“ပြောချင်တာက NCAထိုးထားတဲ့၁၀ဖွဲ့ အခြေအနေကို ကြည့်ပါ။ ဒီနေ့သူတို့လည်း သဘာပေါက်လာပြီ။ NCA လမ်းကြောင်းနဲ့ တိုင်းပြည်ကို မတည်ဆောက်နိုင်ဘူးဆိုတာ သူတို့ရှင်းနေပြီ”

နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

နိုင်ငံတည်ဆောက်ရေးနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေ အနေနဲ့ အမြဲတမ်းတွေ့ဆုံဆွေးနွေးဖို့ တံခါးဖွင့်ကြိုဆိုလျက်ရှိပြီး ပါဝင်ဆွေးနွေးကြဖို့ စစ်ကောင်စီဘက်က ထပ်မံဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု၊ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ မရှိဘူးဆိုတဲ့ စစ်ကောင်စီရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်နဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံး စစ်ကောင်စီက ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောဆိုမှုအပေါ် ဘယ်လိုမြင်ပါသလဲ။

သူတို့ပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်တယ်တို့၊ ပါတီစုံစနစ်ကို ကြိုးပမ်းတယ်တို့ဆိုတာ ဒီနေ့သူ တို့ရဲ့လုပ်ရပ်က သက်သေခံပါတယ်။ ပါတီစုံစနစ်ကို ကြိုးပမ်းတယ်လို့ ပြောရအောင် ဒီနေ့ရှိပြီးသား ပါတီတွေကို မှတ်ပုံမတင်လို့ ဖျက်သိမ်းလိုက်တာကလည်း ဒီအပြောနဲ့ လက်တွေ့နဲ့မကိုက်ဘူးပေါ့။ ဒါအားလုံး ပါဝင်ရေးကို ကန့်သတ်လိုက်တဲ့သဘောပဲဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင် ကျွန်တော်တို့ ၂၀၀၈အ ခြေခံဥပဒေကို အခြေခံပြီးသွားလို့ မရဘူး။၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေက စစ်တပ်က နိုင်ငံရေး မှာဝင်ရောက် စွက်ဖက်မှုကို အာမခံပေးခဲ့မှ စစ်တပ်ရဲ့အာဏာတည်မြဲရေးအတွက်ကို အာမခံထားပေးတဲ့ ဖွဲ့စည်း ပုံအခြေခံဥပ ဒေတစ်ရပ်ဖြစ်တယ်။ တိုင်းရင်းသားတွေ လိုလားတဲ့တန်းတူရေး၊ တရားမျှတရေး နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အ ပြည့်အဝအာမခံပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမဟုတ်ဘူး။ နောက်ပြီးတော့ဖွဲ့စည်းပုံကလည်း တစ်ပြည် ထောင်စနစ်ကို အခြေခံပြီးတော့မှ (Centralisation)ကို ဦးတည်တဲ့ ဖွဲ့စည်းပုံဖြစ်တယ်။

ကျွန်တော်တို့ လိုချင်တာက တန်းတူရေး တရားမျှတရေး နဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတော့  ဒါကလည်းဘယ်လိုမှ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ကို တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ 

 ၂။ စစ်ကောင်စီ ပြောဆိုခွင့်ရက သူတို့ အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ မရှိဘူးလို့ ပြောဆိုထားပါတယ်။ ဒီအပေါ်မှာ ဘယ်လို မြင်ပါသလဲ။

