ကွာလာလမ်ပူ – ဩဂုတ်(၁၃) 

မလေးရှားနိုင်ငံရဲ့ အဓိက အစီအစဉ်တွေထဲမှာ တရုတ်နိုင်ငံနဲ့အတူအားကောင်းပြီး မဟာဗျူဟာ ကျတဲ့ မိတ်ဖက်တည်ဆောက်ရေး တိုးမြှင့်လုပ်ဆောင်ဖို့ ပါဝင်တယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့ပါ တယ်။

တရုတ်နဲ့ မလေးရှားရဲ့ ဆက်ဆံရေးဟာ အလွန်အားကောင်းတဲ့ အခြေအနေမှာရှိနေပြီး သာမန် သံခင်းတမန်ခင်း ဆက်ဆံရေးကနေ အားကောင်းပြီး မဟာဗျူဟာကျတဲ့ မိတ်ဖက်တွေဖြစ်နိုင်ဖို့ တိုးမြှင့်သွားမှာဖြစ်တယ်လို့ ဆိုခဲ့တာပါ။ 

ရင်းနှီးမြှုပ်နှံမှု၊ပညာရေးနဲ့ ဒေသန္တရ ပြဿနာတွေအတွက် ချိတ်ဆက်ဆောင်ရွက်ဖို့နဲ့ ပူးပေါင်း လုပ်ဆောင်ဖို့အတွက် ရှုထောင့်အမျိုးမျိုးနဲ့ နှစ်နိုင်ငံဆွေးနွေးနေတာရှိတယ်လို့ သိရပါတယ်။ 

“မလေးရှားက အကြီးတန်းကြီး ဝန်ကြီးများအကြား သီးခြားသော်လည်းကောင်း၊ နိုင်ငံတကာ အကြားသော်လည်းကောင်း အပြန်အလှန်ဖလှယ်ဖို့အတွက် အကြောင်းအရာများကို ပိုမိုလွယ်ကူ စေမယ့် ပုဂ္ဂိုလ်ရေး ချိတ်ဆက်မှုနှင့် ချစ်ကြည်မှုကို ရှိထားပါတယ်” လို့ မလေးရှားဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ 

ဒါ့အပြင် အကြီးစားရေနံဓာတု ကုမ္ပဏီ Rongsheng၊ ကားထုတ်လုပ်သူ Geely တို့နဲ့အတူ တခြား သော အဓိကလုပ်ငန်းစုတွေတည်ရှိတဲ့ မလေးရှားနိုင်ငံအတွင်း သိသာထင်ရှားတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုပံ့ပိုးရေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ရီရဲ့ အခန်းကဏ္ဍဟာ အရေးကြီး တယ်လို့ သူက ပြောပါသေးတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟောင်း ချင်ဂန် ရုတ်တရက်ထွက်ခွာပြီးနောက် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတဲ့ ဝန်ရီဟာ တက်သစ်စနိုင်ငံတွေကိုချိုးနှိမ်တယ်ဆိုပြီး အမေရိကန်ကို ဝေဖန်ထားသလို 

အမေရိကန်ဟာ မတည်ငြိမ်မှု တွေရဲ့ အကြီးဆုံးအရင်းအမြစ်ဖြစ်တယ်လို့လည်း ဆိုထားပါ တယ်။ 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.