မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို စစ်တပ်ကလုံးလုံးလျားလျား ချုပ်ကိုင်ထားပြီး နိုင်ငံရေးအကျဉ်းသားတွေ အပေါ် တရားမျှတမှုမရှိတဲ့ တရားစီရင်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဩဂုတ် ၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါ တယ်။ AAPP က ထုတ်ပြန်တဲ့ “မင်းမဲ့တိုင်းပြည်” အစီရင်ခံစာမှာတော့ အကျဉ်းထောင်တွင်း အရပ်ဘက်အထူး တရားရုံးတွေမှာတော့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို သူတို့အမှုအတွက် ကာကွယ်ဖို့ ရှေ့နေရရှိရေး ခွင့်ပြုပေမယ့် စစ်တပ်က အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်တဲ့အတွက် မျှတတဲ့တရားစီရင်ရေးမရရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီလက်ထက် တရားစီရင်ရေးကဏ္ဍမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ၊ တရားစီရင်ရေးစနစ် ဘယ်လောက်အထိ ပျက်စီးသွားပြီလဲ။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဝါရင့်တရားလွှတ်တော် ရှေ့နေကြီး ဦးကြီးမြင့်နဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံး စစ်ကောင်စီလက်ထက် တရားစီရင်ရေးမဏ္ဍိုင်ဟာ တရားမျှတမှုမရှိတော့ဘူးလို့ AAPP က ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ စစ်ကောင်စီလက်ထက် တရားစီရင်ရေးကဏ္ဍဟာ ဘယ်လိုအခြေအနေတွေအထိ ဖြစ်ပေါ်လာလဲ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တရားစီရင်ရေးဆိုတာက လုံးဝဖျောက်နိုင်ခြင်းမရှိတော့ဘူး။ သူတို့မထင်ရင် မထင်သလို မတန်တဆပြစ်မှုတွေကို ခုခံချေပခွင့် အလုံအလောက်မရပဲနဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေ ချနေတယ်။ AAPPရဲ့ထုတ်ပြန်ချက်က အမှန်ပဲ။ ဒါနဲ့ပတ်သက်လို့ ဆရာတို့ကတော့ ကန့်ကွက်တယ်။

 ၂။ တရားရုံးတွေမှာ အခုနောက်ပိုင်း တရားခံတွေဟာ ဥပဒေအရ ခုခံပိုင်ခွင့် ဆုံးရှုံးလာတယ်ပေါ့။ ဘာကြောင့် အခုလို ခုခံပိုင်ခွင့်တွေ ဆုံးရှုံးလာရတာလဲ။ တရားစီရင်စနစ် ဘယ်လောက်အထိ ပျက်စီးသွားတာလဲလို့ ပြော လို့ရပါသလဲ။

သူတို့က တရားလိုကစွပ်စွဲတဲ့ စွပ်စွဲချက်တွေကိုပဲ စစ်ဘက်ကတရားသူကြီးတွေ၊ စစ်ဗိုလ်တရားသူကြီးတွေ၊ အရပ်တရားသူကြီးတွေက အလေးအနက်ထား နားထောင်တယ်။ ကျန်တဲ့တရားခံဘက်က ခုခံချေပချက်တွေ သက်သေတွေအပေါ်မှာ အလေးအနက်မထားဘူး။ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဝင်းမြင့်တို့အမှုမှာမို့လို့ ခုခံချေ ပချက်တွေကို နားထောင်သေးတာ။ ပြီးလည်းပြီးရော သူတို့လုပ်ချင်ရာ လုပ်တာ။ ပိုဆိုးတာက အောက်ရုံးတွေ၊ အလယ်ရုံးတွေမှာကတော့ တရားခံရဲ့ခုခံချေပချက်ကို နားမထောင်သလောက်ပဲ။ သူတို့လိုချင်တဲ့ ထွက်ဆိုချက် တွေ၊ တရားလိုဘက်က ထွက်ဆိုချက်တွေ၊ ရဲထွက်ဆိုချက် ရဲကတင်ပြတဲ့သက်သေ။ အဲဒါတွေကို စစ်ပြီးပြီဆို ရင် အပြစ်ရှိလားမရှိလားမေးတာပဲ ။ အပြစ်ရှိတယ်ဆိုရင် မင်းတို့ကိုလျော့ပေါ့စဉ်းစားမယ်။ အပြစ်မရှိဘူးဆိုရင် တော့ မင်းတို့ကို အမြင့်ဆုံးပြစ်ဒဏ်ချမယ်။ အဲဒီလိုလည်း ခြိမ်းခြောက်သေးတယ်။ ဒါမျိုးတွေလည်း ရှိတယ်။ အဲဒီတော့ လူတွေကလည်း အပြစ်ရှိတယ်ဆိုပြီး သက်သာမလားပေါ့ဆိုလည်း အမြင့်ဆုံးပြစ်ဒဏ်ပဲချတာပဲ။ တစ်နှစ်လောက်တော့ လျော့ချတာပေါ့လေ။ အဲဒီလိုပေါ့။ အပေးအယူလုပ်ပြီးတော့ လုပ်ကြတယ်။ ကိုယ့်ဘက် က သက်သေတွေတင်ပြလည်း အမြင့်ဆုံးပြစ်ဒဏ်ချတယ်။

၃။ နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်စနစ်နဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားလိုတာရှိမလဲ။ ပြောကြားပေးပါဦး။

တို့ဘက်က လုပ်သင့်လုပ်ထိုက်ဟာတွေ NUG တို့၊ NUCC တို့၊ PDF,EAO တွေက ကိုယ့်လုပ်ရမယ့် စစ်အာဏာ ရှင်အမြစ်ဖြုတ်နိုင်သမျှ ကာလပတ်လုံး ဘယ်တော့မှ ဒီတရားစီရင်ရေးက ကောင်းလာနိုင်စရာမရှိဘူးလို့ ဆရာ တို့က အဲဒီလိုပဲ မှတ်ချက်ပေးချင်တယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.