တိုကျို၊ သြဂုတ်(၁၆) 

ဂျပန်နိုင်ငံရဲ့ အနောက်ဘက်မှာ တိုင်ဖွန်းမုန်တိုင်းကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လျှပ်စစ်မီ းပြတ်တောက်ခဲ့ကာ လေကြောင်းလိုင်း ၈၀၀ ကျော် ရပ်နားခဲ့ရပါတယ်။ သက်ဆိုင်ရာအာဏာ ပိုင်တွေကတော့ ရေလွှမ်းမိုးမှုနဲ့ မြေပြိုမှုသတိပေးချက်တွေကို သတိပေးချက် တွေထုတ် ပြန် ထားခဲ့ကြောင်း NHK သတင်းဌာနမှာ ဖော်ပြထားပါတယ်။ 

ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ဝင်ရောက်လာတဲ့ တိုင်ဖွန်းမုန်တိုင်းဟာ တိုကျိုမြို့အနောက်တောင် ဘက် ကီလိုမီတာ ၄၀၀ အကွာအဝေးက ဒေသတွေမှာ မြေပြိုမှုတွေကို ဖြစ်ပွားစေခဲ့တာပါ။ 

ရုပ်မြင်သံကြား မှတ်တမ်းတွေထဲမှာတော့ မြစ်ချောင်းတွေထဲမှာ ရေတွေဟာအရှိန်နဲ့ စီးဆင်းနေပြီး ကမ်းပါးတွေ ပြိုကျလုနီး ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

နာရာမြို့မှာတော့ နေအိမ်တွေနဲ့ စတိုးဆိုင်တွေရေထဲကို နစ်မြုပ်သွားခဲ့ရပါတယ်။ Japan Airline ကတော့ သူ့ရဲ့ခရီးစဉ် ၂၅၀ ကျော် ဖျက်သိမ်းခဲ့ရပြီး ခရီးသည် ၂၅၈၀၀ ကျော် အခက်ခဲဖြစ် ခဲ့ရပါတယ်။

 ANA လေကြောင်းလိုင်းအနေနဲ့လည်း ခရီးစဉ် ၃၁၀ ကျော်ကို ဖျက်သိမ်းခဲ့ရပြီး ခရီးသည် ၂၄၆၀၀ ကျော် အခက်အခဲတွေ ဖြစ်ခဲ့ရတာပါ။ 

ဂျပန် အလယ်ပိုင်းနဲ့ အနောက်ပိုင်းမှာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုဖြစ်ပွားခဲ့ပြီ အိမ်ခြေပေါင်း ၉၀,၀၀၀ ကျော် ထိခိုက်ခဲ့ရတယ်လို့ သိရပါတယ်။

 မိုးသည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေက လမ်းတွေကိုပိတ်ဆို့စေခဲ့ပြီး အဲဒီဧရိယာအတွင်းရှိ ရထားဝန်ဆောင်မှုတွေကိုလည်း ရပ်ဆိုင်းခဲ့ရပါတယ်။ 

တိုင်ဖွန်းလန်ဟာ လေတိုက်နှုန်း တစ်နာရီ ၁၅၀ ကီလိုမီတာရှိပြီး ပင်မကျွန်းရဲ့ အနောက်ဘက် ခြမ်းကို ဖြတ်ကာ အနောက်မြောက်ဘက်သို့ တစ်နာရီ ၁၅ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားနေပါ တယ်။ 

သြဂုတ်(၁၆)ရက်နေ့အစောပိုင်းမှာတော့ ဂျပန်နိုင်ငံရဲ့ ပင်လယ်သို့ရောက်ရှိနိုင်ပြီး မြောက်ဘက်ပင်လယ် တစ်လျှောက် အဲဒီမုန်တိုင်းဟာ ဆက်လက်တည်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ဂျပန်မိုးလေဝသအေ ဂျင်စီက ပြောကြားခဲ့ပါတယ်။ 

ဂျပန်မိုးလေဝသအေဂျင်စီကတော့ မြေပြိုတာ၊ မြေနိမ့်ပိုင်းတွေမှာ ရေတွေတက်လာတာ၊ မြစ်ချောင်းတွေ ရေလျှံတာ၊ ရေကြီးတာ၊ လေပြင်းတိုက်တာတွေကို အထူးသတိထားကြဖို့လည်း ထုတ်ပြန်ထားပါတယ်။

Ref,Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.