ကိုရီးယားကျွန်းဆွယ်မှာ အပူပိုင်းမုန်တိုင်းအပြီး ရေလွှမ်းမိုးမှုအပျက်အစီးတွေအတွက် တောင်နဲ့ မြောက်ကိုရီးယားအစိုးရတို့ ရုန်းကန်နေကြရ
ဆိုးလ်၊ သြဂုတ်(၁၃) ကိုရီးယားကျွန်းဆွယ်မှာ တိုက်ခတ်နေတဲ့ အပူပိုင်းမုန်တိုင်း ခါနွန်ကြောင့် မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား တို့မှာ မိုးသည်းထန်စွာရွာသွန်းမှု ဆက်လက်ဖြစ်ပေါ်နေပြီး ပြုံယမ်းအစိုးရ အနေနဲ့ ရေကြီးရေလျှံခြင်းကြောင့် ပျက်စီးမှုတွေကို သတိပေးချက်အဖြစ် ကြေငြာထားပါတယ်။ မြောက်ကိုရီးယားကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက်မှာ အဲဒီမုန်တိုင်းဟာ အပူပိုင်းမုန်တိုင်း ငယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့တာပါ။ မုန်တိုင်းနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားစစ်တပ်နဲ့ အာဏာရပါတီတို့ဟာလည်း မုန်တိုင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ အကျိုးဆက်တွေနည်းပါရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့…