ရောမ – ဩဂုတ်(၁၃) 

တက်စလာသူဌေး အီလွန်မက်စ်နဲ့ Facebook ပိုင်ရှင် မက်ဇူကာလတ်တို့ရဲ့ ထိုးသတ်ပွဲကို အီတလီ မှာရှေ့ခေတ်ရောမအပြင်အဆင်နဲ့ ထင်ရှားတဲ့နေရာမှာ ကျင်းပသွားဖို့ရှိတယ်လို့ စီစဉ်သူတွေက ဩဂုတ်လ(၁၁) ရက်နေ့မှာ ပြောခဲ့ပါတယ်။ 

အီတလီနိုင်ငံရဲ့ ယဉ်ကျေးမှုဝန်ကြီးက ကြီးကျယ်တဲ့ ရန်ပုံငွေပွဲနဲ့ သမိုင်းဝင် အမှတ်ရစေတဲ့ ပွဲကြီး အဖြစ် ဖော်ပြထားပြီး ပွဲကျင်းပတာနဲ့ ပတ်သက်ပြီး မက်စ်နဲ့ စကားပြောထားတယ်လို့ ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါပေမယ့် အီတလီအတိုက်အခံ နိုင်ငံရေးသမားကတော့ နည်းပညာရှင်နဲ့ ဆိုရှယ်မီဒီယာသမား တို့ရဲ့ ထိုးသတ်ပွဲနဲ့ ပတ်သက်ပြီး ရှုတ်ချထားပါတယ်။ 

 “သူတို့ကိုယ်သူတို့ မိုက်မဲတဲ့ ဆယ်ကျော်သက်တွေလို လုပ်ချင်ကြတဲ့ ဘီလျံနာနှစ်ယောက် အတွက် အီတလီယဉ်ကျေးမှုအမွေအနှစ်ကို အသုံးပြုလို့ရနိုင်တယ်ဆိုတာ ကျွန်ုပ်အနေနဲ့ အံ့သြစရာပဲ” လို့ စက်မှုဝန်ကြီးဟောင်းနဲ့ ပါတီခေါင်းဆောင်ဟောင်း ကာလိုကယ်လန်ဒါက ပြောပါတယ်။

ဒါ့အပြင် တချို့သော အရာတွေဟာ ရိုးရှင်းစွာ ရောင်းချဖို့အတွက်သာမဟုတ်ဘဲ အဲဒီထဲက တစ်ခုက နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ သမိုင်းကြောင်းဖြစ်တယ်လို့ သူကပြောပါသေးတယ်။

တစ်ချိန်တုန်းကတော့ မက်စ်က ရောမမြို့ရဲ့ ရှေးဟောင်း ကိုစီယမ်မှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ်လို့ပြောခဲ့ပေမယ့် အီတလီက ပယ်ချထားပေမယ့် ထိုးသတ်ပွဲကို ရှေးရောမ အခင်း အကျင်းတစ်ခုရှိမှာဖြစ်တယ်လို့ သိရပါတယ်။  

“ကင်မရာဘောင်ထဲကအရာအားလုံးဟာ ရှေးဟောင်းရောမမြို့ အပြင်အဆင်ဖြစ်လိမ့်မယ်၊ ဒါကြောင့် လုံးဝခေတ်မမီပါဘူး။ အီတလီနိုင်ငံဝန်ကြီးချုပ်နဲ့ ယဉ်ကျေးမှုဝန်ကြီးတို့နဲ့လည်း စကားပြောခဲ့ပါတယ်။ သူတို့ဟာ အဲ့ဒီအတွက် သဘောတူခဲ့ကြပါတယ်” လို့ တက်စလာ အမှုဆောင်အရာရှိချုပ်က ဆိုထားပါတယ်။

အီတလီက ဘယ်အခမ်းအနားမဆို နိုင်ငံရဲ့ အမွေအနှစ်နေရာတွေကို လေးစားကာကွယ်ပေးမှာ ဖြစ်တယ်လို့ ယဉ်ကျေးမှုဝန်ကြီးက ဆိုပါတယ်။ 

 “ရောမမြို့မှာ လုပ်မှာမဟုတ်ပါဘူး။ အထူးသဖြင့် ရရှိလာတဲ့ များပြားလှတဲ ပမာဏဖြစ်သည့် ယူရိုငွေ သန်းပေါင်းများစွာကိုလည်း ကလေးရောဂါများကို တိုက်ဖျက်ရန် အထောက်အကူပြု ပစ္စည်းများနှင့် သုတေသနလုပ်ငန်းများ အားကောင်းစေရန်အတွက် အီတလီ ကလေးအထူးကု ဆေးရုံ နှစ်ခုဆီ လှူဒါန်းဖို့ မျှော်လင့်ထားပါတယ်” လို့ ဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ 

“ကျွန်ုပ်တို့၏သမိုင်းနှင့် ရှေးဟောင်းသုတေသန၊ အနုပညာနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မြှင့်တင်ရန် အခွင့်အလမ်းတစ်ခုလည်း ဖြစ်လိမ့်မည်”လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.