High waves crash a shore as the tropical storm named Khanun approaches to the Korean Peninsular, in Busan, Thursday, Aug. 10, 2023. A strong tropical storm blew ashore in South Korea on Thursday morning, dumping heavy rain and pummeling its southern regions after thousands of people were evacuated. (AP Photo/Ahn Young-joon)

ဆိုးလ်၊ သြဂုတ်(၁၃) 

ကိုရီးယားကျွန်းဆွယ်မှာ တိုက်ခတ်နေတဲ့ အပူပိုင်းမုန်တိုင်း ခါနွန်ကြောင့် မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား တို့မှာ မိုးသည်းထန်စွာရွာသွန်းမှု ဆက်လက်ဖြစ်ပေါ်နေပြီး ပြုံယမ်းအစိုးရ အနေနဲ့ ရေကြီးရေလျှံခြင်းကြောင့် ပျက်စီးမှုတွေကို သတိပေးချက်အဖြစ် ကြေငြာထားပါတယ်။

 မြောက်ကိုရီးယားကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက်မှာ အဲဒီမုန်တိုင်းဟာ အပူပိုင်းမုန်တိုင်း ငယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့တာပါ။ 

မုန်တိုင်းနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားစစ်တပ်နဲ့ အာဏာရပါတီတို့ဟာလည်း မုန်တိုင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ အကျိုးဆက်တွေနည်းပါရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

မုန်တိုင်းကြောင့် တောင်ကိုရီးယားနိုင်ငံမှာလည်း အချို့သောနေရာတွေမှာလည်း အမြင့်ဆုံး မိုးရေချိန် ၄၀၀ မီလီမီတာ အထိရွာသွန်းထားခဲ့ပြီ ကျေးရွာတွေ၊ ကျောင်းတွေနဲ့ လမ်းတွေမှာ ရေလွှမ်းမိုးသွားခဲ့ပါတယ်။ 

လူပေါင်း ၁၆၀၀၀ နီးပါးက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လေကြောင်းပြေးဆွဲမှု ၄၅၀ ကျော်နဲ့ ရထားခရီးစဉ် ၄၅၀ ကိုလည်း ဖျက်သိမ်းခဲ့ရတာပါ။ 

ဒါ့အပြင် တောင်ကိုရီးယားမှာ ပြုလုပ်မယ့် လူငယ်ပေါင်း ၃၇၀၀၀ ကျော်ပါဝင်တဲ့ စုဝေးလှုပ်ရှား မှုတစ်ခုကိုလည်း ရွှေ့ဆိုင်းခဲ့တယ်လို့ သိရပါတယ်။ 

မြောက်ကိုရီးယားအာဏာပိုင်တွေ ရာသီဥတုဘေးအန္တရာယ်အတွက် ဆွေးနွေးကြသလိုပဲ တောင်ကိုရီးယား သမ္မတအနေနဲ့လည်း မုန်တိုင်းကြောင့် ထိခိုက်ခံရသူတွေကို အမြန်ဆုံးနဲ့ လုံလောက်မှုအရှိဆုံး ဖြစ်အောင် ထောက်ပံ့ပေးဖို့၊ ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းနေထိုင်သူတွေ အတွက် အဆင်မပြေမှုလျော့နည်းပါးအောင် စီစဉ်ဆောင်ရွက်ပေးဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင် ခဲ့ပါတယ်။

 မြောက်ကိုရီးယားနိုင်ငံမှာ အခြေခံအဆောက်အအုံတွေချို့တဲ့မှုနဲ့ သစ်တောပြုန်းတီးမှုတို့ကြောင့် ရေလွှမ်းမိုးမှု အန္တရာယ်က ပိုမိုဆိုးရွားနေပြီး မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံကာ ပျက်စီးသွားတဲ့ ကောက်ပဲသီးနှံတွေကို ရိတ် သိမ်းနိုင်ဖို့ ကြိုးပမ်းနေကြရတာပါ။ 

မြောက်ကိုရီးယား တာဝန်ရှိသူတွေဟာ အချိန်နဲ့တပြေးညီ သဘာဝဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ရေးစနစ်ကို အကောင်အထည်ဖော်ဖို့နဲ့ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ အစီအစဉ်တွေချမှတ်နိုင်ဖို့လည်း တာဝန်ရှိသူတွေက အမိန့်ပေးခဲ့တယ်လို့ အာဏာရပါတီရဲ့ တာဝန်ရှိသူတေစ်ဦးကပြောကြားခဲ့ပါတယ်။

 Ref: Reuters/ga

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.