း တိုင်ဖွန်းမုန်တိုင်း Doksuri ကြောင့် တရုတ်မြောက်ဘက် တစ်လျှောက်မှာ စံချိန်တင်မိုးသည်ထန်မှုဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံးလူ (၇၈) ဦးသေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။
တရုတ်နိုင်ငံဟာ မကြာသေးခင်လတွေအတွင်း ဆိုးရွားတဲ့ ရာသီဥတုတွေကြောင့် သဘာဝဘေး အန္တရာယ်တွေကို ဆက်တိုက်ကြုံတွေ့နေရတာဖြစ်ပါတယ်။
လူသားတွေကြောင့် ဖြစ်ပေါ်လာရတဲ့ ကမ္ဘာကြီးပူနွေးလာမှုဟာ ပြင်းထန်တဲ့ ရာသီဥတုဖြစ်စဉ် တွေကို ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်စေပြီး အဲဒီဖြစ်စဉ်တွေကို ပိုမိုတိုးပွားအောင်လုပ်လေလေ လူသေဆုံးမှုဖြစ်စဉ်တွေပိုများလာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။
Ref:AFP