”NCA ကပျက်ပြယ်သွားပြီလို့လည်း မပြောနိုင်သေးဘူး။ လက်နက်အင်အားနဲ့ အဖြေရှာတဲ့နည်းလမ်းကြောင့်မို့ ပိုမိုပြီးတော့ ပြည်တွင်းမီးတွေ တောက်လောင်နေတာ”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဟာ သြဂုတ် ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ဗဟိုဌာနချုပ် လွယ်တိုင်လျဲန်မှာ ၆ လပတ် အစည်းအဝေးတစ်ရပ် ခေါ်ယူ ကျင်းပခဲ့တာပါ။ အဲဒီအစည်းအဝေးပြီးနောက် RCSS ရဲ့ ရပ်တည်ချက်အပါအဝင် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာနဲ့ ပတ်သက်ပြီး သဘောထား ၅ ချက် ထုတ်ပြန်လိုက်ပါတယ်။

ဒါကြောင့် လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ RCSS ရဲ့ ရပ်တည်ချက်၊ ဆက်လက်ဆောင် ရွက်သွားမယ့် လုပ်ငန်း စဉ်တွေ၊ NCA စာချုပ်အပေါ် သဘောထားတွေနဲ့ ပတ်သက်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ပြောခွင့်ရ ဒုဗိုလ်မှူးကြီး အုမ်ခေးနဲ့ဆက်သွယ်မေးမြန်းချက်။

 ၁။ အရင်ဆုံး ၃ ရက်တာ ကျင်းပခဲ့တဲ့ RCSS ရဲ့ ၆ လပတ် အစည်းအဝေးတစ်ရပ်မှာ လက်ရှိနိုင်ငံရေး ပြဿနာနဲ့ ပတ်သက်ပြီး ဘာတွေဆွေးနွေးဖြစ်ပါသလဲ။

အစည်းအဝေးထဲမှာတော့ အဲ့ကိစ္စနဲ့ပတ်သက်ပြီးထည့်သွင်းစဉ်းစားတာ မရှိပါဘူး။ ခြောက်လပတ် ပုံမှန်အစည်း အဝေးမို့လို့အဖွဲ့ထဲက နိုင်ငံရေးနဲ့ ပတ်သက်ရင် ဘတ်ပေါင်းစုံကတွေ့ဆုံကြ၊ ဆွေးနွေးကြတာ အကောင်းဆုံးအဖြေပဲဆိုတာ အမြင်တွေ၊ သဘောထားတွေ တွေ့ရှိခဲ့တာပေါ့။

၂။ ကရင်အမျိူးသားအစည်းအရုံး KNU က NCA စာချုပ်ပျက်ပြယ်သွားပြီလို့ ပြောတဲ့အပေါ် RCSS အနေနဲ့ ဘယ်လိုသဘောထား ရှိပါသလဲ။

ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်ကတော့ ပုံမှန်အတိုင်းပါပဲ။ အဓိကကတော့ ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်းပဲ ဆက်သွားမယ်ဆိုတဲ့ သဘောပဲပေါ့။

၃။ NCA စာချုပ်မှာ အရပ်သားတွေကို အကာအကွယ်ပေးရမယ်လို့ အတိအလင်းပြဌာန်ထားတယ်။ အခုက အရပ်သားတွေ ထိခိုက်သေဆုံးမှု စိုးရိမ်ဖွယ်လာတာပေါ့၊ ဆိုတော့ NCA စာချုပ်အပေါ် လိုက်နာမှု ရှိသေးလား။ ဘယ်လိုမြင်ပါသလဲ။

အမြင်သဘောတွေကတော့ အဘက်ဘက်က ပါဝင်နိုင်မယ့်ဆက်သွယ်နိုင်မယ့် အခွင့်အရေးတွေအားလုံး လက်တွဲပြီးတော့ တတ်နိုင်သလောက်တော့  ကူညီဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောပဲရှိသွားပြီနော်။

၄။ RCSS အနေနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်သွားဖို့ ရှိလား။

အဲဒါကတော့ NCA  လက်မှတ်ထိုးပါဝင်မှု မရှိတဲ့အဖွဲ့အစည်းတွေတော့ မဆိုလိုဘူးပေါ့နော်။ ဒါပေမယ့် ကျွန် တော်တို့က ကိုယ်တိုင်ကိုယ်ကျ  လက်မှတ်လေးရေးထိုးထားတဲ့အဖွဲ့ဆိုတော့ အတတ်နိုင်ဆုံး အကောင်းဆုံးက တော့ တွေ့ဆုံကြဆွေးနွေးကြတာ အကောင်းဆုံးနည်းလမ်းပဲ အဖြေပဲဆိုပြီးတော့။ အဲဒါကြောင့်မို NCA ထဲမှာ လည်း အဲဒီသဘောထားတွေ ပါတာပေါ့နော်။ ဒါကြောင့်မို့ NCA ကပျက်ပြယ်သွားပြီလို့လည်း မပြောနိုင်သေးဘူး ပေါ့နော်။

