သပိတ်ကျင်း – ဩဂုတ်(၂၈)

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာအနီးက စစ်ကောင်စီ သပိတ်ကျင်းအခြေစိုက် အမှတ်(၂) စစ်အခြေခံလေ့ကျင့်ရေး တပ်အနီးဂိတ်စခန်းကို PDF တွေဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အတွက် ဂိတ်စောင့်ရဲ(၁) ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပ.က.ဖ က ဒီနေ့ရက်စွဲနဲ့သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၂၆) ရက်နေ့ နေ့လည်ပိုင်းက သပိတ်ကျင်းမြို့နယ် ပ.က.ဖ၊TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ ရဲဘော်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုမှာ (၅)မိနစ်သာကြာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိခဲ့ဘဲ စစ်ကောင်စီ ဘက်က ရဲတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး G-3 သေနတ်(၁)လက် သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိနာနေတဲ့အတွက် ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TBK

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.