ဘန်ကောက် – ဩဂုတ်(၁၇)

Pheu Thai ပါတီအဆိုပြုထားတဲ့ ပြည်သူတွေကို ဘတ်တစ်သောင်း ပေးမယ့်မူဝါဒ အကောင် အထည်မဖော်ခင် စီးပွားရေးဆိုင်ရာ အကဲဖြတ်ဆန်းစစ်သင့်တယ်လို့ ထိုင်းနိုင်ငံကုန်သည်ကြီး များအသင်းက ပါတီအစိုးရသစ်ကို တောင်းဆိုလိုက်ပါတယ်။

ထိုင်းကုန်သည်ကြီးများအသင်းက များပြားလှတဲ့ အသုံးစရိတ်လိုအပ်တဲ့ အဲဒီမူဝါဒဟာ စီးပွားရေးအရ အောင်မြင်မှုအတွက် အထူးဂရုပြုပြီး ဆန်းစစ်သင့်တယ်လို့ ဆိုခဲ့တာပါ။ 

အဲဲဒီမူဝါဒဟာ အလားလာရှိပေမယ့် ပေးအပ်မယ့် ရန်ပုံငွေ အရင်းအမြစ်နဲ့ဆက်စပ်ပြီး အစုအဖွဲ့ အများအပြားက စိုးရိမ်မှုတွေရှိနေသလို နိုင်ငံရဲ့ ဘဏ္ဍာရေးအခြေအနေပေါ် အကျိုးသက်ရောက် မှုရှိစေတဲ့အတွက် ရှင်းရှင်းလင်းလင်းထုတ်ဖော်ဆောင်ရွက်သင့်တယ်လို့ ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ မစ္စတာဆာနန်က ပြောပါတယ်။ 


“ဒီများပြားတဲ့ငွေပမာဏက တန်ဖိုးအားဖြင့် ကြီးမြင့်သလားဆိုတာနဲ့ နိုင်ငံ၏ ဘဏ္ဍာရေးအရ ကျန်းမာမှုကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေသလားဆိုတာကို ဆုံးဖြတ်နိုင်ဖို့အတွက် ဦးတည်လုပ်ဆောင် မယ့် အကဲဖြတ်ဆန်းစစ်ချက်ကို လိုအပ်ပါတယ်” လို့သူက ပြောခဲ့ပါတယ်။

အစိုးရအသစ်အနေနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အထောက်အပံ့တွေနဲ့ မက်လုံးတွေကို နိုင်ငံရဲ့ တရားဝင်အခွန်စနစ်နဲ့အညီ ပံ့ပိုးပေးတဲ့ မူဝါဒကို လိုက်နာဖို့ စဉ်းစားရမှာဖြစ်တယ်လို့ ထိုင်းကုန် သည်ကြီးများအသင်းက ဆိုပါတယ်။

ပေးထားတဲ့ ကတိအတိုင်း ဘတ်တစ်သောင်းကို ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ ပေးမယ်ဆိုပါက ချက်ချင်းလိုအပ်ချက်ရှိနေတဲ့ လူအုပ်စုတွေကို အထူးသဖြင့် ဦးတည်လုပ်ဆောင်သင့်တယ်လို့ သုံးသပ်တာတွေရှိနေပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘတ်ဂျက်ခွဲဝေသုံးစွဲမှုကို အလွန်အကျွံမဖြစ်စေဖို့ ရှောင်ရှားသင့်ပြီး အခြေခံ အဆောက်အုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊အလုပ်အကိုင်အခွင့်အလမ်းဖန်တီးတာ ဒါမှမဟုတ် အများပြည်သူလူမှုဖူလှုံရေးရင်းနှီးမြှုပ်နှံမှုအတွက် အဲဒီဘက်ဂျက်ကု အသုံးချသင့်တယ်လို့ လည်း ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌက ပြောပါတယ်။

အစိုးရသစ်အတွက် အရေးပေါ်ဦးစားပေးရမယ့် အရာတွေမှာ နေထိုင်စရိတ်၊မက်လုံးပေးမူဝါဒနဲ့ အပေးအယူလုပ်တာ၊ စီးပွားရေးလုပ်ငန်းတွေကို ကုန်ကျစရိတ်နည်းနည်းနဲ့ လည်ပတ်ဆောင်ရွက် နိုင်ရေးကိစ္စ၊စျေးနှုန်းမြင့်တက်နေတဲ့ စက်သုံးဆီနဲ့ လျှပ်စစ်မီးကိစ္စတွေပါဝင်တယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးပြီး ပြည်ပပို့ကုန်တင်ပို့နိုင်ရေးကို ဦးတည်စေတဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့ စိတ်ချယုံကြည်ရမှုအခြေအနေတွေ တိုးမြှင့်နိုင်ဖို့လို အပ်တယ်လို့ Pheu Thai ပါတီဦးဆောင်မယ့် အစိုးရသစ်ကို အကြံပြုထားပါတယ်။ 

အစိုးရသစ်အနေနဲ့ ထိုင်းနိုင်ငံရဲ့ ယှဉ်ပြိုင်မှုကို မြှင့်တင်နိုင်မယ့် Thailand EU ဆိုင်ရာ လွတ်လပ် သော ကုန်သွယ်မှု သဘောတူညီချက်လို free trade agreement  (FTA) ကိုလည်း ဆက်လက် ဆောင်ရွက်သင့်တယ်လို့ ထိုင်းနိုင်ငံကုန်သည်ကြီးများအသင်းက ပြောထားပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.