Ukrainian servicemen prepare an AN/TWQ-1 Avenger mobile air defence missile system for work during their combat shift, amid Russia's attack on Ukraine, outside of Kyiv, Ukraine June 16, 2023. REUTERS/Anna Voitenko

ကီးယက်- ဩဂုတ်(၈) 

ရုရှားလေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားတွေနဲ့ လူနေအိမ်အဆောက်အအုံတွေကို ပစ်မှတ်ထားနေပေမယ့် အမေရိကန်နဲ့ ဂျာမန်တို့ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ထိရောက်တဲ့ကာကွယ်မှုတွေပးထားတယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။

တစ်ပတ်အတွင်း(၃)ကြိမ်မြောက် တိုက်ခိုက်မှုအဖြစ် မော်စကိုမြို့ကို ဦးတည်သွားတဲ့ မောင်းသူမဲ့ လေယာဉ်ကို ပစ်ချခဲ့တယ်လို့ ရုရှားက ထုတ်ပြန်ထားပေမယ့် နှစ်ဖက်လုံးက တာဝန်ရှိသူတွေက တော့ ခရိုင်းမီးယားကို ပြည်မကြီးနဲ့ ဆက်သွယ်ထားတဲ့ တံတားနှစ်စင်းလုံး တိုက်ခိုက်ခံခဲ့ရတယ် လို့ဆိုထားပါတယ်။ 

ယူကရိန်းနိုင်ငံဟာ ရုရှားကျူးကျော်မှုနောက်ပိုင်း တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ရုရှားတပ်တွေကို ဖယ်ရှားဖို့ ကြိုးပမ်းနေချိန် စစ်ပွဲကို ပံ့ပိုးပေးတဲ့ တပ်ဖွဲ့ဝင်တွေ၊လက်နက်တွေနဲ့ အခြေခံ အဆောက်အအုံတွေကို အပြန်အလှန် တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေတာပါ။

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ယူကရိန်းဆီက ရုရှားသိမ်းယူထားတဲ့ ကျွန်းဆွယ်ကို ချိတ်ထားတဲ့ တံတားတစ်စင်းကလည်း ဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့တယ်လို့ ခရိုင်းမီးယား အကြီးအကဲက ပြောခဲ့ပါတယ်။

ဒါ့အပြင် ဟန်နီးချပ်မြို့အနီးက ခရိုင်းမီးယားနဲ့ ရုရှားတို့ သိမ်းပိုက်ထားတဲ့ ယူကရိန်းပြည်မကြီးရဲ့ အစိတ်အပိုင်းကို ဆက်သွယ်ထားတဲ့ လမ်းသုံးလမ်းထဲက တခြားလမ်းအပေါ် အမြောက်ကျည် ကျကာ အရပ်သားယာဉ်မောင်းတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရုရှားခန့်အပ်ထားတဲ့ အကြီးအကဲက ဆိုပါတယ်။ 

ယူကရိန်းကို ထောက်ပံ့ထားတဲ့ အမေရိကန်က ပက်ထရွိုက်နဲ့ ဂျာမနီရဲ့ IRIS-T အပါအဝင် အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ အလွန်ထိရောက်တယ်လို့ သက်သေပြခဲ့ ပြီး သိသာထင်ရှားတဲ့ ရလဒ်တွေကို ရရှိနေပြီလို့ သမ္မတဇယ်လန်းစကီးရဲ့ ရုပ်သံမိန့်ခွန်းမှာပြောခဲ့ ပါတယ်။ 

လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာလည်း ယူကရိန်းဟာ ရုရှားရဲ့ တိုက်ခိုက်မှုတွေက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုကို ပစ်ချခဲ့ပြီး အမျိုးအစားမျိုးစုံ ဒုံးကျည်(၆၅) စင်းနဲ့ ရှာဟက်(၈၇) စင်း အပါအဝင် ချေမှုန်းရေးဒရုန်း(၁၇၈) စင်းတို့ပါဝင်တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာ ရုရှားက ဒုံးကျည်အစင်း(၃၀) နဲ့လေကြောင်းတိုက်ခိုက်မှု(၄၈) ကြိမ်ပြုလုပ်ခဲ့တယ် လို့ ယူကရိန်းစစ်တပ်က ပြောခဲ့ပါတယ်။ 

“ကံမကောင်းစွာဖြင့် အရပ်သားများကြားတွင် ထိခိုက်သေဆုံးမှုများနှင့် ဒဏ်ရာရရှိမှုများ ရှိနေပြီးတော့ လူနေအိမ်အဆောက်အအုံများနှင့် အခြားအရပ်ဘက်အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရသည်” လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ခါကိဗ်ဒေသအရှေခြမ်းမှ(၁၀)မိုင်အကွာရှိ သွေးသွင်းစင်တာတစ်ခုမှာ စနေနေ့နှောင်းပိုင်းက ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဇယ်လန်းစကီးက ပြောပြီးနောက် အဲဒီတိုက်ခိုက်မှု နောက်ဆက် တွဲဖြစ်ပွားတာဖြစ်တယ်လို့ ဆိုထားသလို အဲဒီတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ဖော်ပြ ထားပါသေးတယ်။

ယူကရိန်းကို အပြည့်အဝကျူးကျော်ဝင်ရောက်မှုမှာ အရပ်သားတွေ ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာ ဆေးရုံတွေကို တမင်ပစ်မှတ်ထားတာကို ရုရှားက ငြင်းဆိုထားပြီး လူထောင်ပေါင်းများစွာသေ ဆုံးကာ သန်းနဲ့ချီတဲ့ လူတွေထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မြို့တွေကိုလည်း ဖျက်ဆီးခဲ့တာဖြစ် တယ်လို့ သိရပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.