ပါရီ – ဩဂုတ်(၂၉) 

ပြင်သစ်နိုင်ငံကကျောင်းတွေမှာ မွတ်ဆလင်အမျိုးသမီးတွေဝတ်ဆင်ကြတဲ့ ဝတ်ရုံရှည် အဘာ ယာဝတ်စုံကို အစိုးရပိုင်အဆောက်အအဦးတွေမှာ မဝတ်ဆင်ဖို့ အစိုးရက တားမြစ် သွားဖို့ ရှိနေ တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

နွေရာသီစောပိုင်းမှာ ရာထူးတိုးမြှင့်ခံခဲ့ရတဲ့ ပညာရေးဝန်ကြီး ဂေဘရီယာယ် အတ်တဲလ်က ဩဂုတ်လ(၂၇) ရက်နေ့ နှောင်းပိုင်းရှိ ပြင်သစ်ရုပ်မြင်သံကြားလိုင်း TF-1 နဲ့ အင်တာဗျူးတစ်ခုမှာ အဲဒီကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။ 

“သင့်အနေနဲ့ စာသင်ခန်းထဲကို လျှောက်သွားတဲ့အခါ တပည့်တွေရဲ့ ဘာသာတရားကို ကြည့်ရုံနဲ့ မခွဲခြားနိုင်ပါဘူး” လို့ ဝန်ကြီးက ပြောခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်က ပြင်သစ်ဥပဒေကျောင်းတွေမှာ ကျောင်းသားတွေကို ဘာသာရေးနဲ့ ဆက်နွယ်မှုရှိကြောင်း ထင်ထင်ရှားရှား ပြသတဲ့ အမှတ်သင်္ကေတ ဒါမှမဟုတ် ဝတ်စုံတွေ ဝတ်ဆင်တာကို တားမြစ်ခဲ့သလို လက်ဝါးကပ်တိုင်ကြီးတွေ၊ဂျူးကတ်ပါတွေနဲ့ အစ္စလာမ့် ခေါင်းစပ်တွေနဲ့ သက်ဆိုင်တယ်လို့ ဆိုထားပါတယ်။

အဲဒီအချိန်က ပညာရေးဝန်ကြီးဌာနက ဘာသာရေးအရ ဆက်နွယ်မှုကို ထင်ရှားစွာပြသတဲ့ အနေနဲ့ ဝတ်ဆင်ပါက တားမြစ်နိုင်တဲ့ အုပ်စုမှာ အဘာယာပါဝင်တဲ့ကြော်ညာစာတစ်ခုကို ထုတ်ပြန်ထားပါတယ်။ 

၂၀၂၀ ခုနှစ်မှာ အစွန်းရောက် ချက်ချန်းမွတ်ဆလင် တစ်ဦးက မွတ်စ်လင်မ် ပရောဖက်မိုဟာ မက်ရဲ့ ရုပ်ပြောင်းတွေ ကျောင်းသားတွေကို ပြသခဲ့တ့ ဆရာတစ်ဦးကို ခေါင်းဖြတ်သတ်လိုက် ချိန်မှာ အဘာယာ ဝတ်ဆင်မှုနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေ ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

ဆရာများ သမဂ္ဂမှ ခေါင်းဆောင် ဘရူနိုက ကြေညာချက်ကို ကြိုဆိုခဲ့ပြီး အခုချိန်မှာ ညွှန်ကြား ချက်တွေ မရှင်းမလင်းဖြစ်နေပေမယ့် ကြိုဆိုတယ်လို့လည်း NPDEN-UNSA အထွေထွေ အတွင်းရေးမှူးက ပြောခဲ့ပါတယ်။

အတိုက်အခံ လက်ယာယိမ်း ရီပတ်ဘလစ်ကန် ပါတီအကြီးအကဲ အားရစ်ကလည်း အဲဒီသတင်း ကိုကြိုဆိုခဲ့ကာ “ကျွန်ုပ်တို့၏ကျောင်းများတွင် အာဘာယာကို တားမြစ်ဖို့ အကြိမ်ကြိမ်တောင်းဆို ခဲ့တယ်” လို့ ဆိုပါတယ်။

လက်ဝဲအတိုက်အခံပါတီအဖွဲ့ဝင်တစ်ဦးကတော့ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီကြောင်းနဲ့ ပြင်သစ်နိုင်ငံရဲ့ လောကတန်ဖိုးတွေ တည်ထောင်ခြင်းဆိုင်ရာ အခြေခံမူတွေကို ဆန့်ကျင်တယ် လို့ ဝေဖန်ထားပါတယ်။

ပြင်သစ်အစိုးရဟာ နိုင်ငံရဲ့ မွတ်ဆလင်ဦးရေ(၅) သန်းခန့်ကို အငြှိုးအတေးထား ငြင်းဆိုထား တယ်လို့ သူက စွပ်စွဲထားပါတယ်။

Ref: DW

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.