အကြမ်းဖက်တဲ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမှာမဟုတ်ဘူးဆိုတဲ့ပြောဆိုချက်လည်း ရှိတယ်။ ဒီပြောဆိုချက်က အကြမ်းဖက်လုပ်ရပ်ကို လုပ်နေတာက ဘယ်သူတွေလဲ။ ဒီနေ့တိုက်ပွဲတွေမဖြစ်ပဲနဲ့ အရပ်သား တွေရှိနေတဲ့ ဘုရားကျောင်း၊ ဆေးခန်းတွေ၊ ဆေးရုံတွေ ဘာသာရေးဘုရားကျောင်းတွေကို လက်နက်ကြီး တွေနဲ့ပစ်၊ လေယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်တာတွေ၊ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေက ဒါတွေ က အကြမ်းဖက်လုပ်ရပ်မဟုတ်ဘူးလား။ အပြစ်မဲ့လူတွေကို ဖမ်းဆီးတာတွေ၊ ပစ်ခတ်တာတွေ၊ အစုလိုက်အ ပြုံလိုက် သတ်ဖြတ်တာတွေ ဒါတွေကနှစ်နှစ်တာ၊ သုံးနှစ်တာ လူထုတော်လှန်ရေးအတွင်းမှာလည်း အများကြီး ကြုံခဲ့ရပြီးပြီ။ နှစ်ပေါင်း၇၀ကျော် တိုင်းရင်းသားနယ်မြေတွေအတွင်းမှာလည်း ခံစားခဲ့ရပြီးပြီ။  အဲဒီတော့အကြမ်းဖက်လုပ်ရပ်ကို လုပ်တာက ဘယ်သူလဲ။

၃။ KNPP အပါအဝင် နွေဦးတော်လှန်ရေးမှာ ပါဝင်တိုက်ပွဲနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ကို အကြမ်းဖက်အဖြစ် ကြေညာဖို့က သူတို့ လုပ်ဆောင်အပေါ် မူတည်တယ်လို့ စစ်ကောင်စီက ပြောလာတာ တွေ့ရပါတယ်။ ဒီအပေါ်မှာ KNPP အနေနဲ့ ဘာတုံ့ပြန်ချင်တာ ရှိမလဲ။

NCAက၂၀၀၈ကို အခြေခံထားတာဖြစ်တယ်။ ၂၀၀၈ကကျွန်တော်တို့ လိုချင်တဲ့ အမျိုသားတန်းတူရေး၊ တရား မျှတရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ဘယ်လိုမှ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူး။ တိုင်းပြည်ကို တစ်ပြည် ထောင်စနစ်ကို ဦးတည်ပြီးမှ (Centralisation)ပေါ့နော်။ ဒါကိုဦးတည်တဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ နောက်ပြီးတော့မှ စစ်တပ်အာဏာ တည်မြဲရေးနဲ့ စစ်တပ်က နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်မှုကို အာမခံပေးထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ ဒီဖွဲ့စည်း ပုံကို အခြေခံပြီးတော့မှ ကျွန်တော်တို့က NCAဆိုပြီး လုပ်ထားတာ ဖြစ်တယ်။ ဒီဟာကို အခြေခံပြီးဆွေးနွေးဖို့ဆို တာ ကျွန်တော်တို့အနေနဲ့ မဖြစ်နိုင်ဘူး။ ပြောချင်တာက NCAထိုးထားခဲ့တဲ့ ၁၀ဖွဲ့ရှိတယ်။ ထိုးထားတဲ့၁၀ဖွဲ့ အခြေအနေကို ကြည့်ပါ ။ဒီနေ့သူတို့လည်း သဘာပေါက်လာပြီ။

 NCAလမ်းကြောင်းနဲ့ တိုင်းပြည်ကို မတည်ဆောက်ဘူးဆိုတာ သူတို့ရှင်းနေပြီ။ NCAပါအချက်အလက်တွေကို ဘယ်သူက ချိုးဖောက်တာလဲ။ စစ်တပ်ကိုယ်တိုင်က အရင်ဆုံးချိုးဖောက်တာ။ စစ်တပ်က အရင်ဆုံးချိုးဖောက် လို့သာ KNU တို့CNFတို့က NCAသည် သူတို့အတွက် တရားမဝင်တော့ဘူး။ မရှိတော့ ဘူးဆိုပြီး သူတို့က ပွင့်ပွင့်လင်းလင်း ကြေငြာပြီးမှ ဒီနေ့ပြန်ပြီးမှ တိုက်ပွဲတွေ ဖြစ်နေရတာ ဖြစ်တယ်။