၅။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာအပေါ် RCSS အနေနဲ့ ဘယ်လိုမြင်ပါလဲ။ ဖြစ်လာနိုင်တဲ့ အခြေအနေ နဲ့ ပတ်သက်ပြီး ဆွေးနွေးပေးပါဦး။

NCA ထဲမှာပါတဲ့အတိုင်းပဲ ဘာနိုင်ငံရေး ဘယ်လိုရှုပ်ထွေးမှုပဲရှိရှိ လက်နက်အင်အားမသုံးပဲနဲ့ တစ်ဖက်နဲ့တစ်ဖက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ခိုက်မှုတွေ မရှိရလေအောင် ဆိုတဲ့အချက်အလက်ပါတယ်။ ဘာကိစ္စပဲဖြစ်ဖြစ် တွေ့ဆုံဆွေး နွေးကြတာရယ်၊ နောက်ဆုံး ပြည်သူလူထုကို အကာအကွယ်ပေးရမယ်ဆိုတဲ့အတိုင်း အဲ့ဒါကြောင့်မို့ ကြိုးစား ကြတာပေါ့နော်။ အပြည့်အဝရယ်လို့တော့ မရှိသေးဘူးဆိုတာတော့ လက်ခံပါတယ်။ ဆက်လက်ပြီး တော့ ကြိုးစားသွားရမှာပဲ။ တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းပဲ အကောင်းဆုံးပဲအဖြေပဲဆိုပြီး မြင်တာပေါ့နော်။

ဆွေးနွေးထိုက်တာရှိရင်လည်း ဆွေးနွေးရမှာပဲ၊ အဲဒါမျိုးတော့ လက်ခံထားတာပေါ့နော်။ နိုင်ငံရေးနည်းလမ်းကျ တစ်နိုင်ငံလုံးအတိုင်းအတာ ပြောရရင် တွေ့ဆုံကြဆွေးနွေးကြ နည်းလမ်းအကောင်းဆုံးရှိတယ် ပြောတဲ့အတိုင်းပဲ အဲဒီအတိုင်းပဲဖြစ်သွားမှာ။

လက်နက်အင်အားနဲ့ အဖြေရှာတဲ့နည်းလမ်းကြောင့်မို့ ပိုမိုပြီးတော့ ပြည်တွင်းမီးတွေ တောက်လောင်နေတာလို့ ကျွန်တော်တို့ အဲဒီလိုမျိုး အမြင်ကိုမြင်နေကြတာ။ ဒါကြောင့်မို့ လက်နက်အင်အားကိုမသုံးပဲနဲ့ တွေ့ဆုံဆွေးနွေး ခြင်း နည်းလမ်းအကောင်းဆုံးလို့ ကျွန်တော်တို့ အဲဒီလိုမျိုး မြင်တာ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပျက်စီးဆုံးရှုံး မှုတွေက ပိုပြီးကျယ်ပြန့်လာတာကို ကျွန်တော်တို့တွေ စိတ်မကောင်းဖြစ်ရတာပေါ့နော်။

ဒါကြောင့်မို့ ကျွန်တော်တို့အဖွဲ့အနေနဲ့ လက်နက်အင်အားကိုသုံးပြီးတော့ အဖြေရှာတဲ့နည်းတော့ ကျွန်တော်တို့ အားမပေးဘူးပေါ့လေ။ အဲ့ဒါကြောင့် အတတ်နိုင်ဆုံး ဆွေးနွေးနိုင်တဲ့ နည်းလမ်းပဲ အဖြေရှာသွားမယ်လို့ ကျွန် တော်တို့ အမြင်ရှိတယ်။ လက်နက်အင်အားသုံးရင် ပိုပိုပြီးတော့ ပြည်တွင်းမီးတွေ တောက်လောင်လာလိမ့်မယ် ။ပိုပိုပြီး ကျဆုံးတာများလိမ့်မယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို ပိုပြီးဆုတ်ယုတ်သွားလိမ့်မယ်။ ဒါကြောင့် လက်နက်အင်အားသုံးပြီး တိုက်ခိုက်ကြတာကို ကျွန်တော်တို့ သိပ်ဦးစားမပေးဘူးပေါ့။

၆။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက် ပြောကြားလိုတာ ရှိမလဲ။

ကျွန်တော်တို့ အဖွဲ့အနေနဲ့တော့ နိုင်ငံရေးကို နိုင်ငံရေးအရ ဘယ်လိုအခြေအနေပဲဖြစ်နေပါစေ အဓိကကတော့ ကျွန်တော်တို့ ပြည်သူလူထုကို အဓိကထားပြီးတော့ ပြည်သူလူထုမနစ်နာအောင်ဆိုတဲ့အဓိက သဘောထားပြီးတော့ တွေ့ဆုံကြ၊ ညှိနှိုင်းကြ၊ ဆွေးနွေးကြဆိုတဲ့နည်းလမ်းကို အဓိကထားရတာဆိုတဲ့ဟာပဲ ပြောချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.