တိုကျို၊ သြဂုတ်(၃၀)

ဖူကူရှီးမားရေဆိုးထုတ်လွှတ်ပြီးနောက်မှာ တရုတ်နိုင်ငံကလို့ ထင်မြင်ယူဆရတဲ့ စိတ်ပျက်စရာကောင်းပြီး ခြိမ်းခြောက်ပြောဆိုတဲ့ ဖုန်းခေါ်ဆိုမှုတွေကို အကြိမ်ပေါင်းများစွာ လက်ခံရရှိခဲ့တယ်လို့ ဂျပန်အစိုးရက ပြောကြားခဲ့ပါတယ်။ 

တိုကျိုက တရုတ်သံရုံးဘက်ကလည်း ဂျပန်အစိုးရထံကနေ အဖျက်အမှောင့် ဖုန်းကောတွေ လက်ခံရရှိခဲ့ တယ်လို့ တုံ့ပြန် ပြောကြားခဲ့ပြန်ပါတယ်။

 “တရုတ်နိုင်ငံဘက်ကလာတဲ့ မြောက်များစွာသော ခြိမ်းခြောက်တဲ့ ဖုန်းကောတွေကို ဂျပန်က လက်ခံရရှိ ထားပါတယ်။ သက်ဆိုင်ရာ ဌာနတွေအနေနဲ့လည်း လွန်စွာစိတ်ပျက်သလို စိုးရိမ် ပူပန်မိတာလည်း ရှိပါတယ်”လို့ ဂျပန်အစိုးရအဖွဲ့ အကြီးအကဲ အစိုးရပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဒီလိုခေါ်ဆိုမှုတွေအတွက် တရုတ်သံတမန်ကို ဆင့်ခေါ်ခဲ့ရကြောင်းလည်း ဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

 ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူက မသိရှိ ကြောင်းတုံ့ပြန်ထားသလို တိုကျိုအခြေစိုက် တရုတ်သံရုံးအနေနဲ့ ဂျပန်အစိုးရထံကနေ ခြိမ်းခြောက်ဖုန်းခေါ်ဆိုမှုတွေ လက်ခံရရှိထားတယ် လို့ ဆိုလာတာပါ။ 

ဒီလိုဖုန်းခေါ်ဆိုတဲ့လုပ်ရပ်က သံရုံးရဲ့လုပ်ငန်းခွင်ကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုပြီး ထုတ်ပြန်ချက် တစ်ရပ်ပြန်လည်ထုတ်ပြန် ပြောကြားခဲ့ပါတယ်။ 

ဂျပန်အစိုးရရဲ့ထုတ်ပြန်ချက်မှာတော့ ခြိမ်းခြောက်ဖုန်းခေါ်ဆိုမှုတွေကို တရုတ်အခြေစိုက် ဂျပန်ပိုင် အစုအဖွဲ့ တွေထံထိပါ လက်ခံရရှိထားပြီး ဂျပန်ပြည်သူတွေရဲ့ လုံခြုံရေးကို သေချာအောင်ဆောင်ရွက်ပေးဖို့ လုပ် ဆောင်ထားတယ်လို့ သိရပါတယ်။ 

ဖူကူရှီးမားမြို့တော်ခန်းမထဲမှာ ရေဆိုးထုတ်လွှတ်ပြီးနောက်တစ်နေ့မှာ တရုတ်နိုင်ငံရဲ့ ကုဒ် +86 ဖြင့်စတဲံ ဖုန်းခေါ်ဆိုမှုကို စတင်လက်ခံခဲ့ပြီး ဖုန်းခေါ်ဆိုမှု အကြိမ်ရေ ၂၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီလိုခေါ်ဆိုမှုတွေကြောင့် မြို့တော်ဝန်ထမ်းတွေရဲ့ သာမန်အလုပ်တွေကို အနှောင့်အယှက်ဖြစ်စေ ကြောင်း မြို့တော်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် လက်ရှိအချိန်အထိ အလားတူဖုန်းခေါ်ဆိုမှု ဖြစ်ရပ်တွေ ဂျပန်နိုင်ငံနေရာအနှံ့အပြားမှာ ဖြစ်ပေါ်နေ ကြောင်းလည်း ပြောကြားထားပါတယ်။

 ဒီအခြေအနေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝန်ဝီဘင် က “တရုတ်အနေ နဲ့ နိုင်ငံအတွင်းရှိ ပြည်ပနိုင်ငံသားတွေရဲ့ အခွင့်အရေးတွေနဲ့ အကျိုးစီးပွားကို ဥပဒေအရ အမြဲလုံခြုံမှုပေးပြီးသားပါ” လို့ ပြောကြားခဲ့တာပါ။ 

ဖူကူရှီးမားဓါတ်ပေါင်းဖိုမှရေဆိုးတွေကို သန့်စင်ပြီးမှ ထုတ်လွှတ်ခြင်းဖြစ်ကြောင်း ဂျပန်ကပြော ထားပေမယ့် လည်း ရေဆိုးတွေဟာ ဘေးကင်းကြောင်း သက်သေမပြခဲ့တဲ့အတွက် ဂျပန်ရဲ့ ရေ ထွက်ပစ္စည်းအားလုံးကို တားမြစ်ပိတ်ပင်ထားတယ်လို့ တရုတ်က ပြောကြားခဲ့ပါတယ်။ 

Ref,CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.