ဒီလို အနေအထားမျိုးမှာ NCAနဲ့သွားလို့ ဘယ်လိုမှ အာမခံချက်မရှိနိုင်တော့ဘူး။ ကျွန်တော်တို့ကို အကြမ်းဖက် တယ်လို့ ပြောရအောင် အကြမ်းဖက်ဆိုတဲ့ ဝေါဟာရကို အဓိပ္ပါယ်ဖွင့်ဖို့ လိုတယ်။ ဘယ်သူကအကြမ်း ဖက်နေ တာလဲ။ ဒီနေ့ အကြမ်းဖက်တာက စစ်တပ်ဖြစ်တယ်။ ဖက်ဆစ်ဝါဒကို ကျင့်သုံးတာက စစ်တပ်ဖြစ်တယ်။ ကျွန် တော်တို့ မဟုတ်ဘူး။ ကျွန်တော်တို့က အမျိုးသားတန်းတူရေး၊ တရားမျှတရေး ကိုလိုလားတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ အဲ့ဒါပါပဲ ကျွန်တော်တို့ ပြောချင်တာက။

၄။ နောက်ဆုံးအနေနဲ့ စစ်ကောင်စီလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။

ဒီနေ့ စစ်အာဏာသိမ်းပြီးတော့မှ ပေါ်လာတဲ့တော်လှန်ရေးဟာ လူထုတော်လှန်ရေးဖြစ်တယ်။ လူထုက နိုင်ငံ ရေးအရ ဆွေးနွေးလို့ မရလို့သာ ဒီနေ့လက်နက်ကိုင်ပြီး ဆန့်ကျင်နေရတာ ဖြစ်တယ်။ ခုခံစစ်ကို ဆင်နွှဲရတာ ဖြစ်တယ်။ သူတို့လိုမျိုး အကြမ်းဖက်လုပ်ရပ်ကို လုပ်တာက ဘယ်သူလဲ။ ဒါကလည်း တစ်ချက်ပေါ့။ နောက်ပြီး တော့ မြန်မာနိုင်ငံရဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာကိုဖြေရှင်းတဲ့အခါမှာ လူတစ်ဦးတစ်ယောက် အဖွဲ့အစည်း တစ်ခုနဲ့ စကားပြောရုံနဲ့မရဘူး။ အစုအဖွဲ့အကန့်အသတ်ကနေပြီးတော့ အားလုံးပါဝင်ရေးကို အားလုံးနဲ့ သက် ဆိုင်တယ် မြန်မာ့နိုင်ငံရေးအခင်းအကျင်းက။ လူထုတစ်ရပ်လုံးနဲ့ သက်ဆိုင်တယ်။ အဲဒီတော့ အားလုံးပါဝင်ရေး ကို အဓိကထားပြီးတော့မှ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ပေါ်လာဖို့လိုတယ်။ ဆိုတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေဖြစ် ပေါ်လာဖို့ အခင်းအကျင်းကလည်း စစ်တပ်ဘက်ကနေစပြီးမှလုပ်ရမယ့် အခင်းအကျင်းမျိုး တွေဖြစ်နေတယ်။ ကျွန်တော်တို့ အကြမ်းဖက်တိုက်ခိုက်တာတွေကို ရပ်တန့်ဖို့လို့ ကျွန်တော်တို့ကိုပြောပေမယ့် သူကအရင် အရပ် သားပြည်သူတွေကို တိုက်ခိုက်တာတွေ၊ စစ်ဆင်ရေးတွေ သူတို့က အရင်ဆုံးရပ်တန့်ဖို့ လိုတယ်။ ကျွန်တော်တို့ ပြောချင်တာကတော့ ဒါတွေပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.